Nov 10, 2008

အားလုံးရဲ့ကဗျာ














မြင်းဖြူ နှစ်ကောင်ကသော ရထား
လောက ကမ်းပါးမှာ ဆိုက်ပါသည်။
နေရောင်ခြည်ကား မလာသေး။

ချို နှစ်ချောင်းရှိသောသတ္တ၀ါများကို
မငိုယိုပါစေနှင့်..။
ကောင်းကင်နိုင်ငံ ပြိုကျနိုင်ပါသည်။

သင့်အတွက်
မျက်ရည်များကို မသိမ်းဆည်းသင့်ပါ။
စာတန် စိတ်ခုပါလိမ့်မည်။

အနောက်အရပ်မှာ
အလင်းရောင် ချို့တဲ့သည်။
အရှေ့ဆီမှာ နေထွက်လာမည်လား။

ကောင်းကင်တခုလုံးကို
အမိုးထပ်မိုးဖို့ လိုပါသည်။
အပြာရောင်များ မပျောက်ဆုံးစေချင်ပါ။

နေပူထဲမှ ဟင်းလင်းပြင်အတွက်
နှလုံးသားတချို့ ကွဲအက်နိုင်ပါသည်။
စိတ်မခိုင်သူများ မကြည့်သင့်။

ညဥ့်ကို မလိုချင်သူမှာ
ငါ တယောက်တည်း မဟုတ်ရပါ။
ကမ္ဘာမြေမှာ သန်းခြောက်ထောင်ကျော်ပါသည်။

နေ့တနေ့ ခုတ်မောင်းလာသည်၊
အဆိုး အကောင်း မသိရသေး။
နှလုံးသားကား အေးစက်နေဆဲပါပေ။

ငေးငိုင်နေသူများ ကိုယ်စား
စကားတချို့ ပြောပါရစေ။
လမ်းကိုပိတ်၍ သင်တို့ထိုင်နေသမျှ
ကျွန်ုပ်တို့ ဆက်လျှောက်၍ မရပါ။

ATN

11 comments:

  1. ငေးငိုင်နေသူများ ကိုယ်စား
    စကားတချို့ ပြောပါရစေ။
    လမ်းကိုပိတ်၍ သင်တို့ထိုင်နေသမျှ
    ကျွန်ုပ်တို့ ဆက်လျှောက်၍ မရပါ။
    ကဗျာလေးကြိုက်တယ်အကိုရေ..
    လမ်းဆက်လို့ရအောင်ငေးငိုင်နေတဲ့သူတွေကိုအားပေးစ
    ကားပြောကြတာပေါ့...

    ReplyDelete
  2. တော်လှန်ရေး အင်အားစုများ
    သွေးကွဲနေကြသည်
    လမ်းပိတ်၍လမ်းဖျက်သူများပေါ၏
    ကုလားဗမာ ပြဿနာမကြီးနိုင်ပါ
    နအဖသည် ကြောက်တက်ပါ၏
    ကျွန်တော်တို့လည်းကြည့်နေကြည့်စားပါသည်
    နေဘုန်းလတ်က စံပြ နှစ်၂၀ နှင့် ၆လ ပါ
    ကော်ဖီတိုက်သောကျေးဇူးကြောင့်
    ညကအိတ်မရပါ
    ဘီယာလေးများရှိရင်ထပ်တိုက်ပါအုံး
    သူပုန်တစ်ယောက်၏ ဒိုင်ယာရီသည် ကောင်းပါ၏
    ဆက်လျက်၍ရေးသားပါအုံး မျှော်နေပါ၏

    ReplyDelete
  3. နေပူထဲမှ ဟင်းလင်းပြင်အတွက် နှလုံးသားတချို့
    ကွဲအက်နိုင်ပါသည်။ စိတ်မခိုင်သူများ မကြည့်သင့်။
    ..ဆိုတဲ့ စာသားကို သဘောကျတယ် အကိုကြီးရေ
    အားပေးလျက်ပါ။

    ReplyDelete
  4. ငေးငိုင်နေသော လူကြီးဆိုသူများ အရှေ့ကပိတ်နေသည်။ လူငယ်များကျော်မတက်ရ
    ...............
    .................ကဗျာလေးအတွက် ကျေးဇူးပါအကို

    ReplyDelete
  5. ငေးငိုင်နေသူများ ကိုယ်စား
    စကားတချို့ ပြောပါရစေ။
    လမ်းကိုပိတ်၍ သင်တို့ထိုင်နေသမျှ
    ကျွန်ုပ်တို့ ဆက်လျှောက်၍ မရပါ။

    သိပ်ကြိုက်တယ်...ကိုအောင်..။
    ခပ်ပြင်းပြင်းလေး ဆက်လုပ်ပါဦး....
    တောင်းဆိုတာပါ။

    ReplyDelete
  6. ကျွန်ုပ်တို့ ဆက်လျှောက်မရတာ အနှစ် ၂၀ ကျော်ပါပြီ။ ခုထိ ငေးငိုင်လို့ မပြီးသေးဘူးလား။
    ကျနော်တို့ကရော ဆွဲထူလို့ မရနိုင်ဘူးလား။ :)

