Nov 5, 2008

သက်တန့်

လေးထောင့်တုံးများနဲ့ဆလင်ဒါများ ကို သုံးပြီး သက်တန့်တစင်း ဖန်တီးကြည့်တာပါ။

နောက်တော့လည်း အဲသက်တန့်ဟာ ပြန်ပြိုကျသွားလေရဲ့...း)







8 comments:

  1. မိုးကလေးစွေတုန်း နေသာရင် လှပတဲ့ သက်တန့် လေးကို ငယ်ဘ၀ကို အထူးအဆန်း ဖြစ်မိခဲ့ပါတယ်။ သူ့ရဲ့ ဖြစ်တည်မှုကိုမှ မသိသေး ဘဲကိုး။ နေရောင်က အားသာရင်၊ ဒါမှမဟုတ် မိုးမွှားလေးတွေ မရှိတော့ရင် သက်တန့်ဆိုတာ ပျောက်သွားမှာ သဘာဝပါ။ အားပေးမြဲ အားပေး လျက်ပါ
    http://winzaw-mdy.blogspot.com

    ReplyDelete
  2. အန်ကယ့် စိတ်ကူးတွေက လတ်ဆတ်နေတာပဲ ကျနော်တို့ လူငယ်တွေတောင် လိုက်မမှီတော့ဘူး အားကျတယ်ဗျို့..။

    ReplyDelete
  3. သက်တန့် အတုလေးကို လာခံစားသွားတယ်ဗျာ။

    ReplyDelete
  4. ဖန်ဆင်းထားတဲ့သက်တန့်ုတဲ့၊ ပြန်ပြိုကျသွားတယ်တဲ့၊
    တစ်ခုခုတွေးဖို့ပေးထားသလားလို့ သုံးထားတဲ့ လေးထောင့်တုံးတွေ ဆလင်ဒါတွေကို သွားကြည့်ပြီး ဘာတုံးတွေလည်း သေချာကြည့်နေသေးတယ်..
    သက်တန့်ထဲမှာ ဘာကိုပြောချင်တာလည်းဆိုတာ.. ခုထိမသိပါ။
    တော်တော်ပိန်းတဲ့ ကျွန်မပါ။ :(

    ReplyDelete
  5. သန့်တန့်နဲ့ပတ်သက်လို့ ကျမအဖေ သင်ပေးခဲ့ဖူးတာလေး ပြန်မျှမယ်နော် (ဆရာလုပ်တာ လုံးဝ … မဟုတ်) VIBGYOR ဗစ်ဘ်ဂျော လို့ အတိုကောက်မှတ်တဲ့။ Blue ပြီးမှ Green ဆိုလားလို့ပါ။

    ReplyDelete
  6. ဒီလောက်များတဲ့ guiter gadgets တွေ ၀ယ်စု ထားတာ..တော်တော် ထောတဲ့ guiterist ကြီးဖြစ်မယ်။
    အော်- သက်တန့်လုပ်လိုက်တော့လည်း.. ဖြစ်သွားတာပဲကိုး။ အမာထည်တွေရဲ့..သိပ်မွေ့မူကို ရှာဖွေတတ်တာ.. နဲတဲ့ အနုပညာတော့မဟုတ်။ ( မြှောက်ပေးလိုက်ပြီး)

    ReplyDelete
  7. မတူးတူးသာ ပြောတတွေ့လို့ ၀င်ပါလိုက်ဦးမယ်
    အနော်မှတ်ဖူးတာ ခရမ်းမဲပြာစိမ်းဝါလိမ်နီ တဲ့။
    ခရမ်း၊ မဲနယ်။ အပြာ၊ အစိမ်။ အ၀ါ။ လိမ်မော်။ အနီ။
    ကိုအောင်သာငယ်ရဲ့ သက်တန့်ကို မြင်မြင်ချင်း မှန်မမှန် အဲဒါနဲ့ ကိုက်ကြည့်လိုက်သေးတာ။

    ReplyDelete
  8. joshua - Thanks for stopping by and for your comment.
    ကိုဝင်းဇော် - အားပေးတာကျေးဇူးပါဗျို့။
    တူမောင်မျိုး - ကွန်မန့်အတွက် ကျေးဇူး။
    ကောင်းကင်ကို - အတုဆိုတော့ အစစ်လောက် မလှဘူးပေါ့လေ..း)
    sin dan lar - ဓါတ်ပုံဆရာက ပိန်းတာပါဗျား)
    မကေ - မချောအိသိမ်းကို အားကျလို့ installtion များ ဖြစ်မလားလို့ လုပ်ကြည့်တာပါ။ ခုလိုမြှောက်ပေးတဲ့အတွက် နောက်ထပ် installation တွေ လာပါဦးမယ်း)
    တူးတူးသာ - ပြန်ဝေမျှပေးတာ ကျေးဇူးပါ။ ဒါမဲ့ ကျနော့်မှာ ရှိနေတဲ့ အတုံးကလေးတွေက အရောင်စုံ မရှိဘူးလေ။ အဲတာကြောင့် ရှိတာနဲ့ လုပ်လိုက်ရတာပါ။ သက်တန့်က အရောင်တွေကိုတော့ သိတာပေါ့ဗျား)
    မပန် - မတူးတူးသာကို ရှင်းပြထားပြီးပြီလေ။ လိုတဲ့အရောင်လေးတွေ ဖြည့်ပြီး ကြည့်လိုက်ပေါ့ဗျား)

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...