
ရခဲ့သမျှကို မကျေနပ်ရင်
ကိုယ့်ကိုယ်ကို သတ်သေလို့ရတယ်
ဒါပေမယ့် ပြန်မွေးလို့တော့ မရဘူး။
တဖက် စောင်းနင်း ကျနေလိုက်ပုံများ
ဘ၀ဟာ .....
လောကကြီး ငါ့ မုန်းနေပုံတော့လား...
လေဖြတ် ပါးတခြမ်းနဲ့
ပြက္ခဒိန်ရွဲ့ရွဲ့ကြီး...
တူရွင်းဖဲ့ခံရတဲ့
ကျောက်တုံးအပဲ့လို....
ငိုရင်တောင် ငိုလို့ ငိုမှန်းမသိ၊
ပြုံးမိရင်တော့ မဲ့ပြုံးကြီးကိုဖြစ်လို့...
တကြိမ်တခါပါပဲ
ချိုသာသော ပျားရည်တစက် တမ်းတမိ
ဓါးသွားပေါ်မှာ လျက်ကြည့်ရမတဲ့
ပက်စက်နေကြပုံကို ပြောပါတယ်....
တော်လောက်ပြီ...
ကောင်းကင်တံခါးကို
ပိတ်ထားလိုက်ပါတော့ကွာ...
ငါ့ အရိပ်ကို ငါပြောရင်း နေရာဟောင်းကို ပြန်ခဲ့တယ်။
နေရာဟောင်းဟာ ငါ့အိမ်ပါပဲ....
နတ်ဆိုးရယ် ကျိန်စာရယ်
ဦးနှောက်မပါတဲ့ နဂါးခေါင်းရယ်
ကဝေရဲ့ ဆယ့်နှစ်ကြိုးတပ် ဗြပ်စောင်းရယ်
အားလုံးကို ငါပေါင်းလိုက်တယ်...
ပြီးတော့
ငါ့တကိုယ်စာ ဟင်းတခွက်
ကောင်းကောင်းကြီး ချက်ခဲ့တာပေါ့။
ATN
ကိုယ့်ကိုယ်ကို သတ်သေလို့ရတယ်
ဒါပေမယ့် ပြန်မွေးလို့တော့ မရဘူး။
တဖက် စောင်းနင်း ကျနေလိုက်ပုံများ
ဘ၀ဟာ .....
လောကကြီး ငါ့ မုန်းနေပုံတော့လား...
လေဖြတ် ပါးတခြမ်းနဲ့
ပြက္ခဒိန်ရွဲ့ရွဲ့ကြီး...
တူရွင်းဖဲ့ခံရတဲ့
ကျောက်တုံးအပဲ့လို....
ငိုရင်တောင် ငိုလို့ ငိုမှန်းမသိ၊
ပြုံးမိရင်တော့ မဲ့ပြုံးကြီးကိုဖြစ်လို့...
တကြိမ်တခါပါပဲ
ချိုသာသော ပျားရည်တစက် တမ်းတမိ
ဓါးသွားပေါ်မှာ လျက်ကြည့်ရမတဲ့
ပက်စက်နေကြပုံကို ပြောပါတယ်....
တော်လောက်ပြီ...
ကောင်းကင်တံခါးကို
ပိတ်ထားလိုက်ပါတော့ကွာ...
ငါ့ အရိပ်ကို ငါပြောရင်း နေရာဟောင်းကို ပြန်ခဲ့တယ်။
နေရာဟောင်းဟာ ငါ့အိမ်ပါပဲ....
နတ်ဆိုးရယ် ကျိန်စာရယ်
ဦးနှောက်မပါတဲ့ နဂါးခေါင်းရယ်
ကဝေရဲ့ ဆယ့်နှစ်ကြိုးတပ် ဗြပ်စောင်းရယ်
အားလုံးကို ငါပေါင်းလိုက်တယ်...
ပြီးတော့
ငါ့တကိုယ်စာ ဟင်းတခွက်
ကောင်းကောင်းကြီး ချက်ခဲ့တာပေါ့။
ATN
ခါးသီးသွားပြန်ပြီလား။။
ReplyDeleteတကိုယ်စာဟင်းတခွက်လည်း တခါတလေ လုစားခံရတတ်တယ်။ ဘယ်လိုလုပ်မလဲ။
ရခဲ့သမျှကို မကျေနပ်ရင်
ReplyDeleteကိုယ့်ကိုယ်ကို သတ်သေလို့ရတယ်
ဒါပေမယ့် ပြန်မွေးလို့တော့ မရဘူး။
တဖက် စောင်းနင်း ကျနေလိုက်ပုံများ
ဘ၀ဟာ .....
