Aug 8, 2008

နှစ်ပေါင်း နှစ်ဆယ်



နှစ် ၂၀ အတွင်းမှာ
ဖြည်းဖြည်းချင်းနဲ့
ဆံပင်တွေ ဖြူ..ဖြူ...လာတယ်တဲ့

ဖြူပါစေ... ဖြူပါစေ... ညီလေးရေ...
အဖြူတွေ... များ...များ...လာမှ
အမည်းတွေ... နည်း...နည်း...သွားမှာလေ

ATN

(ဆံပင်တွေ ဖြူလာတဲ့ ညီလေးဖတ်ဖို့)

13 comments:

  1. ဆံပင်တွေဇြူလာတဲ့ညီလေးဖတ်ဖို့ ...ဆိုတော့
    ကျနော့်ကိုပြောတာနဲ့ တူတယ်...ဟား...ဟား...

    ReplyDelete
  2. ကိုငြိမ်းက ဖြူ ပြီးသားဆိုတော့ ကိုငြိမ်းမပါဘူး။း)

    ReplyDelete
  3. အဘကတော့ ဆေးဆိုးတယ်ကွယ်။ အသက် ၇၀ ကျော်တာတောင် မည်းတုန်း။ လူကော စိတ်ကော ဆံပင်ကော။

    ReplyDelete
  4. သိပါတယ် အဘရယ်
    အဘလည်း မပါပါဘူးး)

    ReplyDelete
  5. အန်ကယ် ကျနော်မဟုတ်တာတော့ သေချာတယ် .... ညီလေးတောင်ဆံပင်ဖြူနေပြီဆိုတော့ အန်ကယ်လည်းဖြူပြီးပေါ့ဗျ :P

    ReplyDelete
  6. ဗိုလ်သန်းရွှေလည်း နေမိမင်းကြီးလို ဆံပင်ဖြူမြင်ရင် သံဝေဂ ရပြီး ထီးနန်းစွန့် တောထွက်သွားမိမှာစိုးလို့ အဖြူကို အနက်ဆိုးနေရဟန်တူရဲ့။
    ကျနော်တို့ ခေါင်းမှာတော့ တဖြည်းဖြည်း အဖြူတွေ မင်းမူလာပြီ။

    ReplyDelete
  7. ဖြူလာလေလေ ကောင်းလေလေပါပဲ ကိုပေါရေ့း)

    ReplyDelete
  8. လူသိမှာဆိုးလို့ မွေးနေ့တောင် မလုပ်တာကြာပီ..

    ReplyDelete
  9. ကျွန်တော်တော့ မဖြူသေးဘူးအစ်ကို။ မှန် မကြည့်လို့ မသိတာလည်း ဖြစ်နိုင်င်တယ်။

    ReplyDelete
  10. ညီလေးတွေပဲ ညီမလေးတွေပါဘူးပေါ့။ ရပါတယ်လေ။

    ReplyDelete
  11. မောင်မျိုးလည်း ဖြူစပြုနေပါပြီ အန်ကယ်တွေ့လိုက်တယ်

    ကောင်းကင်ကိုရေ့ ညီလေးလည်း ဆိုတာ မင်းကို ပြောနေတာ။

    မပန်ရေ့ ညီမလေးတွေကိုတော့ ထည့်မပြောရဲဘူးဗျ
    စိတ်ဆိုးမှာ စိုးလို့း)

    ReplyDelete
  12. ကိုဝင်းဇော်ရေ့ ကျားပုံတွေ့မှ မှတ်မိတယ်
    ဆံအင်ဆေးဆိုးရင် အဖြူရောင်ပဲဆိုးနော်း)

    ReplyDelete
  13. ကိုအောင်ရေ..
    ဖြူလာတယ်ဆိုလို့ အရောင်တွေတော့ မဆိုးလိုက်ပါနဲ့
    စပ်ထည်ကြီးဖြစ်နေလို့ ကြည့်မကောင်းပဲနေမယ်
    အဖြူတွေများလာတာ ကောင်းပေမဲ့ သန်းတွေ ဘောက်
    တွေကိုတော့ ဂရုစိုက်ဖို့လိုမယ်နော်.. အဲဒီ အတွက်တော့
    ဘီးစိတ် တခုတော့ ဆောင်မှဖြစ်မယ်

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...