Dec 3, 2008

ပျဉ်းမငုတ်တို

LA က အမျိုးသားနေ့ စာပေဟောပြောပွဲမှာ ကဗျာဆရာ ဆရာအောင်ဝေး ရွတ်ဆို သွားတဲ့ ဆရာကြီး မင်းသုဝဏ်ရဲ့ ကဗျာပါ။ တချို့ ငယ်ရွယ်သူတွေ... မသိမမီလိုက်သူတွေ... မဖတ်ဖူးသူတွေ... အတွက် ပြန်လည် ဖော်ပြလိုက်ပါတယ်။
(သက်ဝေ - တောင်းဆိုထားတာ ခုမှ တွေ့မိတာကြောင့်လည်း ပါပါတယ်)

ပျဉ်းမငုတ်တို

ဖု ထစ် ရွတ် တွ၊ ငှက်ဠင်းတ သို့
ပျဉ်းမ ငုတ်တို၊ သက်ကျားအိုသည်
ကုန်းမိုထက်တွင် တပင်တည်း။

ခွဆုံ အကွေး၊ သစ်ခေါင်းဆွေးလည်း
အဖေး တက်လာ၊ အိုင်းအမာသို့
ကျယ်စွာ ဟက်ပက် ခြအိမ်ပျက်။

ကုန်းမို ကမ်းပါး၊ မြေပတ်ကြားတွင်
စစ်သား ခမောက်၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း။

ထိုပင်ငုတ်တို၊ ပျဉ်းမအိုသည်
စစ်ကိုလည်း ကြုံ၊ ခြအုံလည်း ဖြစ်
ဓားထစ်လည်း ခံ၊ နေလျှံလည်း တိုက်
လေပြင်း ခိုက်လည်း၊ မငိုက် ဦးခေါင်း
နွေသစ် လောင်းသော်
ရွက်ဟောင်း ညှာကြွေ၊ ရွက်သစ် ဝေ၍
လေပြည်ထဲတွင်၊ ငယ်ရုပ် ဆင်သည်
အသင် ယောက်ျားကောင်းတကား။ ။

မင်းသုဝဏ်

၁၉၄၉၊ ဇန်န၀ါရီ (၁၁)

7 comments:

  1. မျှဝေးပေးတာ ကျေးဇူးပါပဲ အစ်ကို ရေ..
    ကောင်းလိုက်တာ..ကဗျာလေးက...

    ReplyDelete
  2. အရင်တုံးက မြန်မာကဗျာလက်ရွေးစင် (အလယ်တန်းလား။ အထက်တန်းလား ပါတယ်ထင်တယ်နော်...)
    အစ်မလုပ်တဲ့ လူက အော်ကျက်ရင် လိုက်အော်ရင်းနဲ့
    မသင်ဖူးပေမယ့် ကြားဖူးနေတယ်..
    ပြန်ဖော်ပြပေးလို့ ကျေးဇူးတင်ပါတယ်...။

    ReplyDelete
  3. စိတ်ထဲ မှာ..အဲဒီ ကဗျာ
    မြန်မာပြည်က မြန်မာကျောင်းသားတိုင်း သိတယ် ထင်နေတာ..
    ဒီ Comments တွေ တွေ့ ရတော့
    စိတ်မကောင်းလိုက်တာ....။

    ReplyDelete
  4. ပြန်လည်ဖော်ပြပေးတာ ကျေးဇူး အန်ကယ် ကောင်းလိုက်တဲ့ ကဗျာလေး

    ပျဉ်မငုတ်တို ပျဉ်းမအိုသည်
    စစ်ကိုလည်း ကြုံ၊ ခြအုံလည်း ဖြစ်
    ဓားထစ်လည်း ခံ၊ နေလျှံလည်း တိုက်
    လေပြင်း ခိုက်လည်း၊ မငိုက် ဦးခေါင်း
    နွေသစ် လောင်းသော်
    ရွက်ဟောင်း ညှာကြွေ၊ ရွက်သစ် ဝေ၍
    လေပြည်ထဲတွင်၊ ငယ်ရုပ် ဆင်သည်
    အသင် ယောက်ျားကောင်းတကား။ ။


    လေးစားထိုက်တဲ့ ပျဉ်းမ ငုတ်တိုကို အစဉ်ဦးညွှတ်လျှက်ပါဗျာ.......။

    ReplyDelete
  5. ဟုတ်ကဲ့ ကျေးဇူးကြောင်းပြောချင်လို့ပါ အစ်ကိုကြီးရေ
    ရုပ်ရှင်ပဲ ကြည့်ဖူးတာလေ....နာမည်ပဲ ကြားဖူးတာလေ
    ခုမှ ကဗျာဖတ်ဖူးတာပါ...
    ကျေးဇူးကမ္ဘာပါနော....

    ReplyDelete
  6. ကျေးဇူးအထူးပါ အကိုရေ...
    ငယ်ငယ်က ကျက်ခဲ့ဖူးပေမယ့် အသက်တွေက ကြီးလာလေတော့ မမှတ်မိတော့ဘူး...
    ပြန်ရွတ်ကြည့်တာ ကပေါက်တိ ကပေါက်ချာနဲ့  ကောင်းကောင်းမရတော့တာကြောင့် အကို့ ကို ပြန်တင်ပေးဖို့ တောင်းဆိုရတာပါ...
    ကူးယူသွားပါတယ်

    ReplyDelete
  7. ခေါင်ခေါင်၊ sin dan lar ၊ တူမောင်မျိုး၊ mirror ၊ သက်ဝေ - U all R welcome! :)

    MaMa - လူငယ်တွေကတော့ ဘယ်သိနိုင်ပါ့မလဲဗျာ... ဒါကြောင့် ပြန်ဖော်ပြပေးတာပါ။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...