Oct 25, 2008

ငြိမ်းချမ်းရေးတိုက်ပွဲ





















ဟိုး လွန်ခဲ့တဲ့ ၁၆ နှစ်ဆီက လှုပ်ရှားမှုလေး တခုပါ။ ငြိမ်းချမ်းရေးတိုက်ပွဲလို့ အမည်ပေးထားတဲ့ တေးစုတခုကို အစစ ပြီးပြည့်စုံစေဖို့ ကျနော်တို့ အားလုံး အစွမ်းရှိသမျှ အားထုတ်ခဲ့စဉ် အချိန်ကပါ။

ကျနော် အိမ်ပြောင်းရင်းနဲ့ ပစ္စည်းတွေ ပြန်လည်နေရာချရင်း အမှတ်တရတွေက သူ့ အလိုလို ခုန်ထွက် လာတာပါ။ အဲမှာ ငြိမ်းချမ်းရေးတိုက်ပွဲ-နဂိုရ်ထုတ်စဉ်က စာအုပ်လေး ပြန်ထွက်လာတယ်။

အဲ သီချင်းစာအုပ်လေးက ကျနော်နဲ့ ကျနော့် အကိုရင်းလို ခင်မင်ရတဲ့ Mr. BURMA (ကာတွန်း-၀င်းထွန်း) ပေါင်းပြီး ကိုမွန်းအောင်အတွက် လုပ်ပေးခဲ့တာပါ။

အမိဗမာပြည်ထဲမှာ သီဆိုခွင့် မရခဲ့တဲ့ သီချင်းအားလုံးကို ကိုမွန်းအောင်ကပဲ ဆိုခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တနေရာမှာ အသံသွင်းပြီး ဖြန့်ဝေခဲ့တာပါ။ အဲသီချင်းတွေကို ခုထက်ထိ လူငယ်တွေ ဆိုနေကြတုန်းပါပဲ။

ကျနော် Scan ဖတ်လို့ရသမျှအားလုံးကို အမှတ်တရ တင်ပေးလိုက်ပါတယ်။































6 comments:

  1. ငြိမ်းချမ်းရေး တိုက်ပွဲက..သီချင်းတွေ..တပုဒ်ချင်း..လိုက် ညည်း ကြည့် နေမိတယ်။ အားလုံး သိပ်ကြိုက်ခဲ့တာလေ။ ၉၈ တုံးက..မိတ်ဆွေ တယောက် လက်ဆောင်ပေးလို့..အခွေ လည်း ရှိတယ်။ မွန်းအောင်ရဲ့ ရှတတ သံဓါတ်ပါတဲ့ အသံ ကို..အလွန်ကို နှစ်သက်ခဲ့တာပါ။ ဒါပေမဲ့..For the lady အခွေ ကျ တော့မှ.. သူများ တွေနဲ့ ယှဉ် နားထောင် ကြည့်တော့.. အားမပါသလို ဖြစ်နေတယ်။

    တကယ့် အမှတ်တရ သမိုင်းဝင်.. သီချင်း စာအုပ်ကလေး ပါပဲ။

    ReplyDelete
  2. အစ်ကိုရေ
    အခုလို ဘလော့ပေါ်မှာ ပြန်တင်ပေးတာ ကျေးဇူးပါ။
    စာသားလေးတွေ အကုန်လုံး မိုက်တယ်။

    ReplyDelete
  3. အဲဒီအခွေဟာ ကိုမွန်းအောင်ရဲ့ master piece လို့ သတ်မှတ်ထားပါတယ်။
    ပြန်ဖော်ပြပေးလို့ ကျေးဇူးတင်လိုက်တာ အကို။
    ခေတ်လူငယ်ခြေကျ ကို အမြဲညည်းခဲ့ရတာပေါ့။

    ReplyDelete
  4. မကေ - ဒီအခွေက ကိုမွန်းအောင်ရဲ့ master piece ပေါ့။
    ခေးအော့စ် - နှစ်သက်လို့ ကျေးဇူးပါ။
    မိုးချိုသင်း - ဟုတ်ပါ့ ညီမရေ။ ဘွဲ့ရ လူငယ်တွေ အားလုံး ငြည်းခဲ့ရတဲံ သီချင်းပါ့။

