Apr 14, 2009

ကိုယ်တိုင်ဗျူး

သင်္ကြန်ရက်ထဲ အလုပ်များနေသော အောင်သာငယ်ကို
အလုပ်မရှိသော အားလျားနေသည့် အောင်သာငယ် ဗျူးသည်။

ဘာကြောင့် ဘလော့ရေးလဲ ပြောပြပါ။

ကိုယ့်အတွေ့အကြုံတွေကို မျှဝေချင်တာပါ။
ကိုယ်ခံစားရတာတွေကို မျှဝေချင်ပါတယ်။
ဒါကြောင့်ရေးပါတယ်။

တချို့တွေက အတွေ့အကြုံတွေဆိုတာ
ချေးခြောက်ရေနှူးတာပါပဲလို့ ပြောပါတယ်။
အဲတာကို ဘယ်လို သဘောထားပါသလဲ။

တခုပါပဲ အတွေ့အကြုံတွေဆိုတာ အလကားရခဲ့တာမှ မဟုတ်တာ။
ကလေးတွေကို မိဘတွေက ကိုယ့်အတွေ့အကြုံနဲ့ယှဉ်ပြီး မမှားသင့်တာ မမှားရအောင်
မေတ္တာရှေ့ထားပြီး ပြောတာကို ချေးခြောက် ရေနှူးတယ်လို့ အမည်တပ်ရင်
မိဘတယောက်အနေနဲ့ စိတ်မကောင်းရုံကလွဲရင်
ဘာမှ ပြောနေစရာ အကြောင်း မရှိပါ။
အဲသည် ကလေးတွေကိုပဲ သနားပါတယ်။
ကိုယ် မတွေ့ မကြုံပဲ ပြောနေတာမှ မဟုတ်တာ။
စေတနာစကားကို လက်မခံလဲ ရှိပါစေပေါ့။

အဲသည်လိုဆို ကိုယ့်အတွေ့အကြုံတွေကို ဘလော့ရေးရင်းနