Nov 11, 2008

ရှစ်ဆယ့်ရှစ်ပန်းပွင့်တွေ



















ရှစ်ဆယ့်ရှစ် ဆိုတာ
မောင်းပြန် ပစ်သတ်မရခဲ့
ဒေါင်းအလံ ချစ်တတ်ကြတဲ့
ပွင့်ချပ် ဖြူဖြူတွေ ဖြစ်တယ်...

၂၊ ၄၊ ၆၊ ၈၊ ၁၀
နှစ် ၂၀၊ ၆၅ နှစ်
ပန်းပွင့်တွေ အော်ရီပစ်လိမ့်မယ်...

သန်း ၅၀ ထဲက
အစင်ကြယ်ဆုံးပန်းတွေ
နွမ်းကြွေသွားခြင်း
အလျဉ်းမရှိ....

ငရဲခန်းထဲ ဖြစ်ပစေ
အမြဲတမ်း ပွင့်သစ်နေတယ်...
ရှစ်ဆယ့်ရှစ် ဟေ့ .......

ATN

12 comments:

  1. ငရဲခန်းထဲ ဖြစ်ပစေ
    အမြဲတမ်း ပွင့်သစ်နေတယ်...
    ရှစ်ဆယ့်ရှစ် ဟေ့ .......
    ...
    နေ့သစ်တွေ ရှေ့မှာရှိနေတယ်..
    ယုံကြည်ချက်တွေ မပျက်..
    ရှေ့ဆက်လို့ ချီတက်မယ်...။
    ....
    (ယုံကြည်ချက်အတွက် စွန့်ဝံ့ သူတွေ
    ယုံကြည်ချက်နဲ့ ပန်းပွင့်တွေ..
    ဦး ညွှတ် အလေးပြုလိုက်ပါတယ်....။)

    ၈၈ မျိုးဆက်သစ်ကျောင်းသားတွေ ရဲ့ မိသားစုတွေ အတွက် အားဖြစ်စေမဲ့ ကဗျာလေးပါ..။

    ReplyDelete
  2. ရှစ်ဆယ့်ရှစ် ဆိုတာ
    မောင်းပြန် ပစ်သတ်မရခဲ့
    ဒေါင်းအလံ ချစ်တတ်ကြတဲ့
    ပွင့်ချပ် ဖြူဖြူတွေ ဖြစ်တယ်...

    ငရဲခန်းထဲ ဖြစ်ပစေ
    အမြဲတမ်း ပွင့်သစ်နေတယ်...
    ရှစ်ဆယ့်ရှစ် ဟေ့ .......

    သိမ်းဆည်းထားရမဲ့ စကားလုံးတွေပါပဲဗျာ..။

    ငြိမ်းချမ်းအောင်

    ReplyDelete
  3. ၂၊ ၄၊ ၆၊ ၈၊ ၁၀
    နှစ် ၂၀၊ ၆၅ နှစ်
    ပန်းပွင့်တွေ အော်ရီပစ်လိမ့်မယ်...

    ကြိုက်သွားပြီ ချစ်ကိုကြီးရေ....
    တစ်ကယ်ပဲ ပန်းပွင့်လေးတွေက
    အော်ရီ ပြစ်ပါလိမ့်မယ်..။

    ReplyDelete
  4. ကောင်းလှတဲ့ ကဗျာလေး အကိုရေ
    စပ်တက်လိုက်တာ ဗျာ။

    ReplyDelete
  5. အမြဲလန်းဆန်း
    ဘယ်တော့မှမနွမ်းနိုင်တဲ့ပန်းတွေဘဲဖြစ်တယ်..
    ထောင်နှစ်ရှည်ကြီးကျသွားတဲ့ရဲဘော်တွေအတွက်တော့
    စိတ်မကောင်းဘူးဗျာ..
    သူတို့အတွက်အတတ်နိုင်ဆုံးလုပ်ပေးနိုင်တာကမပြီးဆုံး
    သေးတဲ့တိုက်ပွဲကိုကျရာနေရာကဆက်လက်ဆင်နွှဲနေဖို့
    ဘဲဖြစ်တယ်..အဲဒီအတွက်သူတို့ကျေနပ်ကြမှပါအကိုရေ..

    ReplyDelete
  6. ကဗျာလေး မိုက်တယ်ဗျာ။ အားမာန်ရတယ်။

    ReplyDelete
  7. ကဗျာလေး အရမ်းကောင်းတယ်....

    ReplyDelete
  8. ကဗျာလေးအတွက်ကျေးဇူးပါ၊ အားစိတ်အားမာန်နဲ့ ခွန်အားတခုရလိုက်တဲ့အတွက်............

    ReplyDelete
  9. ကောင်းလိုက်တဲ့ ကဗျာလေး အစ်ကိုရယ်...
    ကြက်သီးတွေတောင်ထမိတယ်...

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. ပန်းပွင့်တို့မည်သည် ပန်းပင် ရှိနေပါက တစ်ပွင့်ကြွေ တစ်ပွင့်သစ် စမြဲပါ...
    ကျောင်းသားဆိုတာလဲ အမြဲရှိနေမယ့် သူတွေ ဆိုတော့ နောက်မျိုးဆက်သစ် ကျောင်းသား အာဇာနည် လေးတွေ ဆက်ပြီးပေါ်ထွန်းလာနေမှာ ပါပဲ...။

    ReplyDelete
  12. မမ၊ ညီငယ် ငြိမ်းချမ်းအောင်၊ ချစ်ညီကြီး သားထူး၊ ညီငယ်ကိုအောင်၊ ညီငယ် ဆောင်းယွန်းလ၊ ညီငယ် ကောင်းကင်ကို၊ sin dan lar ၊ ကမာနီလာ၊ ညီမ ခေါင်ခေါင်၊ ညီငယ် လင်းထက်- အားလုံးပဲ လာလည် ဖတ်ရှုပြီး ကွန်မန့်တွေ ပေးသွားကြတဲ့အတွက် ကျေးဇူးပါ...
    ချမ်းမြေ့ကြပါစေ...း)

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...