Oct 29, 2008

ဆဲလ်ဖုန်း

ဟိုး.. လွန်ခဲ့တဲ့ စက်တင်ဘာ တုန်းက ရေးခဲ့တဲ့ ကဗျာ တပုဒ်ပါ။ အိမ်ပြောင်းရင်းနဲ့ လမ်းမှာ ရေးခဲ့တာ။ ခုတော့ မှတ်စု စာအုပ်ထဲမှာ ဘော့ပင်နဲ့ ဆွဲထားတဲ့ ပုံရော လက်ရေးမူရော အတူတွဲ ပြန်တွေ့တာနဲ့ တင်ဖြစ်လိုက်ပါတယ်။ (မကေရဲ့ ဧည့်ခံပွဲ ဆိုတဲ့ ပို့စ်တခုကို အားကျလို့ပါ-း) (သို့သော်လည်း ကျနော်ကတော့ သူ့လို လက်ရေး မလှပါဘူး)










































နံမည်တွေ မှတ်ထားရတာ
အာရုံ နောက်တယ်... ဆဲလ်ဖုန်းထဲ... ထည့်ပစ်..

လိပ်စာတွေ မှတ်ထားရတာ
အာရုံနောက်တယ်... ဆဲလ်ဖုန်းထဲ... ထည့်ပစ်...

နေ့ရက်တွေ မှတ်ထားရတာ
အာရုံ နောက်တယ်... ဆဲလ်ဖုန်းထဲ... ထည့်ပစ်...

လုပ်စရာတွေ မှတ်ထားရတာ
အာရုံ နောက်တယ်... ဆဲလ်ဖုန်းထဲ... ထည့်ပစ်...

မှတ်စရာတွေ အားလုံးဟာ
အာရုံနောက်စရာတွေချည်းပဲ... ဆဲလ်ဖုန်းထဲ... ထည့်ပစ်...

အိုး...
နောက်ဆုံးမှာ ဘ၀ တခုလုံးကိုပါ
အာရုံနောက်လာတယ်... ဆဲလ်ဖုန်းထဲ... ထည့်ပစ်လိုက်တယ်....

ခုတော့...
ဆဲလ်ဖုန်းက ငါ... ဖြစ်၊
ငါ... ကတော့ အလဟသကြီး ဖြစ်လို့ .....

ဒါနဲ့များ...
ခေတ်ကို လူက လုပ်တယ် ဆိုပဲ...
ဟုတ်ပါ့မလား...

ATN

18 comments:

  1. နည်းပညာတွေကို ခိုင်းစားဖို့ တီထွင်ပြီးမှ လူတွေက နည်းပညာတွေအပေါ် မှီခိုနေရသလို ဖြစ်နေရတယ်။

    ကျနော့်အဖို့တော့ ကိုအောင်သာငယ် ရေးတဲ့ကဗျာတွေဟာ ပိုပိုသဘောကျစရာဖြစ်လာတယ်။

    ReplyDelete
  2. ကဗျာကရေလည်မိုက်တယ် အန်ကယ်ရေ့ အနုပညာလက်ရာကတော့ မြောက်ချက်ဗျာ ကိုယ်တိုင်ဆွဲတယ် မူးရင်းလက်ရေးလေးနဲ့  လန်းတယ် ကျနော့် ဆဲလ်ဖုန်းကိုတော့ ချောင်ထိုးထားတာကြာလှပြီး မှတ်ချင်စိတ်တောင်မရှိတော့ဘူးး အမှန်တော့ ဖုန်းကဒ်ဖိုးမရှိလို့ :)

    ReplyDelete
  3. နောင်ကျရင်တော့ နည်းပညာကခိုင်းမှပဲ ချစ်တတ်တော့မလို ဖြစ်သွားတော့မယ်.. :)

    ReplyDelete
  4. ဘာပဲပြောပြော နည်းပညာ ကင်းကွာလို့ မရတာကိုတော့ ယုံကြည်နေမိတယ်၊ စိတ်ကဖြစ်တာနဲ့ ရုပ်မှာဖြစ်ထွန်းတာ ဟန်ချက်မညီခဲ့ယင်ပေါ့။ အခုလိုမညီတော့လဲ ကဗျာတွေ ဖြစ်သွားတာပဲ မဟုတ်လား?.....