    ReplyDelete
  5. သီချင်းလေးတွေ ရနိုင်မဲ့ လင့်ရှိရင် တင်ပေးပါ အကိုရေ.. နားထောင်ချင်တယ် တချို့ဟာတွေတော့ ရှိတယ်


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  6. ☆ ★ ☮ ♬ ♪ ♩ ♭♫ ∮....…ခေတ်လူငယ်ခြေကျ .... ♬ ♪ ♩ ♭♫ ∮ ☮ ★ ☆
    တေးရေး၊ သံစဉ်/စာသား- စိုင်းခမ်းလိတ်
    (၁၉၇၉ / ၈၀)
    တေးဆို၊ စိုင်းထီးဆိုင်၊ မွန်းအောင်

    ☆ ★ ☮ ♬ ♪ ♩♭♫ ∮....သင်တုန်းကတော့ သင်လိုက်ရတဲ့ပညာတွေ ကမ္ဘာမြေကို အုပ်စိုးဖို့ မလောက်ကျနေ ကိုယ် ဘွဲ့ ရတော့ ရှာထားခဲ့တဲ့ဒီအတတ်တွေ
    အသုံးဝင်ပေမယ့်လဲ သူမှမသုံးပေ အတောင်အလက်ပြည့်ပြီးကာမှ ကောင်းကင်လိုင်စင်မရလို့  မပျံနိုင်တဲ့ငှက်ကလေးလို ဒို့ များရဲ့ ဘဝဟာလေ
    တကယ့်လူမှန် နေရာမှန်မရှိတဲ့ ခေတ်လူငယ်ခြေကျတွေ..... ♬ ♪ ♩♭♫ ∮ ☮ ★ ☆

    ☆ ★ ☮ ♬ ♪ ♩♭♫ ∮.... ဆယ်တန်းကျလို့  ကျန်နေရစ်တဲ့လူတွေတောင် အိမ်ပိုင် ကိုယ်ပိုင်ကားနဲ့  သူဌေးဖြစ်နေ ကိုယ်ဘွဲ့ ရတော့ သူတို့ 
    တွေဆီပြန်သွားပြီး ကားဒရိုင်ဘာလုပ်ဖို့ ကိန်းပေ အတောင်အလက်ပြည့်ပြီးကာမှ ကောင်းကင်လိုင်စင်မရလို့  မပျံနိုင်တဲ့ငှက်ကလေးလို ဒို့ များရဲ့ 
    ဘဝဟာလေ တကယ့်လူမှန် နေရာမှန်မရှိတဲ့ ခေတ်လူငယ်ခြေကျတွေ...... ♬ ♪ ♩♭♫ ∮ ☮ ★ ☆

    ☆ ★ ☮ ♬ ♪ ♩♭♫ ∮.... ညည်းတွားရင်းနဲ့  ခရီးသွားရင်းနဲ့  အချိန်တွေကုန်သ၍ တောင့်တရင်းနဲ့  ကြောင့်ကျရင်းပဲလေ ဖြစ်သမျှအကြောင်းပဲ
    စိတ်ဓါတ်မကျနဲ့  ပညာရှင်ရေ ရောင့်ရဲခြင်းက ပြည့်ဝခြင်းပဲလေ..... ♬ ♪ ♩♭♫ ∮ ☮ ★ ☆

    ☆ ★ ☮ ♬ ♪ ♩♭♫ ∮.... ယူတုန်းကတော့ ယူလိုက်ရတဲ့ ငွေအဿပြာတွေ အချိန်ကြာရင်တောင် မိဘအပြစ်အကျနေ
    ကိုယ် ဘွဲ့ ရတော့ ပြန်ပေးနိုင်တာဧည့်ခန်းမှာ ကြွားစရာ ဂုဏ်ယူစရာ ပုံတစ်ချပ်ပဲလေ
    အတောင်အလက်ပြည့်ပြီးကာမှ ကောင်းကင်လိုင်စင်မရလို့  မပျံနိုင်တဲ့ ငှက်ကလေးလို ဒို့ များရဲ့ ဘဝဟာလေ
    တကယ့်လူမှန် နေရာမှန်မရှိတဲ့ ခေတ်လူငယ်ခြေကျတွေ........ ♬ ♪ ♩♭♫ ∮ ☮ ★ ☆

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...