Jan 2, 2009

ဧရာဝတီအလွမ်း















ဘာရယ်လို့တော့ မဟုတ်ပါဘူး ဟိုတွေး သည်တွေးနဲ့ သတိရမိတာလေး ရေးလိုက်တာပါ။ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုကြတဲ့ အဆိုတော်တွေအထဲမှာ ခင်ဝမ်းကို အတော် ကြိုက်နှစ် သက်ပါတယ်။ သူ့ သီချင်းအားလုံးကို မကြိုက် သော်လည်း သူ့ရဲ့ သီချင်း စာသားတွေ တိုင်းကို အလေးအနက်ထား ခံစားမိပါတယ်။ သူရဲ့ တချို့ သီချင်းတွေက သီချင်းနဲ့တူပြီး တချို့ကျတော့လည်း သူဆွဲတဲ့ ပန်းချီတွေနဲ့ ပိုတူပါတယ်၊ တချို့ သီချင်းတွေ ကတော့ ကဗျာ တွေနဲ့ ပိုတူနေပြီး ဆိုဖို့ထက် ရွတ်ဖတ်ဖို့ ပိုကောင်းတယ် ထင်ပါတယ်။

သို့သော်လည်း ဆယ်ချီနေတဲ့ သူ့သီချင်းတွေထဲမှာ ပန်းချီတချပ်နဲ့လည်းတူ ကဗျာ တပုဒ် နဲ့လည်းတူတဲ့ အလွန်တရာ သီဆိုလို့ ကောင်းလှတဲ့ သီချင်းတပုဒ်ကို ခုရက်ထဲ အသံမဲ့ ဆိုဆိုနေမိလို့ပါ။ သီချင်း နံမည်ကတော့ ဧရာဝတီ-ပါ။ ဧရာဝတီဟာ အမိဗမာပြည်ရဲ့ သွေးကြောကြီး၊ ဗမာပြည်ရဲ့ ကျောရိုးကြီး၊ ဗမာပြည်ရဲ့ ၀ိညာဉ်၊ ဗမာပြည်ရဲ့ သမိုင်း၊ ဗမာပြည်ရဲ့ ပုံရိပ်တိုင်းကို သယ်ဆောင်ထားတဲ့ ပြတိုက်ကြီး။ ဧရာဝတီကို ဂုဏ်ပြုစပ်ဆိုခဲ့ကြတဲ့ စာတွေ၊ ကဗျာတွေ၊ တေးသီချင်းတွေအနက် ခင်ဝမ်းရဲ့ ဧရာဝတီကတော့ ရင်ထဲမှာ အမြဲ စီးဆင်း နေတာပါပဲ။

တခါတခါ ဗမာပြည်ကို လွမ်းဆွတ်တဲ့အခါ ဧရာဝတီကို ရွတ်ဆိုမိပါတယ်။ ဘ၀ထဲမှာ ဧရာဝတီလို ခရီး ဆက်ထွက် ခဲ့နိုင် တာကလည်း ခင်ဝမ်းရဲ့ ဧရာဝတီကြောင့် ဆိုလည်း မမှား နိုင်ပါဘူးလေ။ တနေ့နေ့တော့ ဧရာဝတီရဲ့ ကမ်းနဖူးဘေးမှာ ဂစ်တာလေး တလုံး ပွေ့ပိုက်လို့ ခင်ဝမ်းရဲ့ ဧရာဝတီကို သီဆိုနိုင်မယ့် အခိုက်အတန့် ပြန်ရ လိမ့်မယ် ထင်ပါရဲ့... ...

ဧရာဝတီ
ရေး၊ဆို - ခင်ဝမ်း

တိမ်တိုက်တွေရဲ့... အဆုံး... အနောက်ဖက်က... အဝေး... မိုးကုပ်... တနေရာမှာ...
နေရောင်... တချို့... ရှိနေသေးရဲ့...
မြူတွေ... ဆိုင်းနေတဲ့... ရခိုင်ရိုးမရဲ့... အရိပ်...
ဟိုး... တဖက်ကမ်းခြေ... မြစ်ရိုးမှာ... မှောင်မိုက်နေပြီ...

