Oct 6, 2008

ချစ်ခြင်းပုံတူ





















ရွဲ့စောင်းသော ဆောင်းတရက်ပါပေ...
ညဥ့်နက်သီချင်းတပုဒ် လှုပ်ခပ်သည်။

'မွန်းသိပ်ကြပ်တဲ့ ခုညမှာ'
မသိမသာ တိုးဝှေ့နေသည်က
အရှေ့အရပ်မှ လေပြည်လား...
တောပြုန်းနေသော နှလုံးသားကို
လွင့်ပါးသည်အထိ တိုက်ပါလေ...

ပတ်ကြားအက် တခုလို
မိုးရေတစက်ကို မျှော်ပါသည်...
နေရောင်ခြည် တမျှင်မျှ မလာရ။

ပွင့်ဖူးနေသော ပန်းများမှာ
မွှေးရနံ့ကို လိုနေလေသည်လား...
ပန်းပွင့်စေသူများကို
အပြစ်မဆိုပါ။

တောင်ကုန်းလေးတခုပေါ်ကို တက်လှမ်းခဲ့သော
''ခင်ဝမ်း''အား
ချစ်ခင်လေးစားပါသည်။
'နှင်း' မချစ်တတ်သူများ
အနား မကပ်ရ။

နေ့တာတိုလေလေ
ဆောင်းရက်တို့ ငိုနေသည်။
'ပြည်မှာဆောင်း'ကို မတွေ့လေသမျှ...

မြတ်နိုးအပ်သော လွင်ပြင်တဆုံးနှင့်
ကြည့်မြင်ကြည်နူးနေသော တောင်ကုန်းတခုအားဖြင့်
ချစ်ခြင်းမေတ္တာအား ပုံတူဆွဲပါမည်
မယုံကြည်သူများ ဝေးဝေးနေကြပါကုန်။

ATN

(ခင်ဝမ်းနှင့် ချစ်သူအား ချစ်ခြင်းများဖြင့်)

7 comments:

  1. ကဗျာလေး ဖတ် ရတာ ငြိမ်းချမ်း အေးစိမ့်နေတာပဲ..
    ကိုယ်တိုင်လည်း
    ချစ်ခြင်းမေတ္တာအား ပုံတူတွေဆွဲထားဖူးတာမို့..
    ယုံ ပါ တယ်.....။

    ReplyDelete
  2. အနားမကပ်တော့ဘူး...
    နှင်းမချစ်တတ်လို့...
    နှင်းတောထဲမှာတစ်ယောက်ထဲရူးကျနေအောင်နေခဲ့ရလို့ပါ.

    ReplyDelete
  3. ပထမဆုံးဝယ်ဘူးတဲ့ကက်ဆပ်ခွေဟာ ပြည်မှာဆောင်းဘဲ ကိုအောင်သာငယ်ရေ ခင်ဝမ်းက ဖေးဘရိပ် အဆိုတော်တွေ ထဲကတစ်ယောက်ဘဲ ၀င်မယ်နော် နှင်းတွေထဲ ခင်ဝမ်းက ရေတွင်းထဲငုံ့ကြည့်ပြီး နှင်းရေနှင်းရေလို့ အော်တာ ကျွန်တော်က ရ၀တ ရုံးဘေး ကရေတွင်းထဲ ဒီမိုကရေစီ ရရှိရေးလို့အော်တာ လှိုမ်သံနဲ့မို့ အကုန်ကြားရပြီး ရ၀တတွေထွက်လာတာ ထွက်ပြေးရရော

    ReplyDelete
  4. ကဗျာလေးက ချစ်ခြင်းမေတ္တာအပြည့်ပဲ။

    နှင်းကိုတော့ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးခင် ရုပ်ရှင်ထဲမှာ ၀တ္ထုတွေထဲမှာ တွေ့ဖူးစဉ်က ချစ်ပါသည်။
    မြင်ဖူးတော့လဲ ခိုက်ခိုက်တုန်အောင် အင်း ..၊ ချစ်ပါသည် ပါပဲလေ..။

    ReplyDelete
  5. ယုံကြည်လိုက်ပါတယ်.

    ReplyDelete
  6. ယုံကြည်ချက်တွေနဲ့ အစ်ကို ပုံတူဆွဲလိုက်တဲ့ ချစ်ခြင်းမေတ္တာကို ခံစားသွားပါတယ်။

    ReplyDelete
  7. ခင်ဝမ်းသီချင်းတွေကို အရမ်းကြိုက်ခဲ့သူ တယောက်အနေနဲ့ ဒီကဗျာလေးကို ခံစားလို့ရပါတယ်။
    ဗိုလ်မိုးလမ်းထိပ်က လမ်းဘေးထမင်းဆိုင်ကလေးတခုမှာ ထမင်းစားရင်း ခင်ဝမ်းနဲ့ ဆုံခဲ့ဖူးတယ်။
    ခင်ဝမ်းကို ချစ်ခင်လေးစားသလို ...
    နှင်းကိုလည်း ချစ်တတ်တယ်။
    နှင်းကပေးတဲ့ ဒဏ်ရာတွေကိုလည်း ကျေကျေနပ်နပ် ခံစားခဲ့ဖူးပါရဲ့။

    လေးစားလျက် ...

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...