Sep 21, 2008

ပထမဆုံးများ

ခုတလော ဘ၀မှာ အပြောင်းအလဲတွေက များနေလေတော့ စိတ်တွေကလည်း မငြိမ်မသက်ဖြစ်နေပါတယ်။ ဟိုတွေးလိုက် သည်တွေးလိုက်။ ဟိုကိစ္စ ပူ၊ သည် ကိစ္စ ပူနဲ့ လူလည်း အူကြောင်ကျားနဲ့ ဂေါက်ချင်လာတယ်။ သည်တော့ တခုခုတော့ စိတ်အပြောင်းအလဲ ဖြစ်အောင် လုပ်ဦးမှပါပဲလို့ စဉ်းစားမိရင်း ဘ၀မှာ ပထမဆုံးတွေကို သွားစဉ်းစားမိတာနဲ့ ပေါ့ပေါ့ပါးပါးလေးတွေ ရေးချင်စိတ်ကလေး ပေါက်လာလို့ ချရေးလိုက်မိပါတယ်။

ပြီးရင်တော့ ခင်မင်ရာ သယ်ရင်းတွေအားလုံးကို Tag မှာ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါး ခံစားကြပါလေကုန်။

ပထမဆုံးတက်ရသည့် ကျောင်း - အ.မ.က.(၁၃) တောင်ဥက္ကလာ။

ပထမဆုံးတက်ရသည့် အတန်း - သူငယ်တန်း (က) (သူငယ်တန်း - ၅ ခန်း ရှိပါသည်)

ပထမဆုံး အတန်းပိုင်ဆရာ - ဆရာ ဦးအေးသောင်း။

ပထမဆုံးသော သူငယ်ချင်း (ယောက်ျားလေး)- တင်မောင်ဝင်း (ကျနော်က သူ့ကို ကုလားကြီးလို့ ခေါ်တယ်။ အသားမဲလို့)

ပထမဆုံးသော သူငယ်ချင်း (မိန်းကလေး) - သီသီမာ (သူ့ကို မျက်လုံးပြူးလို့ ငပြူးမလို့ ကျနော် ခေါ်ပေမယ့် စိတ်မဆိုးရှာပါဘူး)

ပထမဆုံး ဖတ်ရသော စာအုပ် (ဖတ်မိသမျှစာအုပ်များထဲမှ မှတ်မိသော) - တရုပ်ပြည်သူ့ သူရဲကောင်းများ (တင်ထွေး ရေးတယ်လို့ထင်ပါတယ်။ မသေချာပါ)

ပထမဆုံး ပျော်ပျော်ရွှင်ရွှင် ဖတ်မိသည့် ကျောင်းစာ (မှတ်မိသမျှ) - လူအများ စုဝေးနေကြသည် မီးရထားက မလာသေး (ခု ကျနော်တို့ ခံစားနေရတာတွေကို အဲတုန်းကတည်းက ရေးထားလေသလား)

ပထမဆုံး ရဖူးသောဆု - ပဉ္စမတန်း ပညာရည်ချွှန်ဆု (ကြွားတာ မဟုတ်ပါဘူး။ တကျောင်းလုံးမှာ ပထမဆု ရခဲ့တာကို အမှတ်တရဖြစ်နေလို့)

ပထမဆုံး စီးရသော ဘတ်စ်ကား - မ.ထ.သ. (၁၅) ကား။ (အလယ်တန်းစတက်တော့ ပထမဆုံးအကြိမ် ဘတ်စ်ကားစီးဖူးခြင်း)

ပထမဆုံး ဆိုခဲ့သော သီချင်း - အာလူး လာမပေးနဲ့ (အာလူးလာမပေးနဲ့ လေ နည်းနည်းလျှော့၊ ညာပြီး လာမလှိမ့်နဲ့ လေနည်းနည်းလျှော့၊ ဖြေးဖြေးပေါ့ --- အစချီသော သီချင်းဖြစ်ပါသည်)

