Jan 4, 2009

လပြည့်ည



















ဘယ်သွားဦးမလဲ... လမင်းရယ်...
သည်မှာပဲနေပါ...
မင့်... အပြာရောင် ဆံနွယ်တွေကြား...
အပြေးအလွှား... ငါ... ပုန်းအိပ်မလို့...
အရိပ်ဆိုးတွေ အကြား...
အတိတ်ကို မေ့ထားပါရစေတော့...

တစုံတဦး... ညည်းငြူနေသလိုမျိုး...
တိုးတိတ်ညင်သာ...
ဆုတောင်း ၀တ်ပြုသံတွေကိုသာ ကြားတယ်...
မင့်ကိုယ်စားတော့ ဟုတ်မယ် မထင်လေဘူး...

ညဉ်ကတော့ နက်နေဆဲပါပဲ...

ရေလှိုင်းတွေ ...
တိတ်တဆိတ် သယ်ဆောင်လာနေတဲ့...
အပြာရောင်လေးသာ...
အလင်းဆီမှာ...
စွန်းထင်းပေကျံနေခဲ့ပါတယ်...
မင့်.. ကိုယ်စား...

မင့်အနား...
ခဏလောက်...
ငါ.. နေပါရစေ...

ဒါမှမဟုတ်...

ငါ့.. အနား...
မင်း... ခဏလောက်...
နေပေးပါ...

လောကဟာ...
ပျော်စရာ... ကောင်းလှချည့်... ...

ATN

Photo source: http://msl-artworksandphotography.co.uk/resources/Moon+Painting.jpg

18 comments:

  1. ဖတ်သွားတယ်အစ်ကို .. ..
    သူ့အနားပဲ ကိုယ်နေနေ
    ကိုယ့်အနားမှာပဲ သူနေနေ
    အပျော်ရွှင်ဆုံး အချိန်တွေ ဖြစ်မှာပါ ..

    Http://winzaw-mdy.blogspot.com

    ReplyDelete
  2. တရုတ်စကားပုံတခုထင်ပါရဲ့။ ညတိုင်းတော့ ဘယ်လသာနိုင်ပါ့မလဲ တဲ့။ အဲဒီလို လမိုက်ညတွေ၊ လကွယ်ညတွေရှိခဲ့လို့လည်း လပြည့်ညက ပိုပြီး လှပကြည်နူးစေတာပေါ့နော်။ တခါတလေမှာ လောကဟာပျော်စရာကောင်းလှချည့်လို့ တွေးမိတယ်ဆိုရင်ပဲ ဘ၀ဟာ နေပျော်ပါတယ်ဗျာ နော့။

    ReplyDelete
  3. အင်းတော်တော်လေးကို လွမ်းလွမ်းဆွေးဆွေးလေးကိုဖြစ်သွားတယ်
    ခံစားချက်တွေတိုက်ဆိုင်တာလားဘဲနော်
    ပျော်ရွင်ပါစေဗျာ

    ReplyDelete
  4. ကိုဝေလင်း ပြောတာ သဘောတူတယ်။

    ReplyDelete
  5. ကဗျာလေးကဆွဲဆောင်မှုရှိတယ်ဗျ..
    သေသေခြာခြာကိုခံစားသွားတယ် အစ်ကိုရေ..

    လေးစားလျက်
    မိုးကြယ်

    ReplyDelete
  6. ကျနော့်အကိုကြီးလပြည့်ညကိုခံစားပုံကလှတယ်ဗျာ
    ကဗျာလေးကိုကြိုက်တယ်အကိုရေ..
    ညမှာလမပြည့်တဲ့အခါတွေကျရင်လည်း
    စိတ်မှာနေပျော်ဖို့အတွက်စိတ်ကူးနဲ့ဘဲလကိုထွက်ခိုင်း
    လိုက်ပေါ့အကိုရာ..အဲဒီအခါညတွေဟာလှပလာလိမ့်မှာ
    ပေါ့..
    ခင်မင်လျက်....

    ReplyDelete
  7. ဘယ်သွားဦးမှာလဲ ...ဆိုတော့
    ပျော်စရာကောင်းတဲ့ လောကကြီးကို လှည့်ပတ်ကြည့်ဦး မလို့ပါ လို့...

