Sep 9, 2008

အမွေ



















တိမ်ကောခဲ့တယ်
သွေးကြော တချို့ .....

ကျောက်ဖြစ်ခဲ့တယ်
ဦးနှောက် တ၀က် .....

ကျိုးကျန်ခဲ့တယ်
တောင်ပံ တပိုင်း....

နံရံဟိုတဖက်မှာတော့
နဂိုရ်အတိုင်းရှိနေသေးတာ
သေဆုံးမသွားနိုင်တဲ့
နှလုံးသားတခု
မေတ္တာကို ပြုစုမလို့ဆိုပဲ ....

ATN

7 comments:

  1. နံရံဟိုတဖက်u
    သေဆုံးမသွားနိုင်တဲ့
    နှလုံးသားတခု ပုံထဲမှာ သေသေချာချာ ရှာသွားတယ် အန်ကယ်း)

    ReplyDelete
  2. နှလုံးသား တစ်ခုလုံးနဲ့ ကဗျာကို ခံစားသွားတယ်အစ်ကို။

    ReplyDelete
  3. သက်ပြင်းတော့ ချနိုင်ပါသေးရဲ့ ...
    ကျောက်ဖြစ်ရုပ်ကြွင်း....မဖြစ်မှီ..။
    ......
    .......
    နက်တယ် ..ကိုအောင်သာရေ..။

    ReplyDelete
  4. >>နှလုံးသားတခု
    >>မေတ္တာကို ပြုစုမလို့ဆိုပဲ ..
    နှလုံးသားနဲ့ မေတ္တာ က အမြဲတွဲလျှက်ပါပဲ။

    ReplyDelete
  5. အဲဒီ နှလုံးသားမှာ ဘာဒဏ်ရာ ဒဏ်ချက် မှ မတင်ကျန်ခဲ့ဘဲ မေတ္တာချည်းသက်သက် ပြုစုနိုင်ပါစေ..

    ReplyDelete
  6. လာလည်တယ် အစ်ကိုး-)

    ReplyDelete
  7. တူမောင်မျိုး - ကွန်မန့်အတွက် ကျေးဇူး။
    ညီလေးကောင်းကင်ကို - နှလုံးချင်းတူနေကြပြီထင်ပါ့။
    ကိုသစ်နက်ဆူး - ကျနော်ကတော့ သက်ပြင်းကို မချရဲသေးဘူး။
    ပန်းခရမ်းပြာ - နှလုံးသားနဲ့မေတ္တာ တွဲလျက်ရှိနေပါသေးတယ်။
    ညီမငယ်ချိုသင်း - ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...