အေးမြတဲ့... မြောက်လေကြောင်းကို... ဆန်ပြီး... ပျံသန်းခဲ့တဲ့... ငှက်ကလေးတွေ...
အလင်းရောင်က... မရှိမဲ့... ရှိမဲ့...
ခရီးဝေးကို... ပျံသန်းခဲ့ရလို့... ပင်ပမ်းခဲ့ပြီလား...
ခရီးဖော်... အပေါင်းအသင်းတွေနဲ့... မိုးမချုပ်မီ... အိမ်ကို... ပြန်ခဲ့ပြီ...

ဧရာဝတီ... ဧရာဝတီ... ဧရာဝတီ... ဧရာဝတီ...
တည်ငြိမ်တဲ့... သူ့ရဲ့... ရေအလျဉ်... ရင့်ကျက်တဲ့... ရေပြင်...
တည်ငြိမ်တဲ့... သူ့ရဲ့... ရေအလျဉ်... ရင့်ကျက်တဲ့... ရေပြင်...
ကြည့်လိုက်စမ်းပါ... ခမ်းနားတဲ့... သူ့ရဲ့အသွင်... မဟာသဘာဝရှင်...
ဧရာဝတီ... ဧရာဝတီ... ဧရာဝတီ... ဧရာဝတီ...

မှိုင်းညို့တဲ့... အေးမြခြင်း... လောကရဲ့... အမိုး... ကောင်းကင်တနေရာမှာ...
ငွေကြယ်ကလေး... လင်းလက်နေခဲ့...
အပြာရောင်... လွှမ်းနေတဲ့... ငွေညရဲ့အောက်...
တကိုယ်တော်... ခရီးကို... ထွက်ဖို့... မြစ်မင်းဟာ... ခရီးဆက်ခဲ့ပြီ...

ဧရာဝတီ... ဧရာဝတီ... ဧရာဝတီ... ဧရာဝတီ...
တည်ငြိမ်တဲ့... သူ့ရဲ့... ရေအလျဉ်... ရင့်ကျက်တဲ့... ရေပြင်...
တည်ငြိမ်တဲ့... သူ့ရဲ့... ရေအလျဉ်... ရင့်ကျက်တဲ့... ရေပြင်...
ကြည့်လိုက်စမ်းပါ... ခမ်းနားတဲ့... သူ့ရဲ့အသွင်... မဟာသဘာဝရှင်...
ဧရာဝတီ... ဧရာဝတီ... ဧရာဝတီ... ဧရာဝတီ...

(မူရင်း ခင်ဝမ်းသီချင်းကလည်း လက်ထဲမှာ မရှိ။ အွန်လိုင်းမှာလည်း ရှာလို့မရ ဆိုတော့ YouTube ကတွေ့တဲ့ ခင်မောင်တိုး ပြန်ဆို ထားတဲ့ ဧရာဝတီကိုပဲ တင်ပေးလိုက်နိုင်ပါတယ်။ အဆုံးမှာတော့ ခင်ဝမ်းဆိုခဲ့တဲ့ အပိုဒ် တပိုဒ်ကို Mix လုပ်ထားပါတယ်)

15 comments:

  1. ပန်းချီကားတစ်ချပ်လို့ အသက်ဝင် လှတဲ့ သီချင်းကောင်းလေး တစ်ပုဒ်ပါခင်ဗျာ။ ငယ်စဉ် ဘ၀က ဦးလေးတွေ ဖွင့်တာ မကြာခဏ ကြားရတော့ နားယဉ်နေခဲ့တဲ့ သီချင်းလေးပေါ့။

    ReplyDelete
  2. အစ်ကိုကြီးရေ....
    ဧရာဝတီတို့၊ ပြည်မှာဆောင်း တို့ကို
    ပြည်က ဧရာဝတီမြစ်ကမ်းမှာ ထိုင်ရင်း
    ခံစားခဲ့တာတွေ ပြန်လွမ်းသွားပြီ....

