Jan 5, 2009

City Night
















သားအငယ်က နေမကောင်း... လူလည်း တညလုံး မအိပ်ရ... ဒါနဲ့ သားကလေးကို ပခုံးပေါ်ထမ်းရင်း ကျော် ဖြတ်ခဲ့တဲ့ ညတညမှာ တွေ့မြင်ခဲ့ရတဲ့ မြို့ပြရဲ့ မီးရောင်တွေ ညအမှောင်တွေကို စာလည်း ရေးကြည့်လို့ မရ... ကဗျာလည်း စပ်လို့မရတာနဲ့... ပန်းချီ ဆွဲကြည့်လိုက်ပါတယ်... Adobe Photoshop CS3 နဲ့ ဆွဲထားပါတယ်...။

ခံစားကြည့်ကြပါဦး... (ကြီးကြီးကြည့်ချင်ရင် ပုံကို ကလစ် လုပ်ကြည့်နိုင်ပါတယ်)

12 comments:

  1. အကိုရေ.အကို့ပန်းချီကားထဲကမြို့ပြရဲ့အလင်းရောင်တွေ
    နဲ့ညအမှောင်ကိုကဗျာတစ်ပုဒ်ဖတ်သလိုဖတ်ရင်းခံစား
    သွားပါတယ်..
    ခင်မင်လျက်.....

    ReplyDelete
  2. အရောင်စုံတဲ့မြို့ပြညတွေက မွန်းကျပ်လွန်းတယ်အစ်ကို

    ReplyDelete
  3. ကိုဆောင်းယွန်းလိုဘဲ...
    ကြည့်ရင်း ရင်မှာ ကဗျာလေး တစ်ပုဒ် ဖြတ်ပြေးသွားခဲ့တာလေးကို... အမှတ်တရ ထားခဲ့ပါတယ်နော်...

    ညဟာ ညဆန်ဆန်
    လှည့်စားချင်တာလား
    “ငါ” မသိ..!!

    မြို့ပြဟာ မြို့ပြပီသစွာ
    ကြွားဝါချင်တာလား
    “ငါ” မခံစားတတ်..!!

    သားငယ်ဟာ ကလေးပီသစွာ
    ဖျားနားခြင်းကို ကျော်ဖြတ်လို့..
    “ငါ” ဟာလည်း အဖေပီသစွာ
    ပုခုံးထက်မှာ သားကိုထမ်းလို့ပေါ့

    ဒီလိုနဲ့....
    ကဗျာစပ်မရတဲ့ ငါ့ညကိုဖြတ်ဖို့
    “ငါ” ပန်းချီဆွဲတယ်
    “ငါ့ပန်းချီ” နဲ့ “ငါ့ရင်ဘတ်” ကို
    နားလည်ပါစေ.. တောင်းဆုချွေ၏။

    ခင်မင်တဲ့...

    ReplyDelete
  4. အစ်ကို ရဲ့ နွမ်းလျစိတ်က တွင်းနက်ကြီးလိုဘဲ

    ReplyDelete
  5. သားကလေး အမြန်ဆုံးနေကောင်းပါစေ....

    ReplyDelete
  6. ည အိပ်ရေး ပျက်ပေမဲ့
    ယူတတ်တော့ လဲ အမြတ်ပါပဲ..
    .........
    အတွေးပွား စရာ
    ပန်းချီ ကားလေး တစ်ချပ် ရခဲ့ တယ်..
    ....
    ဘ၀အမော တွေ စီးမျော နေတဲ့ ည..
    အလှ သဘောတွေ ..ရော နှော နေတဲ့ ည..
    သိင်္ဂါရ.. ရသ နဲ့ လှပနေတဲ့ ည...
    တချို့ ကျတော့လဲ...
    နူးညံ့ တဲ့ အိပ်မက် ၀ိုင် တွေနဲ့..
    တချို့ က တော့ ဆူညံ ပေါက် ကွဲ လို့..
    တချို့ က မျှော်လင့် ခြင်း တေးသွားတွေ သီကျူးရင်း..
    တချို့ ကျ တော့ အနာ ဂတ်မဲ့ စွာ....
    အဲဒီ ရောင်စုံ ...မြို့ ပြရဲ့ ည ထဲ မှာ ပေါ့......။
    ........
    ...................
    သားငယ်လေး သာ... နေမကောင်း မဖြစ်ခဲ့ရင်..
    ဒီ ရှု ခင်း ဘယ်လို မြင် ခဲ့ ပါ့ မလဲ......
    ဒါပေမဲ့...
    ကလေး နေမကောင်း လို့ ည မအိပ်ရတာ
    ကိုယ် ချင်းစာ မိပါတယ်..
    သားလေး.. အမြန် ကျန်းမာပါစေ.....။

    ReplyDelete
  7. သားလေးမြန်မြန် နေကောင်းပါစေ..

    ပန်းချီလေးကို သဘောကျတယ်

    ReplyDelete
  8. ကလေးက နေမကောင်း အခုဖြစ်တာလားဗျ။ သားလေးမြန်မြန်နေကောင်းပါစေဗျာ။

    ReplyDelete
  9. ညီလေးက နေမကောင်းဖြစ်နေတာလားဗျ ။ မြန်မြန်နေကောင်းလာပါစေ ပန်းချီမဆွဲတက်တော့ အန်ကယ်ဆွဲထားတာလေးပဲ ကြည့်သွားတယ် ကောင်းတယ်လို့ပဲပြောရမှာပေါ့ ကျနော်မှမတက်တာ..နော့်လေဗျား)

    ReplyDelete
  10. သေချာတော့နားမလည်ဘူးအစ်ကို...
    ဒါပေမယ့် မြို့ပြရဲ့မွန်းကျပ်မှုကိုရနေတယ်.....
    အဆင်ပြေချမ်းမြေ့ပါစေအစ်ကိုရေ ......

    ReplyDelete
  11. အတွေးတွေအများကြီးကျန်ခဲ့စေတယ် အစ်ကို...။ Great Art!

    ReplyDelete
  12. ဆောင်းယွန်းလ၊ ၇ွာသားလေး၊ ကိုရင်နော်ခင်လေးငယ် (ကဗျာလေးအတွက် ကျေးဇူး အထူးပါ)။ ကိုမျိုးဝင်းဇော်၊ မမ၊ မပန်၊ ကောင်းကင်ကို၊ တူမောင်မျိုး၊ အိုင်လွယ်ပန်၊ အိပ်မက်နက်.. မြို့ပြညကို လာရောက် ခံစား သွားကြတဲ့အတွက် ကျေးဇူး အထူးပါ။

    အောင်သာငယ်

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...