Aug 2, 2008

ပုရွက်ဆိတ်တကောင်ရဲ့ ဖွင့်ဟ၀န်ခံချက်















သူလို ကိုယ်လိုပါပဲ
ပုရွက်ဆိတ်တွေထဲက တကောင်ပေါ့။

အစာရှာတယ်၊ အစာစားတယ်
အိပ်စက်တယ်၊ နိုးထတယ်
လှုပ်ရှားတယ်၊ ရုန်းကန်တယ်
ဝမ်းသာတယ်၊ ၀မ်းနည်းတယ်
ပြည့်စုံတယ်၊ ချို့တဲ့တယ်
ရွေ့လျားတယ်၊ ရပ်တန့်တယ်
ပွင့်လင်းတယ်၊ လျှို့ဝှက်တယ်
ရိုးသားတယ်၊ ကောက်ကျစ်တယ်
အဓိပ္ပါယ်မဲ့တယ်၊ အဓိပ္ပါယ်ရှိတယ်
ဖြောင့်တန်းတယ်၊ ကွေ့ကောက်တယ်
တိမ်တွေ ဖြစ်ချင်တယ်၊ တိမ်တွေ မဖြစ်ချင်ဘူး
လင်းတဲ့အခါ လင်းတယ်၊ မှောင်တဲ့အခါ မှောင်တယ်
နီတဲ့အခါ နီယုံလေးနီပြီး ပြာတဲ့အခါ အစွမ်းကုန်ပြာတယ်
ဘုရားတွေကို ချစ်ချင်တဲ့အခါချစ်ပြီး မုန်းတဲ့အခါ အရမ်းမုန်းတယ်။

အထက်ဖော်ပြပါအားလုံးသည်
ကျွန်ုပ်၏ ၀န်ခံချက်များ ဖြစ်ပါကြောင်း။

ATN

3 comments:

  1.ို လောကကြီးကို ချစ်ချင်တဲ့အခါချစ်ပြီး မုန်းတဲ့အခါ အရမ်းမုန်းမယ်....ဟုတ်တယ် ခံစားချက်တွေတိုက်ဆိုင်တယ် အစ်ကို

    ပုရွက်ဆိတ်တွေထဲက
    ပုရွက်ဆိတ်တစ်ကောင် :)

    ReplyDelete
  2. စိတ်ဓာတ်ကျတဲ့အခါကျမယ်
    အားတက်ရင်လည်းတက်မယ်
    ပုရွက်ဆိတ်လေးတစ်ကောင်ပါပဲ....

    ReplyDelete
  3. I really love this one. I appreciate your work.

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...