Jan 16, 2009

ရင်ခွင်ည






















ညဟာ
အသက် မရှူနိုင်ပါဘူး...

အလွမ်း စိုစွတ်နေတဲ့ မြက်သီးတွေ
တွယ်ကပ် ငြိပါနေတဲ့ နေ့တွေက
ရင်ဝမှာ
လှလှပပကြီး စူးနစ်လို့...

ဒဏ်ရာတွေ ပွတ်သပ်ရင်း
လရောင်ဝတ်ရုံပြာ
ဖြည်းဖြည်းချင်း... သူ.. ခြုံရှာတယ်...

တမ်းတခြင်း နှင်းမှုန်တွေ
မှိုင်းအုံနေတဲ့ ကောင်းကင်နံရံမှာ
ပါးကို အသာကပ်ကြည့်တယ်...

မျက်လုံး မှေးမှိတ်ရင်း
အသက် ခပ်မျှင်းမျှင်း ရှူကြည့်တဲ့အခါ
အေးမြ အရုဏ် လေပြည်ထဲမှာ
ချစ်သူ့ ရင်ခုန်သံ ကြားတယ်...

သည်လိုနဲ့
ပိတ်ထားတဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်တယ်...
အလင်းရောက်လာမယ့်
ဖြူလွလွ လမ်းတလျှောက်
မိုးသောက်ကြယ် အဖော်ပြုရင်း
တေးချင်းသီကျူးမိတဲ့အခါ
ချစ်သူ့ ရနံ့တွေ ရလာပြန်တယ်...

သည့်နောက်မတော့
ညဟာ
ပျော်ရွှင်သွားတဲ့ ဟန်နဲ့
နေ့သစ်ရဲ့ မီးလျှံတွေထဲ
ရဲရဲကြီး ပြေးဝင်သွားလေရဲ့... ...

ATN

(သရုပ်ဖော်ပုံကို Adobe Photoshop CS3 နဲ့ ဆွဲထားပါတယ်)

16 comments:

  1. အောက်ဆုံးနှစ်ကြောင်းက ကဗျာရဲ့pointပဲ..။
    ကောင်းလိုက်တာ..

    ReplyDelete
  2. အောက်ဆုံးနှစ်ကြောင်းက ကဗျာရဲ့pointပဲ..။
    ကောင်းလိုက်တာ..

    ReplyDelete
  3. ဟာ...
    ကောင်းလိုက်တဲ့ကဗျာပါ.. ကိုအောင်သာ...

    ကျမကတော့ ဒီနေရာလေးကို အနှစ်သက်ဆုံးပါ

    ((မျက်လုံး မှေးမှိတ်ရင်း
    အသက် ခပ်မျှင်းမျှင်း ရှူကြည့်တဲ့အခါ
    အေးမြ အရုဏ် လေပြည်ထဲမှာ
    ချစ်သူ့ ရင်ခုန်သံ ကြားတယ်...))

    ReplyDelete
  4. အစ်ကိုရေ။ ပုံရော ကဗျာကော ရှယ်ပဲ။ အစ်ကို ခုတလော အပြာရောင်ညပုံတွေ ဆက်တိုက်ဆွဲနေပါလားဗျ။ ကျွန်တော်တော့ ဟိုနေ့ က အစ်ကိုနဲ့တွေ့ တဲ့အချိန်ကလောက်တော့ မဆိုးတော့ဘူးဗျ။

    ReplyDelete
  5. အန်ကယ့် ရင်ခွင်ထဲက ညဟာ ကြယ်တွေတောက် လတွေတောင်သာနေလိုက်တာ ညရဲ့ ဂုဏ်သတ္တိတွေအများကြီး ဒီကဗျာထဲမှတွေ့လိုက်တယ် ။

    ReplyDelete
  6. ညက အေးစက် တိတ်ဆိတ်ပေးနေရတုန်း
    ချစ်သူရှိတယ်ဆိုတဲ့ စိတ္တဇလေးနဲ့တင်
    အမှန်တရားရှိရာ ရဲရင့်ခွင်းထွက်လိုက်ပုံ..

    အဲလို ခံစားရတယ်ဗျ..

    ReplyDelete
  7. ဖန်တီးနိုင်စွမ်းအား အရမ်းကောင်းပါလား အစ်ကိုကြီရေ။ ပုံရော ကဗျာရော အရမ်းမိုက်တယ်ဗျို.။ ရင်ခွင်ညက တကယ့်ကို အသက်ဝင်ပြီး လှပနေလိုက်တာဗျာ။

    ReplyDelete
  8. ကဗျာကောပုံကော...ကောင်းမှကောင်းအစ်ကိုရေ

    ReplyDelete
  9. အော်..လွမ်းပါတယ်ဆိုမှ....

    ReplyDelete
  10. စိတ်ကြည်နေပုံရတယ်..:)

    ReplyDelete
  11. အကိုကြီးကဗျာကို ဖတ်ကြည့်လိုက်တော့မှ အကို့
    နှလုံးသားရယ့် နုပျိုလန်းဆန်းမှုတွေကို သိလိုက်ရတယ်။
    ကောင်းတယ် အကိုရေ။

    ReplyDelete
  12. ညထဲမှာပျော်ဝင်သွားတယ်ဗျာ...ကဗျာကောင်းတယ်အကိုရေ..အေးအေးမြမြလေးနဲ့လှနေတာ...

    ReplyDelete
  13. 16 Jan 09, 09:03
    sin dan lar: ကိုအောင်သာငယ့် ကဗျာဖတ်ရင် ကောင်းလိုက်တာ မှတ်ချက်ပဲ ပေးစရာရှိ၊ ဘယ်နေရာဘယ်လိုကောင်းောကာင်း မပြောတတ်သောကြောင့် မမန့်တော့ပါ..။ :clap

    ReplyDelete
  14. 16 Jan 09, 10:29
    သားထူး: ချစ်ကိုကြီးရေ..အပြစ်ပြောစရာမရှိအောင်ကောင်းတဲ့ အကိုကဗျာတွေကို အဆင်အားပေးလျှက်ပါနော့

    ReplyDelete
  15. တစ်ပုဒ်လုံး ကြိုက် လို့..
    အလွတ်ကျက် သွား တယ်...

    ReplyDelete
  16. ညဦးယံကနေပြီး..နေ့သစ်တခု ကူးသွားတဲ့ ကာလ အလင်္ကာလေးထဲမှာ.. အကြောင်းအရာတွေ အမျိုးမျိုး ကို ထဲ့သွင်း ခြယ်မှုန်းနိုင်တဲ့.. ကဗျာလှလှလေး တပုဒ် ပါ။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...