    ReplyDelete
  7. ...ပထမ အကြိုက်ဆုံး ၁ ပိုဒ်..
    ၁။ ကောင်းကင်တခုလုံးကို
    အမိုးထပ်မိုးဖို့ လိုပါသည်။
    အပြာရောင်များ မပျောက်ဆုံးစေချင်ပါ။
    (ဒီကိစ္စက. ကမ္ဘာ့ လူသား အားလုံးနဲ့ ဆိုင်တယ်.
    မမ ခံစား မိတဲ့ အဓိပ္ပါယ် က
    ကမ္ဘာ့ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးနဲ့
    အိုဇုန်း လွှာ ကို ထိမ်းချုပ် ဖို့..)

    ... ဒုတိယ အကြိုက်ဆုံး ၂ ပိုဒ်
    ၁။ မြင်းဖြူ နှစ်ကောင်ကသော ရထား
    လောက ကမ်းပါးမှာ ဆိုက်ပါသည်။
    နေရောင်ခြည်ကား မလာသေး။
    (တဂိုး ရဲ့ ကဗျာ ကို ဖတ်ရသလို ပဲ)

    ၂။ ငေးငိုင်နေသူများ ကိုယ်စား
    စကားတချို့ ပြောပါရစေ။
    လမ်းကိုပိတ်၍ သင်တို့ထိုင်နေသမျှ
    ကျွန်ုပ်တို့ ဆက်လျှောက်၍ မရပါ။
    (စကားပြော ကြည့်လို့မှ..ဆက်ပိတ်နေသေး ရင်
    ဆွဲ ထူ ခေါ် ကြည့်ကြ မလား.. ဒါမှ မဟုတ်
    ဘေးကို တွန်းထုတ်ကြ မလား..
    ..စုစည်း ထားတဲ့ အားတွေ တော့ လို မယ်နော..)


    ...မကြိုက်ဆုံး ၁ ပိုဒ်
    ၁။ ညဥ့်ကို မလိုချင်သူမှာ
    ငါ တယောက်တည်း မဟုတ်ရပါ။
    ကမ္ဘာမြေမှာ သန်းခြောက်ထောင်ကျော်ပါသည်။
    ( ညဥ့် မရှိမဲ့ လော ကကို
    မမ မကြိုက်ပါ
    အိပ်ရေး နဲနဲ ပျက်ရင်တောင်..
    ခေါင်း ကိုက်လို့...း)....)
    (ပြီးတော့... သမိုင်း ဆို တာ နေ့ရော ညပါ
    ပါ ..ပါ တယ်... အကုန်လုံး ကောင်းနေရင်..
    ပိုကောင်း တာတွေ ဘယ်ရှိလာတော့မှာလဲ..
    ညဥ့် ကို အခွင့်ကောင်း ယူပြီး မမ တို့ အားတွေ
    မွေး ကြပါစို့လား...
    .. ဝေဖန်မိတဲ့အတွက် စိတ်မရှိ ဖို့ တောင်းပန်ပါရစေ...။

    ReplyDelete
  8. ငေးငိုင်နေသူများ ကိုယ်စား
    စကားတချို့ ပြောပါရစေ။
    လမ်းကိုပိတ်၍ သင်တို့ထိုင်နေသမျှ
    ကျွန်ုပ်တို့ ဆက်လျှောက်၍ မရပါ။


    ကောင်းလိုက်တဲ့ ကဗျာလေး
    ပြိုင်တူတွန်းရင် ရွေ့နိုင်ပါသည်တဲ့ အစ်ကိုရေ

    ReplyDelete
  9. နောက်ဆုံး နှစ်ကြောင်းတော့ အကြိုက်ဆုံးပဲဗျာ။

    ReplyDelete
  10. ဆောင်းယွန်းလ - လုပ်နိုင်တာ လုပ်ကြရမှာပေါ့ ညီရေ့
    သားထူး - ငါ့ချစ်ညီကြီးကလည်း စာရေးကောင်းပါ့...
    ကိုအောင် - အားပေးနေတာ ကျေးဇူး ညီရေ့...
    ကမာနီလာ - လာဖတ်တာ ကျေးဇူးပါ
    ဆူးပြတိုက် - အားပေးတာ ကျေးဇူးပါ ကိုသစ်ရေ့...
    မိုးချိုသင်း - ငေးငိုင်နေသူတွေကို ဆွဲထူးပေးတာ ကျေးဇူး...
    မမ - ဝေဖန်ပေးတဲ့အတွက် ကျေးဇူးပါဗျာ။ ညဥ့်-ကတော့ နေ့နဲ့ည-က (ည)ကို မဆိုလိုပါ...
    မဆုမွန် - ညီမပြောတာ သဘောတူပါတယ်ကွယ်...
    ကောင်းကင်ကို - လိုတိုရှင်းပေါ့လေ ညီရေ့...း)
    မှူးဒါရီ - thanks :)

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...