Feb 4, 2009

ကိုယ်တိုင်ဖတ်မရတဲ့စာ






















အရေပြား အသစ်ကို ခြုံတယ်..
ဒါတောင် မလုံသေး...

သုံးရာ့ခြောက်ဆယ်ဒီဂရီ အမှားထဲ
အဖျားကဲနေသူကို
သတ်စရာ မလိုလေ...
သူ့အလိုလို သေလိမ့်မယ်...

သိုးတကောင်လို
ဖြူချင်ယောင်ဆောင် မနေတော့ဘူး...
လူတယောက်လိုသာ
လှမ်းထွက်ခဲ့လိုက်ပါတယ်...

မနေ့ဆိုတဲ့ တရက်ကို
ဇက်ဖြတ်ပစ်လိုက်တယ်...
မနက်ဖန် မတ်တပ်ရပ်နိုင်ဖို့...
ငါ ကိုယ်တိုင်သာ
ငါ ဖြစ်ဖို့...

ဒီစာကို
ငါ ကိုယ်တိုင် ရေးခဲ့သည့်တိုင်..
ငါကိုယ်တိုင်လည်း
ဖတ်လို့ မရနိုင်လေဘူး...

ATN

25 comments:

  1. မရရအောင် ဖတ်ကြည့်သွားတယ်ဗျာ.။
    မနက်ဖြန်တွေ ကြည်လင်ပါစေ။

    ReplyDelete
  2. အစ်ကိုရေကဗျာလေးကောင်းတယ်ဗျာ..

    မနက်ဖန်မှာမတ်တပ်ရပ်နိုင်ဖို့ ..
    ကဗျာကိုရင်ဘတ်နဲ့ခံစားသွားကြောင်းပါ..

    မိုးကြယ်

    ReplyDelete
  3. ကိုယ်တိုင်ဖတ်လို့ မရတဲ့စာကို
    သူများဖတ်ပြရင်တော့ နားထောင်လို့ ရတယ်ဟုတ်?
    ဖတ်ပြမယ်လေ

    ReplyDelete
  4. လက်ရေးက ဆိုးတာကိုး။

    ReplyDelete
  5. လူတစ်ယောက်ရဲရဲလှမ်းထွက်တဲ့ လူပီသတဲ့ကဗျာ ကို ဖတ်သွားတယ် ကောင်းတယ်ဗျာ

    ReplyDelete
  6. ခံစားချက်တွေ အမျိုးမျိုး..ဘန်နာတွေ အမျိုးမျိုးပါလား။
    ပျော်ရွှင်နိုင်ပါစေ ကဗျာဆရာကြီးရေ-

    ReplyDelete
  7. ဘာမှ ဟန်မဆောင်ဘဲ လူပီသတာသာ စိတ်လွတ်လပ်မှု အရှိဆုံး။
    ကောင်းလိုက်တဲ့ ကဗျာ။
    မနက်ဖန်တိုင်း အကို မတ်မတ်ရပ်နိုင်ပါစေ။

    ReplyDelete
  8. အကိုတော် တော်တော်လေးဟုတ်နေ နော် ပြီးခဲ့တာတွေ ဇက်ကိုဖြတ်ချင်တယ်ဗျာ

    ReplyDelete
  9. ဘန်နာ အသစ်လေးလှတယ်ဗျို့...
    ကိုယ်တိုင်ဖတ်မရဘူးဆိုတော့ သူများတွေ ဘယ်လိုဖတ်မှာလဲလို့။ ပုံလေးလည်း ကြိုက်တယ်

    ReplyDelete
  10. တစ်ခါတလေမှာ ကိုယ်တိုင်တောင်နားမလည်တဲ့ ကဗျာတွေခဏခဏ ရင်ထဲကထွက်လာတတ်လို့ အစ်ကို့ကိုကိုယ်ချင်းစာပါတယ်။
    “ငါကိုယ်တိုင် ငါဖြစ်ဖို့”ဆိုတဲ့ စာသားကိုကြိုက်တယ်။ လူတွေဟာ ကိုယ်ကိုယ့်ကိုမဟုတ်ဘဲ သူများအရေခွံ ထဲဝင်ချင်ကြတဲ့သူတွေကများနေသလိုပဲ။

