Mar 15, 2009

စစ်ကိုင်းလမ်း

ဒီတခါတော့ သီချင်းဆို ၀ါသနာပါတဲ့ ညီငယ်တွေအတွက် သီချင်းတပုဒ် တီးထားပေး ပါတယ်။ ကိုနေ၀င်း ရေးစပ်ပြီး ခိုင်ထူး သီဆိုခဲ့တဲ့ စစ်ကိုင်းလမ်းပါ။ FL Studio 6 နဲ့ပဲ တီးထားပါတယ်။ ကိုယ်တိုင် မဆိုဖြစ်တာတော့ ခွင့်လွှတ်ကြပါ။ တီးလုံးလေးပဲ နားဆင်ကြပါဦး။

စစ်ကိုင်းလမ်း

တိုးထွက်မယ့် မနက်နေရောင် ဖြာထွန်းရင်
စစ်ကိုင်းလမ်းက စောင့်နေမယ် သူမှာလို့
ချိန်းထားတဲ့ သဲမြေပြင် အို .. ရိပ်ဆီ
မျှော်သူကို ကြိုနှင့်ရန် ကိုယ်လာမယ်လို့
ခုညတော့ အိပ်နိုင်မယ် မထင်ဘူး...

နှစ်ဦးတွေ့တဲ့ ညနေကို ပြန်တွေးရင်း
စကားလက်စ မသတ်နိုင်အောင် လေပြည်သွေး
လမ်းတ၀က်ထိ ကိုယ့်ကို ပြန်ပို့ရင်း ဆို
နေညိုချိန် နေ့ကူးရင် မျှော်နေမယ်လို့
ဆက်ဆက်တော့ ရောက်အောင် လာမယ်မေ...

အသည်းရင် လှိုင်းခတ်သံ
အတူဆုံရင် အပြုံးတွေ နှုတ်ဆက်မယ်လေ
တို့ဘ၀အတွက် ခဏတာ သည်အချိန်လေး အတွင်းမှာ
အချစ်ခွန်အား ရင်ဆိုင်ထား.. ...

အလှမ်းဝေးတဲ့ ညရယ် ကုန်ပါတော့ကွယ်
ကြားရတဲ့ ရထားသံ ရင်ခုန်သံအလား
စစ်ကိုင်းလမ်းသို့ သွားချိန် တန်ပြီလားကွယ်
သယ်ဆောင်ရာ အိတ်လည်း ပြင် ယာဉ်မြန်ကိုစီး
ခရီးထွက်ဖို့ တို့လာနေပြီလေ... ...

ဒေါင်းလုပ်ဆွဲချင်ရင်တော့ ဒီမှာ သွားဆွဲနိုင်ပါတယ်။

Get this widget | Track details | eSnips Social DNA

10 comments:

  1. အကိုရေ အခုစစ်ကိုင်းလမ်းရောက်မယ်ဗျ
    ပြောလိုက်မယ်နော်
    စောင့်နေလို့
    ဟီဟီ

    ReplyDelete
  2. သီချင်းဆိုသွားတယ်.. အဲ့ဒီအချိန်တွေကို လွမ်းတယ်... ခိုင်ထူးသီချင်းတွေရယ်... မောင်စိန်ဝင်း ၀တ္ထုတွေရယ်...

    ReplyDelete
  3. သိပ်ကြိုက်.. အရမ်းကြိုက်..။
    ကိုအောင်သာငယ်ထက်
ူအချစ်တီးပြတာက ပိုမိုက်တယ်..အဟဲ..
    ကြော်ငြာဝင်သည်။
    mm

    ReplyDelete
  4. အစ်ကိုအောင်သာငယ် ကျနော့အကြိုက်ဆုံးသီချင်းလေးခင်ဗျာ။ ညကျမှ လာဆိုမယ် ကျေးဇူးပါခင်ဗျာ

    ReplyDelete
  5. ကိုခိုင်ထူးကို ကြိုက်တဲ့အကြိုက်တွေထဲက အကြိုက်တပုဒ်ပါပဲ အကိုရေ...အကိုတီးထားတာလည်း နားထောင်လို့အရမ်းကောင်းတာပါပဲ....ကျေးဇူးပါအကိုရေ...

    ReplyDelete
  6. မန်းလေးနေတုန်ုးက
    နာမည်ကြီးနေတဲ့ စစ်ကိုင်းလမ်းကို
    ခဏခဏရောက်တယ်
    ခိုင်ထူးနဲ့တော့ မတွေ့ခဲ့ပါဘူး ...
    ကြိုက်ပြီးသား သီချင်းလေး နားထောင်သွားတယ်

    လေးစားစွာဖြင့်

    ReplyDelete
  7. တောင်းဆိုထားတာ ကြာ.............................လှပြီ....။
    အသံဘာလို့မထည့်တာလဲ....။
    ခုမှတင်လည်း ကျေးဇူးပါ။

    ReplyDelete
  8. အကိုကြီးရေ အရမ်းလန်း တယ်ဗျာ ကျွန်တော်လဲ အဲလိုတီးချင်လိုက်တာ အကိုကြီး ဒီပရိုဂရမ် ကိုကျွန်တော့ကို ပေးထားပေမယ့် ခုထိကို မစမ်းရသေးဘူး ဟီး ဟီး အခုတော့ အကိုကြီးတီးထားတာ နားထောင်ပြီး စမ်းချင်လာပြီ.။

    ReplyDelete
  9. အတီးလေး နားထောင် သွားတယ်၊ အားမ၇ပါ၊ နောက်တခါ အဆိုလေးပါ လုပ်ပါ၊

    ReplyDelete
  10. Thanks AKO,
    Not exactly the same, new arrangement?
    Anyway thanks again AKO.

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...