Oct 5, 2008

အေးစက်နေသောကဗျာ





















နေ့သစ်တနေ့ပဲ
ကျနော်လည်း နိုးထတယ်။

နှင်းတွေက ကျဆင်းနေတယ်
မနက်ခင်းတောင် အေးစက်စက်ဖြစ်လို့ ....
နေမင်းက သာနေတယ်
အလင်းရောင်တောင် အေးစက်စက်ဖြစ်လို့ ...
ကျနော့်ကဗျာတွေက ရိုးလွန်းတယ်
ကာရန်တွေအားလုံး အေးစက်စက်ဖြစ်လို့...

အေးစက်စက်နဲ့ပဲ
လက်တွေကို အကြောဖြေဆန့်ခဲ့တယ်
ဆန်းဆန်းပြားပြားတွေ ရေးချယ်မလားလို့....

တချို့က ပြောတယ်
ဘ၀မှာ အမောတွေချည်းပဲ မဟုတ်...တဲ့
တချို့က ဆိုတယ်
ဘ၀မှာ အငိုတွေချည်းပဲ မဟုတ်...တဲ့
တချို့က ခနဲ့တယ်
ဘ၀မှာ အမဲ့တွေချည်းပဲ မဟုတ်...တဲ့
တချို့က ပြုံးတယ်
ဘ၀မှာ အမုန်းတွေချည်းပဲ မဟုတ်...တဲ့
တချို့က ညစ်တယ်
ဘ၀မှာ အချစ်တွေချည်းပဲ မဟုတ်...တဲ့
တချို့က ဆဲတယ်
ဘ၀မှာ အလွဲတွေချည်းပဲ မဟုတ်...တဲ့
တချို့က နောက်တယ်
ဘ၀မှာ အကောက်တွေချည်းပဲ မဟုတ်...တဲ့

အိုကေ အိုကီ
အားလုံးကောင်းပါသည် ခင်ဗျား
ဘ၀စကားကို
ခဏထားကြပါဦး
သည်မှာ အေးစက်မှုကို ခံစားလို့ကောင်းနေတုန်း....

ATN

(ပျော်ရွှင်စရာ ကဗျာလေးတွေ ဖတ်ချင်ပါတယ်ဆိုတဲ့
ကျနော့်ရဲ့ ဘလော်ဂါဘော်ဘော်ကြီးအတွက် ရေးဖွဲ့ပါသည်)

6 comments:

  1. အကိုကြီး အပျော်တွေက လဲ အေးစက်စက်ကြီး ဖြစ်နေပါလား ..း)

    ReplyDelete
  2. အကုန်လုံး အကောင်းချည်းပဲ...
    စွတ်မြင်နေ တာ ကျတော့လည်း..
    ..... အေးစက်လွန်းနေ သလားလို့ ....

    ...လောကလမ်း ကဗျာ တုန်းက
    ရေးမိတဲ့ Comment အတွက်
    မကျေမနပ် ရေးတာတော့ မဟုတ်လောက်ပါဘူးနော်..။

    ReplyDelete
  3. ဘ၀မှာ ဘယ်အရာမှ အမြဲတမ်း မဟုတ်..။

    ReplyDelete
  4. အိုကေ အိုကီ
    အားလုံးကောင်းပါသည် ခင်ဗျား
    ဘ၀စကားကို
    ခဏထားကြပါဦး
    သည်မှာ အေးစက်မှုကို ခံစားလို့ကောင်းနေတုန်း....

    ဆိုတော့ ဘီယာ အေးအေး လေး ခံစားနေတယ် ထင်ပါ့....

    ReplyDelete
  5. ဖုန်းမြင့် - ဘီယာသောက်ပြီး ပျော်နေတာကိုး ဟ

    MaMa - အထင်မလွဲပါနဲ့ဗျာ အဲလိုလည်း မဟုတ်ရပါဘူး။ တချို့ကဗျာတွေက ၀င်ကစွပ်ကောင်လေးတွေပါး)

    Moe Cho Thinn - တရားသဘောပေါ့ ညီမရေ့

    လင်းထက် - ကိုယ့်ညီရာ သိလျက်သားနဲ့း)

    ReplyDelete
  6. အကိုရဲ့အေးစက်တဲ့ကဗျာကိုနွေးထွေးတဲ့နှလုံးသားနဲ့နှစ်
    သက်စွာဖတ်သွားပါတယ်အကိုရေ...

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...