Oct 31, 2008

နှင်းပြိုတဲ့ည






















သည်ညမှာ
နှင်းကို ငါ တွေ့ရတယ်..
နှင်းကို ငါ ပွေ့ရတယ်..
ဘ၀ စိုပြည်သွား...

နှင်းစွတ်စိုတဲ့
တောင်ယာတဲအိုလေးတလုံး.
နုပျိုနေတဲ့ မီးပုံလေးတပုံ..
ညနေဆည်းဆာကို ကိုယ်ရုံလုပ်တဲ့ ပင်လယ်တစင်း..
မေတ္တာယက်ရှယ်ရင်း ရီဝေတဲ့ ၀ိုင်နီတခွက်...
ကုန်းမြင့်ငယ်လေးထက် ပျော်ပါး...

ဒီညမှာ
ကြယ်တွေစုံတာပေါ့..
ရင်အုံတောင်
ဗုံတလုံး ဖြစ်ခဲ့တယ်။
ကြယ်ပြာတွေလည်း ကခုန်ရင်း
နှင်းမှုန်မှုန်တေးသွားမှာ နရီတွေပျောက်လို့
ညနံရံကို ဖောက်ထွက်သွားပေါ့...။

ATN

18 comments:

  1. စကားလုံးတွေက လှလွန်းလို့ ရင်အုံတောင် ဗုံတလုံးဖြစ်သွားတယ် ...

    ReplyDelete
  2. ကောင်းလိုက်တဲ့ကဗျာ....သိပ်ကိုလှတယ်
    နှင်းတွေမြင်တယ်
    တောင်ယာတဲအိုလေးမြင်လာတယ်
    ကုန်းမြင့်ငယ်လေးနဲ့ဝိုင်နီတစ်ခွက် ပေါ်လာတယ်
    သိပ်ကိုလှတဲ့ကဗျာ
ိသိပ်ကိုအေးတဲ့နှင်း....

    ခင်မင်စွာဖြင့်
    mirror

    ReplyDelete
  3. ဒီ ကဗျာ ဆရာရဲ့ ချစ်သူ ကို မနာလို လိုက်တာ...

    ဒီလောက်လှပတဲ့
    ကဗျာလေး ဖြစ်လာအောင် တွန်းအားတွေ ပေးနိုင်ခဲ့
    လို့.. ကျေးဇူးလဲ တင်မိရဲ့ ....

    tututha ပြောသလို ပဲ ဖတ်နေရတာ
    အပြင်လူတွေ ရဲ့
    ရင်အုံ တောင် ဗုံလေး တစ်လုံး ဖြစ်လို့....

    ReplyDelete
  4. ရင်ထဲထိနှင်းတွေဝေလာအောင်ကောင်းတဲ့ကဗျာလေးပါ..

    ReplyDelete
  5. နှင်းတွေဝေနေတာ လှတာပေါ့။
    ဒါပေမယ့်...
    ရာသီတိုင်းဟာ ဆောင်းဖြစ်ပါစေလို့ ဆုတောင်းပေးရမှာလား။
    နှင်းတွေကို ထိုးခွဲမယ့် နေရောင်ခြည်နွေးနွေးတွေ ရောက်မလာပါစေနဲ့ လို့ ဆုတောင်းပေးရမှာလား။

    ReplyDelete
  6. ကြယ်ပြာတွေလည်း ကတဲ့
    နှင်းမှုန်မှုန်တေးသွားကို လာခံစားသွားပါတယ်။
    စကားလုံးတွေ သိပ်လှတာဘဲဗျို့ 

    ReplyDelete
  7. နှင်းပြိုတဲ့ညမှာ အပြေးတစ်ပိုင်းနဲ့ အရောက်လာခဲ့ပါတယ် .. ..

    ReplyDelete
  8. အကို နည်းနည်း ပြန်ပျော်လာပြီ ထင်ပါရဲ့ ..
    ကဗျာကတော့ ကောင်းချက်..။

    ReplyDelete
  9. ရင်ခုန်သံတွေ အေးခဲသွား ချင်လောက်အောက်
    အရမ်းကောင်းတယ် ကဗျာလေးပါ အစ်ကို...

