Mar 26, 2009
သစ္စာတိုင်
တောင်တွေကို
မရွှေ့နိုင်တာ တခုထဲနဲ့ပဲ
ငါ့အရေပြားတွေ
ပဲ့ကျသွားပေါ့....။
ညီမလေးရေ့...
ချစ်ခြင်းမေတ္တာ တခုထဲနဲ့
တကမ္ဘာလုံးကို
ပင့်မထားခဲ့တာ
ငါပေါ့... ...
ဘာပဲဖြစ်ဖြစ်
နင့်ကို ချစ်တယ်..
ATN
20 comments:
  1. ;) I juz have a naughty thought... hehe...
    ဘာပဲဖျစ်ရဖျစ်ရ
    နင့်ကို ချစ်တယ်..
    :P စလိုက်လို့ ခံစားချက်တွေပျက်သွားရင် SORRY :P
    ReplyDelete
  2. ဒီကဗျာ အန်ကယ့်ချစ်ချစ်ကို ပေးဖတ်လိုက် ညစာတော့ ကြက်သားဟင်းစားရမှာ သေချာတယ်း)
    ReplyDelete
  3. အင်း... ကပီတိကိုတော့
    ခံစားချက်တွေ အနည်ထိင်သွားအောင်...း)
    ReplyDelete
  4. အစ်ကိုကြီး...ဘာပြောရမှန်းတော့ မသိတော့ဘူး..:)
    ချစ်တယ်ပြောတာကိုပဲ..ကဗျာနဲ့...
    as maung myo and sis ma nor said
    ReplyDelete
  5. good တယ်ဗျာ ဟက်ထိမှာသေချာသလောက်ပဲ...
    ReplyDelete
  6. အကိုကြီးအောင်သာ....
    ဘယ်လို..!! ဘယ်လို..!!!
    အယ်...
    ကဗျာလေးနဲ့ ချစ်တယ်...!!
    မိုက်ချက်... မိုက်ချက်...
    အဲ့ ညီမလေးကတော့ ပစ်ကျပြီထင်တယ်
    အကိုကြီးရေ့....
    ရင်းနှီးချစ်ခင်ခြင်းများစွာဖြင့်...
    ReplyDelete
  7. ချစ်ခြင်း၇ဲ့စွမ်းအားတွေ
    ချစ်ခြင်း၇ဲ့နက်နဲမှုတွေ
    ပေါ်လွင်စေတာ ကဗျာထဲမှာ အများကြီးပဲ။
    ReplyDelete
  8. ညီမလေးရေ့...
    ချစ်ခြင်းမေတ္တာ တခုထဲနဲ့
    တကမ္ဘာလုံးကို
    ပင့် မ ထားခဲ့တာ
    ငါပေါ့... ...
    ဟဲ..ဟဲ..
    ဂွတ်တယ်..
    ReplyDelete
  9. အစ်ကို...
    ထင်တယ်...
    ဒီကဗျာကို..ကူးပြီးရီးစားစာပေးကြမလားပဲ...
    အဲလေ...
    မေးလ်တွေ..မက်ဆေ့ခ်ျတွေ..ပို့ကြမလားပဲ...
    အင်း...........
    တစ်ခါတစ်လေ...
    ချစ်လိုက်ရတာ...
    အသက်ရူဝပါတယ်..။
    ReplyDelete
  10. ဒီတခါတော့ တည့်တည့်ပြောနေပါလား :)
    ReplyDelete
  11. ညီလေးတွေဘက်လဲ လှည့်ပါဦးဗျာ...း)
    ReplyDelete
  12. ကဗျာလေးက တိုတိုလေးနဲ့ ထိမိတယ် ကိုအောင်ရေ... ဘာတဲ့ ညီမလေးရေ နင့်ကိုချစ်တယ်၊
    ReplyDelete
  13. ညီမငှေးတစ်ယောက်တော့ ဒီလိုကဗျာလေးတွေနဲ့ပဲ... ပစ်ကျနေတာနေမှာ.....
    ReplyDelete
  14. အိန္ဒြာ ပြောတာ မှန်တယ်..း)
    ဒိကဗျာလေးကတော့ hot အုံးတော့မှာပဲ
    ...
    မောင်လေးရေ့...
    ချစ်ခြင်းမေတ္တာ တခုထဲနဲ့
    တကမ္ဘာလုံးကို
    ပင့်မထားခဲ့တာ
    ငါပေါ့... ...
    ဘာပဲဖြစ်ဖြစ်
    နင့်ကို ချစ်တယ်..
    .....
    သမီးလေးရေ့...
    ချစ်ခြင်းမေတ္တာ တခုထဲနဲ့
    တကမ္ဘာလုံးကို
    ပင့်မထားခဲ့တာ
    မေမေပေါ့... ...
    ဘာပဲဖြစ်ဖြစ်
    သမီးကို ချစ်တယ်..
    ......
    သားလေးရေ့...
    ချစ်ခြင်းမေတ္တာ တခုထဲနဲ့
    တကမ္ဘာလုံးကို
    ပင့်မထားခဲ့တာ
    ဖေဖေပေါ့... ...
    ဘာပဲဖြစ်ဖြစ်
    သားကို ချစ်တယ်..
    .....
    ......
    အဲသလို ပြောင်းရေးလို့ လဲ ရသေးတာကို..း)..
    ..
    ချမ်းမြေ့ပါစေ
    ReplyDelete
  15. လှလိုက်တဲ့ကဗျာလေး
    အစ်ကိုရေ ....
    ReplyDelete
  16. ကဗျာလှလှလေးကိုဖတ်သွားတယ်။ စကားမစပ် အစ်မကအစ်ကို့ထက်အသက်ငယ်လို့လား။ :P
    ReplyDelete
  17. နောက်ဆုံးမှာ ကြော်ငြာဝင်တယ်။ ဘလိုင်းကြီးပါလား..။
    ဒါမျိုးတွေကြောင့် မိန်းကလေးတွေ ကျနေတာ အမ၊ စိတ်ခိုင်ခိုင်ထား။
    ReplyDelete
  18. ညီမလေးရေ့...
    ချစ်ခြင်းမေတ္တာ တခုထဲနဲ့
    တကမ္ဘာလုံးကို
    ပင့်မထားခဲ့တာ
    ငါပေါ့... ...
    အချစ်စင်္ကြာဝဠာ ထဲမှာ
    မောင်စင်္ကြာဠာ ရွေးပွဲလုပ်ရင် ကိုကြီးအောင် နိုင်မှာသေချာတယ်။
    ReplyDelete
အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...