    ReplyDelete
  3. ခင်ဝမ်းသီချင်းတွေကိုကြိုက်တယ်ဗျာ...ကလေးဘ၀က နားထောင်ခဲ့ပေမယ့် စွဲလန်းနေတုန်းပဲ...

    ReplyDelete
  4. ဧရာဝတီ.. မြစ်ကမ်း နဖူး ပေါ် ထိုင်ပြီး ဂစ်တာ တီးချင် တဲ့ ဆန္ဒ အမြန် ပြည့် ပါစေ လို့ ဆုတောင်းပါတယ်..

    ReplyDelete
  5. အန်ကယ့်ရေ့ ကျနော်ခုမှပဲ နားထောင်ဖူးတာ သီချင်းလေးကော သံစဉ်လေးပါ အရမ်းကောင်းတယ် ကျေးဇူးပါ ။

    ReplyDelete
  6. ခင်ဝမ်းအသံ အစစ်နဲ့ ဧရာဝတီကို MyanmarMP3.net မှာ ယူလို့ရပါတယ်။
    --
    နေမစောင်းခင်တော့.. ဧရာဝတီကမ်းနဖူးမှာ.. ဂစ်တာလေး တလုံး နဲ့.. သီချင်းတွေ ဆိုနိုင်ပါစေ လို့..ဆန္ဒပြုပါတယ်။

    ReplyDelete
  7. အစ်ကိုရေ သီချင်းနားထောင်သွားတယ်

    ReplyDelete
  8. သီချင်းနားထောင်သွားတယ် အစ်ကိုရေ..
    တစ်ကယ်လှပတယ့် ခံစားမှုစစ်စစ်ပါဗျာ..

    မိုးကြယ်

    ReplyDelete
  9. ခင်ဝမ်းအလွမ်းပြေ အတူတူပေါ့ဗျာ..
    ချစ်တဲ့ဧရာဝတီကို လွမ်းတယ်ဗျာ...

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. ခင်ဝမ်းကြိုက်တဲ့ သူတစ်ယောက်ကို ဒီနေ့ဘဲသတိရနေတယ်။

    ReplyDelete
  12. 3 Jan 09, 09:55
    ဂင်ကြီး: သိတ်ကောင်းတဲ့သီချင်းပါဗျာ

    ReplyDelete
  13. 3 Jan 09, 11:27
    tututha: ဧရာဝတီလာနားထောင်သွားတယ်အစ်ကိုကြီး

    ReplyDelete
  14. JulyDream - တကယ့် သီချင်းလှလှလေးပါ ညီရေ့...
    sin dan lar - ကျနော်လည်း လွမ်းလို့ ရေးမိတာလေ...
    P.Ti. - ဟုတ်ပါ့ဗျာ...
    MaMa - ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ...
    Tu MgMyo - ခဏခဏ နားထောင်ပေးလေ ငါ့တူ...
    Ma Kay - နေမစောင်းပါစေနဲ့လို့ အရင်ဆုံး ဆုတောင်းရမလား မသိဘူးနော်...
    Ko Myo Win Zaw - ကျေးဇူးပါ ညီရေ့...
    ကိုမိုးကြယ် - ကျေးဇူးပါ ညီလေးရေ့...
    WinLatt - အားလုံးပဲ လွမ်းနေကြတယ် ထင်ပါ့...
    Ma Khin Oo May - တိုက်ဆိုင်နေတာပေါ့လေ...း)
    Ko Gin Gyi - ဟုတ်ပါ့ဗျာ...
    TuTuTha - ကျေးဇူး မတူးရေ့...

    ReplyDelete
  15. သီချင်းကောင်းကောင်းလေးတွေနားထောင်ချင်လို့ ရှိရင်....
    http://music.all-channel.com/listensong.aspx?a=230

    မှာ နားထောင်လို့ ရပါတယ်..အကိုရေ...

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...