    ReplyDelete
  11. ကျောင်းမှာလက်ချာလိုက်တုန်း
    အိပ်ငိုက်ငိုက်နဲ့ ရေးထားတဲ့မှတ်စုတွေပဲ ဖြစ်ရမယ်။

    ReplyDelete
  12. ၃၆၀ ဒီဂရီထဲ အဖျားကဲနေသူကို...ဆိုတာဖတ်မိတော့ မင်းမဟော်ကျောင်းက ကျောင်းသူမလေးကို သွားသတိရမိတယ်။ သူက ကဗျာဆရာ ခင်ရင်မောင်ရဲ့ ကဗျာလေးကို ဖတ်ကြည့်ပြီး လာမေးတယ်။ “အန်တီ မုဆိုးရာသီ...ဆိုတာ ဘယ်လို ဥတုမျိုးလည်း။ သမီးက နွေ၊ မိုး၊ ဆောင်း...ပဲ သိတယ်” တဲ့။

    ကဗျာဆရာက
    သူ့ကဗျာမှာ “မုဆိုးရာသီကုန်ရင် ပန်းတိုင်းပွင့်လိမ့်မယ်” လို့ ဖွဲ့ထားတာကိုး။

    ReplyDelete
  13. အကို့ကဗျာက ကောင်းတယ်။ ကျနော်တော့ ဘာသာ
    မပြန်ခဲ့ပါဘူး။ ကျနော်လည်း ခုတလော အလုပ်များနေ
    လို့ အကိုကြီး။ အရာရာအဆင်ပြေပါစေ။
    လေးစားလျက် ...

    ReplyDelete
  14. ဖွင်ထားတဲ့လွင်ပြင်ကရင်ခွင်တံခါးလည်ဆိုသေး
    ကိုယ်တိုင်တောင်ဖတ်မရတဲ့..စာနဲ့..
    သူများတွေကဘယ်လိုဖတ်ရမှာလဲ..း(

    ReplyDelete
  15. အင်း မနေ့က မရှိပဲ မနက်ဖန်တော့ မလှပနိုင်ဘူ ထင်းတယ်နော် :P :)

    ReplyDelete
  16. မနေ့ဆိုတဲ့ တရက်ကို
    ဇက်ဖြတ်ပစ်လိုက်တယ်...
    မနက်ဖန် မတ်တပ်ရပ်နိုင်ဖို့...
    ငါ ကိုယ်တိုင်သာ
    ငါ ဖြစ်ဖို့.....
    ကြိုက်တယ်ဗျာ...
    မနေ့ကနဲ့ မနက်ဖန်ကြားထဲမှာ.....

    ReplyDelete
  17. ဖတ်မရရင် မျက်လုံးစစ်ကြည့်အုံး။ အသက်က စကားပြောလာတော့ မျက်လုံးအားနည်းနေလားမသိ။
    ကွမ်းရွက်ကပ်ပေး၊ ကွန်ပြူတာသိပ်မကြည့်နဲ့။
    မပေါ့နဲ့နော်။ မျက်မှန်ထူကြီးတပ်ရလိမ့်မယ်။
    mm
    (ခပ်တည်တည်နဲ့ ဆရာလုပ်လိုက်တယ်)

    ReplyDelete
  18. ^-^
    မနက်ဖန် မတ်တပ်ရပ်နိုင်ဖို့...
    ငါ ကိုယ်တိုင်သာ
    ငါ ဖြစ်ဖို့...

