Aug 3, 2008

မျက်ဖြေ



















အနီးဆုံး စကြာဝဠာကို သွားရင်တောင်
နှစ်တွေထောင်ချီပြီး ကြာတယ်တဲ့..
အလင်းနှစ်တွေ ပုခုံးပိုးလို့
အဲလိုမျိုး
မင့်ကို ချစ်ခဲ့တယ်

ငါ့ စာမျက်နှာတွေအတွက်
နိုးထလာတဲ့ မင့် နံနက်
အဓိပ္ပါယ်ရှိမှုနဲ့ ပြည့်နှက်စေပါ့မယ်၊

ငှက်ကလေးသုံးကောင်
မင့် ပြူတင်းပေါက်ဘောင်မှာနားဖို့
ငါ စေလွှတ်ခဲ့တာပေါ့
သူတို့ကို တေးဆိုပါစေကွယ်။

လေးဖြူရဲ့သီချင်း
လေငြင်းသယ်လာတယ်
-ဘယ်ဆီကို ရောက်ရောက်
ဘာတွေကို လုပ်လုပ်
အတွေးထဲ အမြဲတမ်း မင်းဝင်နေတယ်-

ဒဏ်ရာတွေ ဘယ်လောက်များများ
နှလုံးသားကတော့
မင့်ကို သယ်ပိုးထားပါတယ်။

တခါတခါလည်း
ငါဟာ အတ္တကြီးလွန်းတယ်
ပင်လယ်ကြီးတခုလုံးကိုတောင်
ကုန်သွားအောင် သောက်ချင်နေတာ
ငါပေါ့။

ပြီးတော့မှ
မုန်တိုင်းထန်တဲ့ပင်လယ်ကို
မိုးချုပ်မှောင်ရီထဲ ပြန်ရှာရင်း
လွမ်းပြီးရင်းလွမ်းနေတတ်တာပေါ့။

ATN

9 comments:

  1. -ဘယ်ဆီကို ရောက်ရောက်
    ဘာတွေကို လုပ်လုပ်
    အတွေးထဲ အမြဲတမ်း မင်းဝင်နေတယ်-

    ရောဂါမသေးဘူးပဲ အစ်ကိုရ မျက်ဖြေ ဆိုတော့တော်သေးတယ် ဖြေနိုင်အောင် ဘီယာနဲ့ မျှောလိုက်း)

    ReplyDelete
  2. အား..ပင်လယ်တစ်ခုလုံးကုန်အောင်သောက်မလို့လားဟင်.
    :P


    ဒဏ်ရာတွေ ဘယ်လောက်များများ
    နှလုံးသားကတော့
    မင့်ကို သယ်ပိုးထားပါတယ်။

    ဂွတ်တယ် :)်

    ReplyDelete
  3. မုန်တိုင်းထန်တဲ့ ပင်လယ်ကို မိုးချုပ်မှောင်ရီထဲမှာ
    ပြန်ရှာဦးမယ်ဆိုတော့ အင်း......

    "အလင်းနှစ်တွေ ပုခုံးပိုးလို့
    အဲလိုမျိုး
    မင့်ကို ချစ်ခဲ့တယ်"

    အမျက်ပြေရုံတင်မကဘူး။ ချက်ချင်းကို ဒူးထောက်ပြီး
    ကြွေလောက်တယ်။ ။ ။

    ReplyDelete
  4. ဒဏ်ရာတွေ ဘယ်လောက်များများ
    နှလုံးသားကတော့
    မင့်ကို သယ်ပိုးထားပါတယ်။
    ဒီအပိုဒ်လေးကိုကြိုက်တယ်။

    ReplyDelete
  5. သူတည်းတယောက်
    ဖတ်ဘို့ရောက်မူ
    သူတယောက်မှာ
    ရေးလင့်ကသာ
    အိုကဗျာတည်း…။

    ReplyDelete
  6. ကဗျာလေး ကြိုက်တယ် အစ်ကို။ မနေ့ ကတည်းက ဖတ်ပြီးသား။ စာမူခ အပေးနောက်ကျသွားတယ် :P

    ReplyDelete
  7. Really nice poem with a lovely sounds.

    ReplyDelete
  8. ငှက်ကလေး ၃ ကောင် တေးသီကြွေးမဲ့
    ပြူတင်းပေါက်ပိုင်ရှင်လေး ရေ....
    ...အား ကျ လိုက်ပါ ဘိတော့...
    ...
    မေတ္တာစွမ်းအားတွေ နဲ့ တင်းကြမ်းပြည့်ပြီး
    လှပ သိမ်မွေ့ လွန်းတဲ့ ကဗျာလေး
    ဟိုတုန်းက သိပ်သတိမထားမိခဲ့ ပေမဲ့
    ကဗျာဆရာ့ အကြိုက်ဆိုလို့ သွားပြန်မိတာ..
    ...
    တကယ် ကြိုက်ပါတယ်....

    ReplyDelete
  9. ပထမတပိုဒ်မှာတင် တော်တော်သဘောကျသွားတယ်

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...