Nov 16, 2008

စိန်တပွင့်အတွက်စာတမ်း















`ဟဲလို...` `ဟဲလို... ညီလေး... အကိုပါ...` `အော... ဟား...အကိုလား` `အေး... ညီလေး... နေကောင်းလား...` `ကောင်းတယ်... ကောင်းတယ်... အကို` `ဒီမှာ... အားလုံး နေကောင်းတယ်.... အားလုံး အဆင်ပြေတယ်...အကို` `ဘာမှ စိတ်မပူနဲ့`

ကျနော် မမေးခင် အားလုံး အဆင်ပြေကြောင်း ပြောပြနေတဲ့ ကျနော့် ညီလေး။ အမှန်တော့ သူက ကျနော့် ညီလေး အရင်း မဟုတ်။ ကျနော့်ညီမလေးရဲ့ ခင်ပွန်း။ ကျနော့် ယောက်ဖ။ သို့သော်လည်း ကျနော့် ညီလေး အရင်းပါပဲ။

သူက ကိုမင်းကိုနိုင်ရဲ့ ညီတ၀မ်းကွဲ။ တချို့လည်း သူ့ကို သိကြ။ တချို့လည်း သူ့ကို မသိကြ။ ကိုမျိုးအောင်နိုင်။ တချို့ကတော့ အောင်နိုင်လို့ သိကြ။

၂၀၀၇ မှာ ကျနော်တို့ စကားတွေ အများကြီး ပြောဖြစ်ကြတယ်။ ဖုန်းထဲမှာ။ လွတ်လွတ်လပ်လပ်လည်း မဟုတ်ဘူး။ ပြောလို့ရတာတွေ ပြော၊ ပြောလို့ မရတာတွေ မပြော၊ သည်လိုနဲ့ပဲ ညီတယောက်နဲ့ အကိုတယောက် သံယောဇဉ်တွေလည်း ဖြစ်တည်ခဲ့။

`ဟဲလို...` `ဟဲလို... အကိုလား....` `အကို ကျနော် အစည်းအဝေးထဲမှာ ရောက်နေလို့ ပြီးမှ ပြန်ခေါ်ပါလား` `အိုကေ...`

နောက် တရက်အကြာ...
`ဟဲလို...` `ဟဲလို... အကိုလား...` `အေး.. အစစ အဆင်ပြေရဲ့လား...` `ဟုတ်.. အကို... ကျနော်တို့ လုပ်စရာရှိတာ လုပ်ကြတော့မယ်လေ....` `အေးကွာ... အဖေရော... အမေရော ... အကိုတို့ ညီအကို နှစ်ယောက်ရော.. ဒါတွေ လုပ်ခဲ့တာပဲလေ...မလုပ်ပါနဲ့လို့ အကို မပြောဘူး... ဒါမဲ့ အခြေအနေကို စဉ်းစားပါဦး ...သမီးလေးတွေ ရှိသေးတယ်... တာဝန်ယူရဦးမယ်...` `အကို.. အကိုရော... ကိုနိုင်ရော... အဲလိုပဲ... ပြောမှာ... ကျနော် နားလည်ပါတယ်... အဲလိုပဲ ... ကျနော်တို့ လုပ်ကြရမှာလေ... ``ကျနော်တို့ ရင်းမှ ရမှာလေဗျာ`

သူ့ဘ၀ကို သူရင်းခဲ့တယ်။ အမှန်တော့ မိသားစုဘ၀တခုလုံးကိုပါ သူရင်းခဲ့တာပါပဲ။ အဲအတွက် ဆုလာဘ် ၆၅ နှစ် သူရခဲ့တယ်။ ။

ကျနော် သူ့အတွက် ဂုဏ်ယူတယ်။

ဒီလိုပါပဲ ကျနော်တို့ ဘ၀တွေကို ရင်းခဲ့ကြတယ်။ ရင်အနာတွေရတယ်။ မျက်ရည်တွေရတယ်။

ညီလေးရေ့... စိန်ရိုင်းတတုံးကို သူတို့ သွေးပေးနေတာပါ။ ၆၅ နှစ်ကြာ အသွေးခံရမယ့် စိန်တပွင့်ဟာ အတိုင်းအဆမဲ့ လှပနေမှာ အသေအချာပေါ့။

မင့်အတွက် ငါ ဂုဏ်ယူပါတယ် ညီလေးရေ့...။

17 ယောက် ဒီလိုပြောခဲ့တယ်:

sin dan lar said...