ကဗျာကအမိုက်စားပါဘဲအကိုရေ.ကြိုက်တယ်ဗျ..စာမူခ
ပေးစရာမရှိလို့သာပေါ့ဗျာ...
ကဗျာတွေက အမိုက်တွေချည်းပဲဗျို့...
ReplyDeleteဒီကဗျာလေး တော်တော်ကြိုက်တယ် အစ်ကို..
ReplyDeleteအစ်ကိုရေ ဓါးသွားပေါ်က လျက်ကြည့်လို့ မရတဲ့  ပျားရည်တစ်စက်၊ ချိုမှန်းတော့ သိနေလေရဲ့။ အဲဒီပျားရည်စက်ကိုပဲ အခါခါတမ်းတနေမိတဲ့  ကျနော်တို့ အဖြစ်ကတော့ .........................
ReplyDeleteကြိုက်လို့ ကူးသွားပြီဗျာ။
ရခဲ့သမျှကို မကျေနပ်ရင်
ReplyDeleteကိုယ့်ကိုယ်ကို သတ်သေလို့ရတယ်
ဒါပေမယ့် ပြန်မွေးလို့တော့ မရဘူး။
စအဖွင့်ထဲက ကြိုက်တယ် ဒီကဗျာလေး ကျနော့်ကို အားတွေအများကြီးပေးတယ် အန်ကယ် ကျေးဇူးပါ...။
ကောင်းတယ်ဗျာ နမိတ်ပုံတွေထုံမွန်းနေတဲ့ကဗျာ ဒီကဗျာက magic realism ဆန်တယ်ဗျာ
ReplyDeleteအင်နဲ့အားနဲ့ရေးထားသလား သို့မဟုတ်..
ReplyDeleteလမ်းပျောက်ခြင်းများနဲ့ ဝေးရာကိုလျှောက်လှမ်းနိုင်ဖို့အတွက်
အင်အားတွေရလိုက်တယ်အစ်ကို
ဒီအတွက် ကျေးဇူးကုဋကုဋာပါ
ဒီကဗျာလေး အရမ်းကြိုက်တယ် အစ်ကို။
ReplyDeleteကိုအောင်ရေ.....
ReplyDeleteဒီကဗျာကိုတော့ သိမ်းလိုက်ပြီဗျာ....။
ကြိုက်တယ်ဗျာ....။
အကိုရေ ဟင်းကျက် ရင်လဲ ပြောပါဗျာ ညီကိုတွေ စလိုက်ကြရအောင် ...။:P
ReplyDeletepandora - just a poem, nothing else. :)
ReplyDeleteဇင်ယော် - အဖြစ်ချင်းတူနေသမျှ ကူးသွားကြပါစေ။
တူမောင်မျိုး - အားတွေရတာ လွယ်လွယ်ကုကူ မဟုတ်ဘူး ငါ့တူ။
myo win zaw - အမည်ပေးတော့ ဆရာတင်တော့မယ်။
mirror - အင်အား တခု ဖြစ်ညှစ် ထုတ်ခဲ့ရတာ အဓိပ္ပါယ် ရှိသွားတယ်။
ကောင်းကင်ကို - ကျေးဇူး ညီရေ့
thorn museum - ကိုသစ်ရေ့ သိမ်းထားသမျှ လေးတွေ စုပြီး စာအုပ်လည်း ထုတ်ပေးဦး။
လင်းထက် - ဟင်း မကျက်ခင် စမယ်ကွာ။ ဘယ်မလဲ ကိုဖုန်း၊ ဘယ်မလဲ ကိုမျိုးဝင်းဇော်၊ ဘယ်မလဲ ကြယ်ဇင်သွေး၊ ဘယ်မလဲ မှူးဒါရီ၊ ကဲ -- အားလုံးကို ခေါ်တော့။
ဆောရီး ဗျို့ မတော်တဆ ဘော်ဘော် ၃ယောက် ကျန်နေခဲ့တာ။ ခုမှတွေ့လို့ ပြန်ရေးလိုက်တယ်။
ReplyDeleteSaung Yune La (aka) Way - ကွန်မန့်ကလည်း စာမူခပဲလေ ကိုယ့်ညီ။
nyein chan aung - လူလည်း မိုက်ခဲဖြစ်နေပြီ ကိုယ့်ညီ။
ု့khaung - ကြိုက်နှစ်သက်တယ်ဆိုလို့ ၀မ်းသာပါတယ်။
This comment has been removed by the author.
ReplyDeleteကောင်းလိုက်တဲ့ကဗျာလေး
ReplyDelete