ပထမဆုံး ရေးခဲ့သော ရည်းစားစာ - သိပ်ချစ်တယ်၊ အဖြေပေးပါ၊ စာပြန်နော်။ (ထွေထွေထူးထူး မရေးတတ်ဘူး အဲသည်တုန်းက)

ပထမဆုံး ကဗျာ - အတွေးတစဟာ ကာရန်တခုပေါ့ အတွေးပေါင်းများစွာ ကာရန်ပေါင်းများစွာ ကဗျာတပုဒ်။
ဆေးလိပ်တဖွာဟာ ကာရန်တခုပေါ့ အဖွာပေါင်းများစွာ ကာရန်ပေါင်းများစွာ ကဗျာတပုဒ်။
အပြစ်ယူမဆုံးတဲ့ ချစ်သူ့ အမုန်းကျတော့ အတွေးပေါင်းများစွာ ကာရန်ပေါင်းများစွာ ကဗျာတပုဒ်ပြီးတပုဒ် မပြီးနိုင် မစီးနိုင် ....

ပထမဆုံးရောက်ခဲ့သော အခြားမြို့ - ပဲခူး (ကျနော်က ရန်ကုန်သား)

ပထမဆုံးရောက်ခဲ့သော နိုင်ငံရပ်ခြား - ထိုင်းနိုင်ငံ

ပထမဆုံး သောက်ဖူးသော ဆေးလိပ် - ငွေတောင်။

ပထမဆုံး သောက်ဖူးသော အရက် - အာမီရမ် (Army Rum) (ဦးလေး၂ ယောက်က စစ်ဗိုလ်တွေ)

ပထမဆုံး ပစ်ဖူးသော သေနတ် - AK-47 (ချက်ကိုဆလိုဗက် version ပါ)

ပထမဆုံး ဘလော့ပို့စ် - သိမ်းဖျောက်ထားတဲ့တောင်ကြား

ကျနော့်ပထမဆုံးနဲ့ သယ်ရင်းများရဲ့ ပထမဆုံးတွေက တူချင်မှလည်း တူမှာပါ။ အဲတော့ ရေးချင်ရင် ကိုယ့်ပထမဆုံးတွေကို ကိုယ်အဆင်ပြေသလို ရေးပေးပါလို့ ကျနော် တောင်းဆိုပါတယ်၊

ရေးချင်တာတွေတော့ ရေးပြီးသွားပါပြီ။ အောက်ပါ သယ်ရင်းများအားလုံးကို Tag ပါသည်။
ရေးချင်စိတ်ရှိက ရေးကြပါကုန်၊ ရေးချင်စိတ် မရှိက မရေးကြပါကုန်။

ကိုငြိမ်းဝေ၊(ရေးပြီး) နှင်းခါးမိုး၊ ငြိမ်းချမ်းအောင်၊(ရေးပြီး) ဆောင်းယွန်းလ၊(ရေးပြီး) ပီတိ၊ (ရေးပြီး) ကောင်းကင်ကို၊(ရေးပြီး) ဂျစ်တူး၊(ရေးပြီး) ကလိုစေးထူး၊(ရေးပြီး) ကိုဝင်းဇော်၊ သက်ဝေ၊(ရေးပြီး) ဇာနီဝင်း၊(ရေးပြီး) တောင်ငူသား၊ ခေးအော့စ်၊ တောကျောင်းဆရာ၊ (ရေးပြီး) ကိုမောင်ရင်၊(ရေးပြီး) မခင်မင်းဇော်၊(ရေးပြီး) ကေသွယ်၊(ရေးပြီး) မျိုးဝင်းဇော်၊(ရေးပြီး) မျက်ဝန်းနက်၊(ရေးပြီး) ဇင်ယော်၊ (ရေးပြီး) ကလူသစ်၊ (ရေးပြီး) ကိုအောင်၊(ရေးပြီး) တူမောင်မျိုး၊ (ရေးပြီး) သစ်နက်ဆူး၊(ရေးပြီး) လင်းထက်၊ (ရေးပြီး) မောင်ဖုန်းမြင့်၊(ရေးပြီး) မိုးချိုသင်း၊(ရေးပြီး) ပန်ဒိုရာ၊ (ရေးပြီး) ပန်းခရမ်းပြာ၊ လင်း၊(ရေးပြီး) နိုင်းနိုင်း၊ icn2၊(ရေးပြီး) mirror(ရေးပြီး)