    ReplyDelete
  8. လပြည့်ညလေးကလှလိုက်တာအစ်ကိုရာ

    ReplyDelete
  9. ;) အန်ကယ်က အရွယ်နဲ့ မလိုက်အောင် စိတ်ကူးလေးတွေ နုဖတ်နေတာပဲ ဟီးး တူမောင်တို့ရေးဖို့ထားပါအုံးးဗျ ။

    ReplyDelete
  10. အလင်္ကာရော- ရသရော မြောက်တဲ့..နောက်ထပ် ကဗျာကောင်းတပုဒ်ပါပဲ။

    ReplyDelete
  11. ကိုအောင်...
    ရှယ်ဘဲဗျာ...
    ၂၄နှစ်လောက်တောင် နောက်ပြန်လွမ်းမိသွားသလိုဘဲ။
    ဒီကဗျာလဲ သိမ်းရဦးမှာဘဲ...။

    ReplyDelete
  12. ကဗျာ အရေးအသားက နုရွနေတာပဲဗျာ။ ရှယ်ပဲ။ ပျော်စရာ ကောင်းတဲ့  လောကဖြစ်အောင် ကိုယ့်စိတ်ကူးထဲမှာပဲ လမင်းကို အပိုင်သိမ်းထားလိုက်တော့မယ်ဗျာ။

    ReplyDelete
  13. အစ်ကိုရေ ကဗျာဖတ်ပြီးအတွေးတွေသယ်သွားပါတယ်။ ဖတ်ဖူးတဲ့စာတစ်ပုဒ်ထဲမှာတော့ လရောင်ဟာ ဘယ်သူပေါ်မဆို ညီတူညီမျှအလင်းရောင်ပေးသတဲ့။ ဒါပေမယ့် စင်္ကာပူမှာဆိုရင်လသာတာတောင် သတိမထားမိအောင်လျှပ်စစ်မီးရောင်တွေကလွှမ်းမိုးလွန်း လို့ လရောင်ရဲ့အလှကိုတောင်မခံစားရတာကြာပေါ့။ စိုင်းထီးဆိုင်ရဲ့သီချင်းကိုတောင် စင်္ကာပူမှာလည်းလသာလျှက်ပါပဲ လို့ပြောင်းဆိုရင်ကောင်းမလားမသိပါဘူး။

    ReplyDelete
  14. အကိုကြီးရဲ့ လပြည့်ည ကို ခံစားသွားပါတယ်။

    ReplyDelete
  15. အစ်ကိုကြီး..စိတ်မဆိုးဘူးဆို တစ်ခုပြောမလို့။အစ်ကိုထုတ်ကုန်တွေထဲမှာ ညီမက ကဗျာကိုပိုလေးနက်တယ်။ဒါဘွင်းဘွင်းပြောတာ။
    ဒီကဗျာလဲ ကြိုက်တာပဲ။

    လေးစားခင်မင်လျက်

    ReplyDelete
  16. 6 Jan 09, 06:48
    99: လပြည့်ညကို ငြိမ်ငြိမ်လေး ထပ်ပီးခံစားသွားတယ် .. ရင်ထဲငြိမ်းသွားတာပဲ ဘရိုရာ။ :)

    ReplyDelete
  17. "လောကဟာ...
    ပျော်စရာ... ကောင်းလှချည့်... ..."

    ကိုယ်တိုင်ပျော်ဝင်ပြစ်လိုက်တယ်..။ ခဏပဲ..မကြာပါဘူး... ကျွန်တော်ကိုယ်တိုင် ညဖြစ်သွားတယ်...။

    ReplyDelete
  18. ကိုဝင်းဇော်၊ ကိုဝေလင်း၊ စိတ်ဖြေရာ၊ မပန်၊ ကိုမိုးကြယ်၊ ဆောင်းယွန်းလ၊ မီယာ၊ အိုင်လွယ်ပန်၊ တူမောင်မျိုး၊ မကေ၊ ကိုသစ်၊ ဇင်ယော်ကြီး၊ မေ့သမီး၊ မစ်ရာ၊ ညီနိုင်းနိုင်း၊ ညီအိပ်မက်နက် - အားလုံးပဲ လပြည့်ညကို ခံစားသွားကြတဲ့အတွက် ကျေးဇူး အထူးပါ။

    အောင်သာငယ်

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...