စိတ်မကောင်းပါဘူးး
၆၅ နှစ်ကြာ အသွေးမခံရပါစေနဲ့...
အစိုးရအသစ်တက်ရင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပဲဖြစ်ဖြစ်
အမြန်ဆုံးလွတ်မြောက်ပါစေ......

pandora said...

အမှန်တရားကို တရားမျှတစွာ ထုတ်ဖော်ခွင့်ရမယ့်နေ့ကို မျှော်လင့်နေပါတယ်။

- said...

စိတ်မကောင်းပါ...

တေးမွန် (ah nai) said...

မတရားမှု့ အတွက် ကိုမျိုးအောင်နိုင်တို့  မိသားစုအတွက် စိတ်မကောင်းဘူး။ သူလိုလူမျိုးတွေ ရှိတဲ့အတွက်တော့ တကယ် ဂုဏ်ယူတယ်။ မြန်မာ ဆိုတဲ့ နာမည်ကို ဒီလိုလူမျိုးတွေကပဲ မြင့်တင်ပေးနိုင်မှာပဲ။

tututha said...

ဂုဏ်ယူရင်း ကြေကွဲရင်း ဆုတောင်းပေးရင်းပဲ အစ်ကိုကြီးရေ ... ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်မိ ပါတယ်။

ခင်မင်းဇော် said...

စိတ်မကောင်းလိုက်တာ..

ဂျစ်တူး - gyit_tu said...

စိတ်မကောင်းဖြစ်မိပါတယ် ကိုအောင်သာငယ် ။ ရွေးချယ်ရာလမ်းအတွက် ပြတ်သားတဲ့ ကိုမျိုးအောင်နိုင်ကို လေးစားမိပါတယ် ။

ကေ said...

သူတို့အမြန်ဆုံးလွတ်မြောက်ကြဖို့..အကောင်းဆုံး မျှော်လင့်ရင်း ယုံကြည်စေချင်ပါတယ်။ ကိုအောင်သာငယ်တို့မိသားစု တခု လုံးအတွက်လည်း ဂုဏ်ယူပါတယ်။

Moe Cho Thinn said...

အကို့ ညီလေးလို နအဖ ပေးတဲ့ သူရဲကောင်းဆုကို ရတဲ့ ညီလေး ညီမလေး တွေအတွက် ဂုဏ်ယူပါတယ်။
ကြောက်ရွံ့ခြင်းမှ ကင်းဝေးတဲ့ သမိုင်းမှာ မှတ်ကျောက်တင်ကျန်ခဲ့မှာပါ။

လင်းထက် said...

အကိုရေ အကို့ ယောက်ဖ ကို ဂုဏ်ပြုပါတယ် ဗျာ..။

MaMa said...

ကမ္ဘာကျော်တော်လှန်ရေး သမားကြီးဖြစ်ခဲ့ဖူးတဲ့
ဖီဒယ်လ်ကပ်စရို က သူ့ရဲ့ ကမ္ဘာကျော်လျှောက်လဲချက် တစ်ခုထဲ မှာ...
သူ့နိုင်ငံရဲ့ တရားခွင်စောင့် နတ်သမီး က
၂ ကြိမ် တိုင်တိုင် မတရားပြုကျင့်ခံထားရတဲ့ အတွက်
သွေးရူး သွေးတမ်း ဖြစ်ပြီး... အပြစ်မပေးသင့်တဲ့ သူတွေကို.. အပြစ်ပေးခဲ့ တယ် လို့ တရားခွင် မှာ လျှောက်လဲ ခဲ့ တယ်..
......
မြန်မာပြည်ရဲ့ .တရားစီရင်ရေး နတ်သမီးက လူရမ်းကားတွေ ရဲ့ အကြိမ်ပေါင်းများစွာ မတရားပြုကျင့်ခြင်း ခံထားရတာ ဆိုတော့..
စဉ်းစားသာ ကြည့် ပေတော့...
....
အမှန်တရား အတွက် နေ့တွေ..ရောက်ဖို့
သိပ်မကြာတော့ ပါဘူး...