16 comments:

  1. ကိုအောင်သာငယ်က AK-47 ပစ်ဖူးတာမို့ထည့်ရေးထားတာကိုး… ကျွန်တော်ကတော့ လေသေနတ်လောက်ပဲပစ်ဖူးပါတယ်… တက်ဂ်မှတော့ ရေးပေးရမှာပေါ့… မေ့တာတွေလည်းမေ့ကုန်ပြီလေ…လာမယ်ကြာမယ်နော်…

    ReplyDelete
  2. ရေးမယ် အန်ကယ်... ဒီတစ်ခါ ခလေးအတွေးလေးနဲ့ ရေးထားတာ တစ်မျိုးလေးဖတ်လို့ ကောင်းတယ်။

    ReplyDelete
  3. ဟယ်တော့ လက်တောင့်မတို့ ဘူး tag ထားတာကို

    ReplyDelete
  4. ရေးတော့ရေးမယ်နော် အစ်ကိုရေ
    နဲနဲလေးကြာမယ်ဗျာ
    အခုတစ်လော အရှုပ်တွေလုပ်နေလို့ :)

    ReplyDelete
  5. ပျော်စရာတော့ကောင်းတယ်။ ရေးတော့ရေးချင်သား။ ခက်တာက ဘယ်ပထမဆုံးကိုမှ မမှတ်မိတာပဲဗျ။ ဟီး

    ReplyDelete
  6. ပထမဆုံးတွေ ဖတ်သွားတယ် အစ်ကို။ ကျောင်းက အဆိုင်းမန့်  တွေ ပြီးတာနဲ့ ရေးမယ် အစ်ကို။ နေရာသစ်မှာ အသားကျ ပျော်ရွှင်ပါစေ။း-)

    ReplyDelete
  7. ရေးမှာပေါ့။ ဖြေးဖြေးပေါ့ ဘာဖြစ်လို့လဲဆိုတော့ ဥာဏ်သိပ်မကောင်းလို့ မမှတ်မိဘူး။ ပထမဆုံးသောက်တဲ့ အရက်ဆိုတာရော ကျော်သွားလို့ ရလား အဟဲ။

    ReplyDelete
  8. တစ်ခါတလေ ဒီလိုပေါ့ပေါ့ပါးပါးလေး ကောင်းပါတယ်။ ကျနော့်ကိုသတိတယ တဂ်လုပ်ထားတဲ့အတွက် ကျေးဇူးအစ်ကို။ ကျနော်လည်း ပထမဦးဆုံးတွေ ပြန်စဉ်းစားလိုက်ဦးမယ်။ ပျော်ရွှင်ဖွယ်နေ့ရက်တွေ ပိုင်ဆိုင်ပါစေ...

    ReplyDelete
  9. မချိုသင်းပြောသလိုပဲ- သိပ်မမှတ်မိ တော့ဘူး။ ရေးထားဖူးတဲ့.ပထမ အကြိမ်တွေကို..ထပ်ဖြည့်ရေးပေးပါ့မယ်။ ရှာကြံ ဦးဏှောက်စား တဲ့..ပထမဆုံး ဘလော့ ဘော်ဒါကြီးပါလား။း)

    ReplyDelete
  10. အစ်ကိုရေ ပထမဆုံး ရည်းစားစာပဲပါတယ်။ သူ့ အကြောင်းလည်း မပါပါလား။ ဒီလိုကျော်လို့  ရတယ်ပေါ့။ ဟဲဟဲ ရေးမယ်နော်။ ပထမဆုံးတွေ ပြန်စဉ်းစားလိုက်ဦးမယ်။