    ReplyDelete
  5. သြော်- လက်ရေးလှ ပြိုင်တယ်ပေါ့။း)
    လက်ရေးက..လူကို မှန်းလို့ ရတယ်တဲ့။ မှန်းကြည့်လိုက်အုံးမယ်။ ကဗျာရှင်သည်..မော်တိုရိုလာ ဖုန်းကိုင်သော- လောကကြီးကို အမြင်စောင်းနေသော- မှင်မလိုက်သော ဘောပင်တချောင်းနှင့် ကဗျာရေးထားပါသည်။

    ကဗျာကတော့..တကယ့်ကို ကောင်းပါသည်။

    ReplyDelete
  6. ကဗျာလေးကောင်းလိုက်တာ...

    ReplyDelete
  7. ကဗျာလေး ဖတ်သွားတယ်ဗျာ။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်ထဲကလူတွေကတော့ အစ်ကို့ ကဗျာကို ခံစားနိုင်မှာ မဟုတ်သေးဘူးဗျာ။ ကျွန်တော်လည်း မြန်မာပြည်ထဲတုန်းက ဟန်းဖုန်းကိုင်တဲ့လူကို တစ်ခါတစ်ခါ အမြင်ကတ်တယ်။
    ခေတ်ကို လူတွေက မလုပ်နိုင်တဲ့ နေရာပဲ ထားလိုက်ပါတော့ဗျာ။

    ReplyDelete
  8. သရုတ်မှန်ကဗျာပဲ အကိုရေ
    ခေတ်အမြင်နဲ့ထင်ဟတ်စေတယ်ဗျာ
    လူက..အခါရာလား..?
    လူတီထွင်ထားတဲ့ နည်းပညာက အခါရလား..?
    ဆိုတာ တွေးစရာဖြစ်လာတော့မယ်...

    ReplyDelete
  9. အကိုဆဲလ်ဖုန်းကို ကျနော်လာ ခိုးနိုင်သည် ...
    ဆဲလ်ဖုန်းထဲ မှတ်ထားပါ အကိုကြီးရေ...

    ReplyDelete
  10. သေချာတာကတော့ ဆလ်ဖုန်းကိုတော့ လူကလုပ်တယ်ဗျာ။ ဟုတ်တယ်ဟုတ်

    ReplyDelete
  11. ကိုအောင်...
    ဆဲလ်ဖုန်းထဲကကဗျာလေးကို လာဖတ်သွားတယ်ဗျ....။
    ဟုတ်တော့ ဟုတ်တယ်ဗျ...ဆဲလ်ဖုန်းထဲမှာ အကုန်မှတ်....
    ပြီးတော့ ဆဲလ်ဖုန်းပျောက်သွားတဲ့ အခါ ...
    လူက ဗလာဖြစ်ကျန်တော့တာ...။
    မှတ်ဥာဏ်မရှိတဲ့ လူလိုဖြစ်သွားတာ....။
    နောက်ဆုံး ကိုယ်က ဆဲလ်ဖုန်း အစောင့်ပြန်ဖြစ်သွားရော...။

    ReplyDelete
  12. ဟုတ်ပါတယ်လေ..နောက်ဆုံးကျတော့လူတွေကကိုယ်
    လုပ်ခဲ့တဲ့ခေတ်ရဲ့နောက်ကိုလိုက်ရင်းနီးမလိုလိုဖြစ်လာ
    လိုက်ဝေးသွားလိုက်နဲ့ဘဲ....

    ReplyDelete
  13. မနေ့ထဲက comment ရေးမလို့ ဟာ
    connection က သိပ်မကောင်းတော့ အဆင်မပြေခဲ့ ဘူး
    ကဗျာလေးက ကောင်းပါ တယ်..
    ခောတ်သစ် လူမှု ဘ၀နဲ့ လူတွေ ရဲ့ ခံစားချက်တွေ
    ပြောင်းလဲလာနေတာ ..မမတို့ လက်မခံ လို့
    မရနိုင်တော့ဘူး..