Anonymous said...

အလေးအနက်တစ်ခုပြောချင်တယ် ... ။ ကံတရားဟာ ပြည့်ရှင်မင်းကြီးအတွက် နေကွယ်နေပါပြီ .... (၂၀၀၉ ရဲ့ အစောပိုင်းမှာ ...သွားတော့မယ်လို့ ခိုင်မာတဲ့သတင်းရပ်ကွက်က သတင်းရရှိပါတယ် .. )ဒီအတွက် မပျော်လိုက်ကြပါနဲ့ ...၊ သူ့ဘာသာသူသွားပါစေ ...ကိုယ် အကုသိုလ် ၀င်ယူမနေပါနဲ့တော့ ...။ နောင်ဘယ်သူဆက်ခံမလဲမသိပေမယ့် .... နောက်တက်မယ့်သူက ထူးမခြားနားမဖြစ်စေချင်ဘူး .... အနည်းဆုံး နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ချင်တဲ့ တစ်ယောက် အလှည့်ရောက်ပါစေဗျာ ... ။ အရင် က နေ့တိုင်းတောင်းတဲ့ဆုတစ်ခုက နိုင်ငံရေးနဲ့ အကျဉ်းကျခံနေရတဲ့ သူတွေ အမြန်ဆုံးလွတ်ဖို့ဆိုတာပါတယ် ... ။ အတိုက်အခံတွေကို ထောင်ထဲပို့လိုက်ရင် စိတ်ချရပြီလို့ ယူဆထားတဲ့ လူတစ်စုလက်အောက် ကနေ အမြန်ဆုံးလွတ်မြောက်ကြပါစေဗျာ...။

...May All B Peaceful ... and free from anxieties ....

Anonymous said...

65 years will not be ....
He will be free soon...
I believe so ...

My Lord, my God, why had you forsaken good men!!!!!!!!!!!!!!

Zephyr said...

ဘာလို့လည်းတော့မသိဘူး ...
ငြိမ်းချမ်းမှုနိမိတ်ကို ခံစားရတယ်....။
အမြန်ဆုံးပြန်လွတ်မှာပါဗျာ ....။

အောင်သာငယ် said...

sin dan lar ၊ မပန်၊ ကိုဝင်းဇော်၊ ညီငယ် တေးမွန်၊ ညီမ မတူး၊ မခင်မင်းဇော်၊ ညီမ ဂျစ်တူး၊ မကေ၊ ညီမ ချိုသင်း၊ ညီငယ် လင်းထက်၊ မမ၊ Anonymous နဲ့ Zephyr - ဆုမွန်များ၊ အားပေး စကားများ၊ စာနာ နားလည်မှုများ၊ မျှဝေ ခံစားပေးမှုများ အားလုံးအတွက် အားလုံးကို ကျေးဇူး အထူး တင်ပါတယ်။

အမှန်တရားအတွက် ဘ၀တွေ ရင်းနှီး ရဲရင့်ခဲ့ကြတဲ့ အကို အမတွေ ညီ ညီမတွေ အားလုံးအတွက် ဂုဏ်ယူလျက်ပါ။

A'karikz Yannaing said...

65 LIGHT-YEARS CHALLENGE

We don’t care of milky ways patrol
We don’t care of galaxy prison
We don’t care of sun-born troops
We don’t care of ironic abyss rules
We don’t care; we--just--don’t--care!!!

We are the truth-guiders of Burma
We are the patriotic burning stars
We are fighting to torch up the future
To build a new universe today & tomorrow
And to kick the Junta down into black holes!!!

FREE ALL THE POLITICAL PRISONERS RIGHT NOW!!!
A’karikz Yannaing
THE SECOND SECOND

Anonymous said...

ကိုခိုင်
ကျနော် လာသွားတယ်။ ဖတ်သွားတယ်။ ယူသွားတယ်။ ကျနော် ဖုန်းဆက်သေးတယ် အခါခါ။ မရလို့ ။
နေရိန်ကျော်(လင်းနွေးအိမ်)