Nov 14, 2008

စိန်ပန်းပြာတမ်းချင်း
















လူးလွန့်လွင့်မျောနေတဲ့
ကြိုးရှည်ရှည်ကြီးတွေလား..
ပျံသန်းသွားတဲ့ အုပ်ဖွဲ့ငှက်တွေ
ကောင်းကင်ယံထဲ ပြည့်နှက်လို့...

ငါ့... နောက်ထပ် ည တည
လရောင်ကိုပဲ အဖော်လုပ်ရဦးမယ်...

ဒေါနရင်ငွေ့မှာ...
သောင်ရင်းအပွေ့အဖက်မှာ...
အတူ အိပ်စက်ခဲ့...
ငှက်ဖျားညနေ...
အေကေတလက် ထွေးပိုက်ရင်း....

ငါ လွမ်းတယ်...
စိန်ပန်းပြာရေ့....
မင့်နဲ့ ဝေးနေသူတွေအကြောင်း...
လူတွေ ထောင် သောင်း
မေ့ကောင်း မေ့နေလေမပေါ့....

ဒီညမှာ
ငါ...
မင်းကို...
သီချင်း နှစ်ပုဒ် ဆိုပြမယ်။

(တနေ့တော့
မောင်ပြန်လာမည်....
ဖွင့်ဟ ဆိုပြောလေတိုင်း
တယောက်အစ တရာအဆုံး
အားလုံးရယ်မောကြသည်....)

(ပြန်မလာရင်...
ထာဝရခွဲခြင်းလို့
မှတ်လိုက်ကွယ်....
စောင့်လို့တော့ နေရစ်ဦး...
မမုန်းသရွေ့တော့
စောင့်လိုက်ဦး....)

အဲဒီ သီချင်း နှစ်ပုဒ်
ငါ့ နှလုံးသားကို တူးထုတ်ယူသွားတာပေါ့....

ATN

(အနှစ်နှစ်ဆယ်တိုင်တိုင် လက်နက်ကိုင် တော်လှန်ရေးအလံကို လွှင့်နေဆဲ
ညီငယ် ၀င်းတင့်ဟန်အတွက် အမှတ်တရ)

14 comments:

  1. မရီမောရက်ပါဘူး။

    ReplyDelete
  2. ၈၈ သူရဲကောင်း တွေအားလုံး ငြိမ်းချမ်းကြပါစေ...

    ReplyDelete
  3. မမေ့ရက်ပါဘူးဗျာ..
    အကို့ကဗျာကိုဖတ်ပြီးတောထဲကိုသတိရသွားတယ်ဗျာ.
    ရင်ထဲမှာလည်းဆို့သွားတယ်....

    ReplyDelete
  4. ဖတ်သွားပါတယ်။

    ReplyDelete
  5. ကဗျာရဲ့ ရမ်သမ်တွေက ထိတယ်ညှိတယ်
    ပြီးတော့ ရင်ထဲမှာ စူးခနဲနင့်သွားစေခဲ့တယ်၊

    ReplyDelete
  6. အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လည်ဆုံတွေ့ကြမယ့် ရက်တွေကို မျှော်လင့်နေဆဲပဲ။ မရယ်မောရက်ပါဘူး..

    ReplyDelete
  7. အားလုံးအကောင်းဆုံး ပြန်ဆုံမဲ့ ရက်တို့ နီးပါစေ
    အကိုရေ။

    ReplyDelete
  8. ထိတယ် အစ်ကိုကြီး ...

    ReplyDelete
  9. စိန်ပန်းပြာခံစားချက်ပဲလား-
    စကားစပ်လို့- ကျမလည်း ပထမ သီချင်းကို ခဏခဏ ဆိုဖြစ်တယ်။

    ReplyDelete
  10. အကိုအောင်သာငယ်...

    ဒေါနရင်ငွေ့မှာ...
    သောင်ရင်းအပွေ့အဖက်မှာ...
    အတူ အိပ်စက်ခဲ့...
    ငှက်ဖျားညနေ...
    အေကေတလက် ထွေးပိုက်ရင်း....

    တောထဲနေရတဲ့ ဘဝတွေကြမ်းတယ်ဆိုတာ၊ အကိုတော်တွေ ပြောပြောပြလို့ကြားဘူးပါတယ်။ ဒီ..ပါဒ လေးကဖွဲ့ထားပုံကို ကြိုက်နှစ်သက်မိပါတယ်။

    ReplyDelete
  11. This comment has been removed by the author.

    ReplyDelete
  12. အကိုကြီးရာ ကျွန်တော်တို့ အကိုကြီးတို့ ဒီတစ်သက် အဲလို အဖြစ်မျိုးတွေ ချုပ်ငြိမ်း နိုင်ပါ့ မလား ဆိုတာ စိုးရိမ်ထိတ်လန့်မိတယ် ဗျာ..။

    ReplyDelete
  13. မခံစားနိုင်ဘူး................

    ReplyDelete
  14. ညီမ ချိုသင်း၊ ညီမ ခေါင်ခေါင်၊ ညီငယ် ဆောင်းယွန်းလ၊ sin dan lar ၊ ကမာနီလာ၊ မပန်၊ ညီငယ် ကိုအောင်၊ ညီမ မတူး၊ မကေ၊ ညီမ ယောနသံဇင်ရော်၊ ညီငယ်လင်းထက်၊ မနော် - အားလုံးပဲ လာလည် ဖတ်ရှုပြီး မျှဝေ ခံစားသွားကြတဲ့အတွက် ကျေးဇူးပါ...
    ချမ်းမြေ့ကြပါစေ...

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...