    ဒီစာကို
    ငါ ကိုယ်တိုင် ရေးခဲ့သည့်တိုင်..
    ငါကိုယ်တိုင်လည်း
    ဖတ်လို့ မရနိုင်လေဘူး...

    ReplyDelete
  19. အန်ကယ့် အနုပညာ ဖန်တီးချက်တွေကတော့ အရမ်းမိုက်တယ်ဗျာ တူမောင်တို့တောင် လိုက်မမှီဘူး ကဗျာလေးတွေကတော့ စဉ်းစားစရာလေးတွေပေးတယ် ကျနော့်လို့ ကဗျာပိုးမရှိတဲ့သူပေါ့ ဟဲဟဲ သိသလိုလိုနဲ့ ၃ ခေါက်လောက်တော့ ခေါင်းတညိမ့်ညိမ့်နဲ့ဖတ်သွားတယ်ဗျ ။

    ReplyDelete
  20. ကဗျာလေး ကြိုက်တယ်အစ်ကို

    ReplyDelete
  21. ကျွန်တော်တော့ ဖတ်လို့ရတယ်
    ပြန်ပြောမပြဘူး..:P

    ReplyDelete
  22. ကျွန်တော်လည်းရေးပြီးဖတ်မရတာတွေများတယ်အစ်ကိုရ :P
    ကဗျာကောင်းတယ် အစ်ကိုရေ ......

    ReplyDelete
  23. မပန် - စေတနာနဲ့ ဆောင်းဆုအတွက် ကျေးဇူးပါ...
    မိုးကြယ် - ကျေးဇူးပါ ညီရေ့...
    လင်း - ပြန်ဖတ်ပြပါဗျို့...
    မခင်ဦးမေ - လက်ရေးကို မြင်ထားဖူးတာကိုး...း)
    ကိုမျိုးဝင်းဇော် - ကျေးဇူးညီရေ့...
    မကေ - အပြောင်းအလဲတွေ သိပ်များနေလို့လား... လူကိုးဗျာ... ဆုတောင်းအတွက် ကျေးဇူးပါ...
    ချိုသင်း - ဆုတောင်းအတွက် ကျေးဇူးပါ ညီမရေ့...
    စိတ်ဖြေရာ - အကိုကတော့ ဇက်ဖြတ်ပစ်လိုက်ပြီ...း)
    မီယာ -လည်သလို ဖတ်ကြပေါ့လေကွယ်...း)
    မေ့သမီး - နားလည်မှုအတွက် ကျေးဇူးပါ...
    ဆြာယော - အချင်းချင်းတွေဗျာ... သိသားနဲ့...း)
    ခွာညို - ဖြစ်တတ်ပါတယ်...း)
    ကိုအောင် - ဖတ်သွားတာ ကျေးဇူး ညီရေ့...
    မနော် - ဖတ်မရကြောင်း ရင်ဖွင့်ထားတာလေ...း)
    Apprenticeship - ဟုတ်မှာပါ...း)
    ကိုဆောင်း - မနေ့နဲ့ မနက်ဖန်ကြားမှာ လူတွေဟာ ဆားဖြစ်နေတာလေ...း)
    mm - သြ၀ါဒအတွက် ကျေးဇူး အထူးပါး)
    မှူးဒါရီ - ဖတ်သွားတာ ကျေးဇူး...
    တူမောင်မျိုး၊ ကောင်းကင်ကို - ဖတ်သွားတာ ကျေးဇူး...
    လင်းဒီပ - တိတ်တိတ်လေးနေလေ ညီရေ့...
    အိုင်လွယ်ပန် - ဘ၀တူတွေများလား...

    ReplyDelete
  24. အတွေးတွေ ပြွန်းတီးနေတဲ့ ကဗျာတစ်ပုဒ်ပါလား အကို။
    ခံစားသွားပါတယ်အကို။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  25. မိုးမြင့်တိမ် - ခံစားသွားတာ ကျေးဇူးပါ ညီရေ့...

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...