Apr 6, 2009

တောင်ရိုးပေါ်ကသစ္စာသမားသို့














လမ်းထွင်းခဲ့တဲ့
ပန်းတခြင်းထဲ...
တင်မိုး၊ ကြည်အောင်
စွမ်းရည်၊ မောင်သာနိုး
ပန်းအမျိုးမျိုးဝေလို့...

ကဗျာ့ တပ်မှူးကြီး...
ဗိုလ်ချုပ်မှူးကြီးတွေထက်
ခမ်းနားကြီးမြတ်သပေါ့...

တံဆိပ်တွေ အထပ်ထပ်
ကိုယ်ပေါ်မှာ ဇွတ် အတင်း အဓမ္မ
ဆွဲယူ ကပ်ပြနေစရာမလို...

ပြည်သူတွေ ကိုယ်တိုင်
ဆွဲချိတ်ပေးလိုက်တဲ့
ချစ်ခြင်းမေတ္တာတွေအနန္တနဲ့
လှပနေခဲ့ပြီးသား...

သစ္စာတိုင် ဆိုတဲ့ သီချင်းက
နှလုံးသားကို ရှင်းလင်းခဲ့ပြီးသား...

မာရသွန်မှာ
သက်လုံကောင်းခဲ့တာ
ကြည်အောင်ဆိုတဲ့ ဆရာပါပဲ...

သည်တောင်ရိုးမှာ
ကျားဆိုးတွေ ဆရာ သတ်ခဲ့ ...

ခုတော့
ဆရာ့ကို
ဘယ်သူ သတ်ခဲ့ပြီလဲ...

ဆရာမသေပါဘူး...
ဒါကိုပဲ
ကျနော်တို့
ရွတ်ဖတ်နေကြတယ်...

ATN

မိုးမခမှာ ဖော်ပြခဲ့တဲ့ကဗျာပါ
ပုံကတော့ မင်းကျော်ခိုင်ဆွဲထားတာကို
မိုးမခကနေ ပြန်ယူထားတာပါ

5 comments:

  1. ဆရာကြည်အောင် အမှတ်တရကဗျာ လေး ဖတ်သွားပါပြီ

    ReplyDelete
  2. မှတ်မှတ်ရရ ကဗျာလေး ဖတ်သွားတယ်။

    လေးစားလျက်

    ReplyDelete
  3. ဆရာဦးကြည်အောင်ရဲ့ကဗျာတွေကို မာယာကနေတဆင့်ဖတ်ရပါတယ်။ ရိုးရှင်းပြီး မြန်မာ့ယဉ်ကျေးမှုကိုဖော်ပြပေးတဲ့ကဗျာလေးတွေမို့ ကြိုက်ပါတယ်။ ဆရာကောင်းရာသုဂတိလားပါစေ။

    ReplyDelete
  4. ဟုတ်တယ် ဆရာမသေပါဘူး...။

    ReplyDelete
  5. ဆရာတင်မိုးရော ... ဆရာကြည်အောင်ရော ဘယ်တော့မှ မသေပါဘူးဗျာ ... ကျနော်တို့ရင်ထဲမှာ ... ပြည်သူတွေရဲ့ ရင်ထဲမှာ အမြဲရှင်သန်နေမယ့် ဆရာတွေပါ
    လေးစားပါတယ် ကိုအောင်သာငယ်ရေ ...

    ခင်မင်လျက်
    ဟယ်ရီ

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...