Sep 6, 2008

အစိမ်းရောင်ပေါ် ချော်ကျခြင်း




















လေစိမ်း နေစိမ်း တိမ်တွေစိမ်းတဲ့
ကောင်းကင်အစိမ်းရောင်အောက်မှာ -

နေ့စိမ်း ရက်စိမ်း နာရီစိမ်းတဲ့
ရာသီအစိမ်းထောင့်ထဲမှာ -

စမ်းစိမ်း လမ်းစိမ်း ပန်းတွေစိမ်းတဲ့
ရနံ့စိမ်းစိမ်းမြေပေါ်မှာ -

သောင်စိမ်း ကမ်းစိမ်း နဒီစိမ်းတဲ့
ပင်လယ်အစိမ်းသေထဲမှာ -

ရေစိမ်း မြေစိမ်း အကြည့်စိမ်းတဲ့
သူစိမ်းတွေရဲ့နယ်ပယ်မှာ -

ကြယ်စိမ်း မြူစိမ်း လရောင်စိမ်းတဲ့
ညမှောင်စိမ်းစိမ်းအလယ်မှာ -

အနေအထိုင် မတတ်တဲ့
ခပ်ကြောင်ကြောင်ပြက္ခဒိန်လေ
အစိမ်းရောင်အတွန့်အခေါက်တွေအပေါ်
မှောက်လျက်သား ချော်ကျခဲ့တာ
အသေအချာပေါ့ -----

ATN
(စက်တင်ဘာ ၁၊ ၂၀၀၈)

8 comments:

  1. ဖတ်ရတာ အရသာ ရှိလိုက်တာ အကိုရေ.....

    ReplyDelete
  2. ခေါင်းစဉ်လေးကို စိတ်ဝင်စားလို့
    ကဗျာလေးလဲ မိုက်တာပဲ အစ်ကိုရ

    ReplyDelete
  3. ပုံကော၊ ကဗျာ နဲ့ စာ အရမ်းလိုက်တာပဲဗျာ ရေစိမ်း မြေစိမ်း အကြည့်စိမ်းတဲ့
    သူစိမ်းတွေရဲ့နယ်ပယ်မှာ - တစ်ယောက်တည်းယောင်လည်လည် ................။

    ReplyDelete
  4. အိမ်အသစ်ပြောင်းတော့ နယ်မြေအသစ် အစိမ်းမို့ ဒီကဗျာလေး ရေးဖြစ်တာများလား။ ကောင်းပါပေ့။

    ReplyDelete
  5. ကိုအောင်သာ.....
    ပြန်လာပြီဆိုတာသိလို့ ဝမ်းသာတယ်....
    ကျနော့်ဆီလာလည်သွားတာလည်း ကျေးဇူးတင်ပါတယ်.....
    ပန်းချီသမားချင်းမို့ ဆက်သွယ်ချင်နေတာ...
    အရင်ကကိုယ်ပိုင်ဘလော့ မရှိသေးလို့ .....
    အခတော့ လင့် ထားလိုက်တော့မယ်
    ခွင့်ပြုပါ....။

    ReplyDelete
  6. စုတ်ချက် effect က photoshopပဲလား
    အစိမ်းတွေ..ထိထိမိမိ....အစိမ်းတွေ..ကဗျာထဲမှာ

    ReplyDelete
  7. လူစိမ်း ကြီးဖြစ်မသွားတာပဲ ကျေနပ် ပါတယ် အကိုရာ...း) ..

    အိမ်ပြောင်းတာ တော်တော်ကြာတာကိုး..
    ပြန်ရောက်လာတာ ဝမ်းသာတယ်ဗျို့..။

    welcome back bro...

    ReplyDelete
  8. ကဗျာလေး ခံစားသွားတယ် အစ်ကို၊ ကျောင်းထဲမှာ ဘလော့စပေါ့ကို ဘန်းထားတယ်ဗျာ။ ကျော်တဲ့ ဆိုဒ်တွေနဲ့ ဝင်ကြည့်ရတယ်။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...