    ReplyDelete
  10. ညဘက် အနုတ် -2 ဖြစ်နေတဲ့ အချိန်မှာ အကို
    ကဗျာလေးကို လာခံစားပါတယ်။

    ReplyDelete
  11. တူးတူးသာ - ဗုံးတလုံး မဖြစ်သွားတာ ကံကောင်း..း)
    mirror - ကြည့်သောသူမြင်၏။
    မမ၊ မနော်ဟရီ - ကျေးဇူးပါ။
    မပန် - နေရောင်ခြည်တွေကိုပဲ တားပေးပါ့...း)
    လင်း - မြှောက်ပြောတာ ကျေးဇူး။
    (-) - (ကိုဝင်းဇော်-လို့ ထင်တယ်) - အရောက်လာခဲ့တာ ကျေးဇူးပါ။
    မိုးချိုသင်း - စိတ်ကို သိနေသလား။ ဇေဒင်ဟောစားတော့ ညီမရေ့ ..း)
    ကိုအောင် - အေးခဲနေတဲ့ အချိန်လာဖတ်တော့ အေးအေး ခဲခဲကြီး ဖြစ်နေမှာပေါ့ ကိုယ့်ညီ..

    ReplyDelete
  12. အား- အဟုတ်ကိုပါပဲ။ ဒီကဗျာက..တော်တော်ရသ မြောက် နေတယ်။ မချိုသင်းဟော သလို- ပျော်နေ လို့ဆိုရင်..ကောင်းတာပေါ့။း)

    ReplyDelete
  13. ကိုအောင်...
    ကျောကောင်းလိုက်တာဗျာ....။
    ကျနော်တော့သိမ်းပြန်ပြီတစ်ပုဒ်...။
    အတွေးတွေ စကားလုံးသုံးနှုံးတာတွေကို တစ်ကယ်ချီးကျူးပါတယ်ဗျာ...။

    ReplyDelete
  14. ဒီညမှာ
    ကြယ်တွေစုံတာပေါ့..
    ရင်အုံတောင်
    ဗုံတလုံး ဖြစ်ခဲ့တယ်။

    မိုက်လှချည်လားအစ်ကို။
    နှင်းပြိုတဲ့ည သီချင်းဆိုတဲ့ည ကို ခံစားသွားပါတယ် အစ်ကို။

    ReplyDelete
  15. ဒီညမှာ
    ကြယ်တွေစုံတာပေါ့..
    ရင်အုံတောင်
    ဗုံတလုံး ဖြစ်ခဲ့တယ်။
    ကြယ်ပြာတွေလည်း ကခုန်ရင်း
    နှင်းမှုန်မှုန်တေးသွားမှာ နရီတွေပျောက်လို့
    ညနံရံကို ဖောက်ထွက်သွားပေါ့...။

    အစ်ကိုရေ ဒီတစ်ပိုဒ်လေး ကြိုက်တယ်။

    ReplyDelete
  16. ဒီညမှာ
    ကြယ်တွေစုံတာပေါ့..
    ရင်အုံတောင်
    ဗုံတလုံး ဖြစ်ခဲ့တယ်။
    ရင်ခုန်အောင်လှတဲ့ကြယ်တွေစုံညကိုခံစားသွားတယ်
    အကိုရေ...ကဗျာကအရမ်းလှတယ်ဗျာ..

    ReplyDelete
  17. ကိုအောင်သာငယ့် ကဗျာဖတ်ပြီး
    ရင်အုံမှာ.. ဗုံတလုံးပိုက်ပြီးပြန်သွားပါတယ်။
    ကျေးဇူးပဲ။

    ReplyDelete
  18. ခေါင်ခေါင် - ကွန်မန့်အတွက် ကျေးဇူးပါ ညီမရေ။
    မကေ - ပျော်နေ ပြာနေ ချင်ပါတယ်ဗျာ။း)။
    ကိုသစ် - ချီးကျူး သိမ်းဆည်းသွားတဲ့အတွက် ကျေးဇူးပါ။
    ကောင်းကင်ကို - အမိုက်လွန်နေပြီ ထင်ပါရဲ့ ညီရေ့။
    ခေးအော့စ် - ကြိုက်တဲ့ အပိုဒ်သာ ယူသွားပေတော့ ညီမရေ့။
    ဆောင်းယွန်းလ - ကွန်မန့်အတွက် ကျေးဇူးပါ ညီရေ့။
    ယောနသံစင်ရော် - ဗုံတလုံးပိုက်သွားတဲ့အတွက် ကျေးဇူးပါဗျို့..

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...