    တစ်ခုတော့ ရှိတာပေါ့လေ..
    မြန်မာပြည်သူ အများစု ကတော့
    အဲဒီ ဆဲလ်ဖုန်း ဆိုတာကြီး
    ကိုရီးယား ဇာတ်လမ်းတွဲတွေ ထဲ မှာ
    မြင်ယုံပဲ မြင်ဖူးကြတာဆိုတော့ ..
    အင်း.......
    သူတို့ ခံ စားနိုင်ပါ့ မလားတော့ မသိ..
    ဒီကဗျာက ဘာ ဆိုလိုချင်တယ် ဆိုတာကို လေ....

    ReplyDelete
  14. ဖုန်းပျောက်လို့အတော်ဒုက္ခေ၇ာက်ခဲ့ဘူးတယ်
    အဲဒီအထဲမှာကိုယ်ကအကုန်မှတ်ထားတာကိုနော်

    ReplyDelete
  15. ဒီကဗျာက အမျိုးအစားအသစ်ပဲ...။ ကဗျာအမျိုးအစားနာမည်က Motorolla V3i :)

    ReplyDelete
  16. မပန် - အဲလို ဖြစ်နေပေါ့ဗျာ။ ကျနော့် ကဗျာတွေကို ပိုပို သဘောကျတဲ့အတွက် မပန်ကိုလည်း ပိုပို ကျေးဇူးတင်ပါတယ်ဗျား)
    တူမောင်မျိုး - ဆဲလ်ဖုန်းတော့ ချောင်ထိုးရင်ထိုး နင့်ကိုယ်နင်တော့ ချောင် မထိုးထားနဲ့။
    မိုးချိုသင်း - အဲလိုဖြစ်ရင်တော့ ကမ္ဘာပေါ်မှာ မနေတော့ဘူး
    ဒူကဘာ - ကဗျာက ဘေးထွက် ပစ္စည်းပါဗျာ။
    မကေ - လက်ရေးလှ မပြိုင်ဝံ့ကြောင်းပါဗျာ။ မကေလက်ရေးကို အားကျတာလေး တခုပါပဲ။ ကဗျာကောင်းတယ်ဆိုလို့ ၀မ်းသာပါတယ်ဗျား။
    sin dan lar - ကျေးဇူးပါ။ နောက်တခါဆို လင့်ခ်လေး ထားခဲ့ပေးပါလား။
    ကောင်းကင်ကို - ညီပြောတာကို လက်ခံပါတယ်။ သဘောတူပါတယ်။ အကို့ကိုတော့ အမြင်မကပ်ပါနဲ့ညီရေ့။း)
    သားထူး - တွေးစရာရှိတာတွေကို တွေးပစ်ကွာ..
    ကိုအောင် - အဲတာကြောင့် ဒီကဗျာ ဖြစ်လာတာ ဟ ...
    ကိုဝေလင်း - ဟုတ်တယ်ဟုတ် ဆိုတာ ဟုတ်ပါကြောင်း။
    ကိုသစ် - ကိုသစ်ပြောတဲ့အတိုင်း အတိအကျပဲ။
    မမ - အထက်မှာ ကျနော့် ညီငယ် ကောင်းကင်ကို ပြောခဲ့သလိုပါ့ဗျာ။ ကျနော် သဘောတူပါတယ်။
    စိတ်ဖြေရာ - အဲလိုမျိုး ဒုက္ခတွေ မကြုံအောင် လူက လူဖြစ်ရမှာနော်... ခုတော့ ...း)
    အိပ်မက်နက် - အရောင်းစာရေးလုပ်ဖူးတယ် ထင်တယ် ဟုတ်လားး)

    ReplyDelete
  17. နည်းပညာတွေအောက် ရောက်ရောက်လာရတာ
    လက်မခံချင်ပေမယ့် လက်ခံလိုက်ရတယ်..

    ReplyDelete
  18. မှန်လိုက်တာနော်. တခါကဖုန်းထဲက data ပျက်သွားတာ တော်တော်ဒုက္ခရောက်တယ် ဒါပေမယ့်အခုထိလဲအမှတ်မရှိသေးဘူး

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...