Oct 27, 2008

ငြိမ်းချမ်းရေးတိုက်ပွဲ သီချင်းများ

ငြိမ်းချမ်းရေးတိုက်ပွဲ သီချင်းစာအုပ်လေးကို ဟိုတနေ့က စကဲန်ဆွဲပြီး အမှတ်တရ တင်ပေးလိုက်တာမှာ တချို့ကလည်း အဲတေးစုထဲက တချို့သီချင်းတွေကို မကြားဖူးတဲ့သူတွေလည်း ရှိနေတော့ သီချင်းတွေပါ တင်ပေးဖို့ တောင်းဆိုလာကြပါတယ်။ ဒါပေမယ့် ကျနော့် လက်ထဲမှာ ရှိနေတဲ့ တိတ်ခွေကတော့ နှစ်တွေ ကြာလွန်းလို့ စီဒီခုတ်လို့ မရလောက်အောင်ကို အသံတွေ ပျက်နေပါပြီ။ ခုတ်ပြီးသား စီဒီကလည်း လက်လှမ်းမီရာမှာ ရှာမတွေ့တာနဲ့ ထုံးစံအတိုင်း နက်ပေါ်မှာ လျှောက်ရှာရင်း ရသမျှ သီချင်းတချို့ကို နားမထောင်ဖူး မကြားဖူးသေး သူများအတွက် ပြန်တင်ပေးလိုက်ပါတယ်။

အဲတေးစုမှာ သီချင်းအားလုံး ၁၂ ပုဒ်ရှိတဲ့ အနက်က ၉ ပုဒ်ကို လောလောဆယ် တင်ထားပေးပါတယ်။ သမိုင်းရဲ့လက်များ၊ အိပ်မက်ရိုင်းများနဲ့ ငြိမ်းစေသောဝ်ငြိမ်း သီချင်း ၃ ပုဒ်ကတော့ ခုထိ မရသေးပါဘူး။ ရခဲ့ရင် ဒီမှာပဲ ထပ်ဖြည့်ပြီး တင်ပေးပါ့မယ်။

နားဆင် ခံစားကြပါကုန်။

ဒေါင်းတမန်



၃/၈၈ အင်းယား



စာချောက်ရုပ်



ဧည့်ဆိုး



လူငယ်ခြေကျ



အမှောင်လွှမ်းတဲ့ ကမ္ဘာကြီး



အရေးကြီးပြီ



ငြိမ်းချမ်းရေးတိုက်ပွဲ



သွေးမုန်တိုင်း

9 comments:

  1. မွန်းအောင် ဆိုခဲ့ တဲ့... ဒေါင်းတမန် သီချင်း က
    ကျမ အရမ်းနှစ်သက်ခဲ့တဲ့ သီချင်းလေးပါ..
    သားတွေ ကို ချော့ သိပ်တဲ့အခါ ကျမဆိုနေကျ
    သီချင်း လေး တစ်ပုဒ်ပေါ့..
    အစ အဆုံး မရလို့ ... လိုချင်နေတာ..
    ခုတော့ ကွက်တိပဲ ..
    ကျေးဇူး တင်လိုက်တာ..
    ဒီနေ့ ည ဆို ကျမရဲ့ သားတွေ ..
    သီချင်းအစအဆုံး နားထောင်ရတော့မှာ လေ...
    ..........
    ကျန်းကျန်းမာမာ နဲ့ အသစ်တွေ အများကြီးရေးနိုင်ဘို့
    ဆုတောင်းလိုက်ပါတယ်...

    ReplyDelete
  2. သီချင်းတွေ လာနားထောင်သွားတယ်ဗျာ။

    ReplyDelete
  3. အကိုကြီး ခင်ဗျာ ငြိမ်းချမ်းရေး တိုက်ပွဲ သီချင်းတွေ အလွယ်တကူ နားဆင်လို့ ရအောင် လုပ်ပေးတာ ကျေးဇူးကမ္ဘာပါ။

    ReplyDelete
  4. ကိုအောင်...
    သီချင်းတွေ လာနားထောင်သွားပါတယ်...
    သီချင်းတွေကိုတင်ပေးတဲ့ အတွက်လဲ ကျေးဇူးပါဗျာ...။

    ReplyDelete
  5. သီချင်းတွေ တင်ထားတဲ့အကြောင်း မေးလ် ပို့ထားလို့ လာကြည့်ရင်းနဲ့ နားထောင်လိုက်တာ စိတ် တော်တော်ကို လှုပ်ရှားသွားရတဲ့အထိ သီချင်းတွေက ကောင်းလှပါတယ်။ MP3 ရှိရင်လည်း ကျွန်တော့်ဆီ ပို့ပေးပါ။ အခုလို တင်ပေးတဲ့ ကိုအောင်သာငယ်ကိုလည်း ကျေးဇူးတင်ပါတယ်။

    ReplyDelete
  6. မမ - ဆုတောင်းအတွက် ကျေးဇူးပါဗျာ။
    ကောင်းကင်ကို၊ ကိုအောင်၊ ကိုသစ်။ ကိုဖိုးတရုတ် - သီချင်းတွေ လာနားထောင်သွားတာ ကျေးဇူးပါ။

    ReplyDelete
  7. Dear Ako,
    I couldn't listen. pls could you check for me if available...
    regards
    thurein

    ReplyDelete
  8. Dear Ako ATN,
    Couldn't listen. Pls check links if available again..
    respect
    thurein

    ReplyDelete
  9. (ကို)မွန်းအောင်ရဲ့ မိုးလုံးမိုင်းထဲက ဘ၀ဆက်တိုင်းအတူ သီချင်းကိုဖြစ်နိုင်ရင် တင်ပေးစေလိုပါတယ်၊လေးစားစွာဖြင့်.....

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...