    ReplyDelete
  11. ငါးတန်းတုန်းက ပထမရတာက Augustine မှာလားအစ်ကို...။ Augustine မှာရတာဆိုရင်တော့ အားလား..လား..။ လက်ဖျားခါတယ်...။ အိ!

    p.s- ပထမရဖို့မပြောနဲ့ Augustine မှာ ၁ ကနေ ၂၀ အတွင်းတောင် တစ်ခါမှမ၀င်ဖူးပါ။ A ခန်းက မကျအောင်တောင် မနဲကျားကန်ဆွဲခဲ့ ရတယ် အစ်ကိုရေ....။

    ReplyDelete
  12. အကိုရေ ပထမဆုံးတွေရေးဖို့အတွက် ဦးနှောက်ကို ပထမဆုံးပြန်စားရဦးမယ်.Tagတဲ့လူက သတိတရနဲ့Tagထားတယ်ဆိုတော့လည်း ရေးရမှာပေါ့ဗျာ..အချိန်တော့နည်းနည်းယူဦးပါရစေ...အကိုပျော်ရွှင်နိုင်ပါစေ

    ReplyDelete
  13. အကိုရေ ပထမတွေကိုပြန်စဉ်းစားတာ ငယ်ငယ်ကဟာတွေ သတိပြန်ရတဲ့အတွက် အကိုကို ကျေးဇူးတင်ပါတယ်

    ReplyDelete
  14. အကိုရေ ..
    ရေးမယ်ခင်ဗျ .. နဲနဲတော့ စောင့်ရမယ် ..
    အလုပ်လည်း နဲနဲရှုပ်နေလို့ .. နောက်ပီး ..
    ဦးနှောက်က သိပ်အလုပ်မလုပ်ချင် ဖြစ်နေတော့ .. ပထမဆုံးတွေကို တော်တော် ပြန်စဥ်းစားယူရမယ် ..။
    :D

    ReplyDelete
  15. Pti - မစ္စတာ ခုထိ မရေးသေးဘူး။ လာပစ်မှာနော်။

    တူမောင်မျိုး - ရေးထားတာလေးတွေ ကောင်းတာပဲဟာ

    လင်း - အရင်ဆုံးရေးတာ လင်းနော် ကျေးကျေး အထူး။

    chaos - ကြာနေတာကို အတော် ကြာနေပြီ။

    ကလူသစ် - မှတ်မိချင်တာတွေတော့လည်း မှတ်မိနေသား

    ကောင်းကင်ကို - နောက်ဆုံးမှ ရေးရင် နိုဘယ်ဆုပေးမယ်း)

    moe cho thin - ရေးပြီးသွားပြီဆိုတော့ ဘာမှ မပြောတော့ဘူးး)

    nyein chan aung - တမူထူးခြားတဲ့ ပထမဆုံးတွေပါညီ

    k - ဒီဘော်ဒါကြီးက အရမ်း သဘောကောင်းတာပါနော်

    ဇင်ယော် - မိန်းမ ဘေးမှာ ရပ်ကြည့်နေတယ်ဟ တိုးတိုးပြော။

    BLACK DREAM - augustine မဟုတ်ဘူး ညီရေ့ ရန်ကင်း အ.လ.က.(၄)

    Saung Yune La (aka) Way - ညီရေးတာလည်း ဖတ်လို့ ကောင်းပါ့။

    MyowinZaw - ပြန်သတိရစရာရှိသည်များအား ပြန်သတိရပါစေ။း)

    ReplyDelete
  16. လာမပစ်ပါနဲ့တော့... ရေးပြီးကြောင်း သတင်းပို့.. အတိုးနဲ့ အကြွှေးဆပ်ထားတယ်.. ;)

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...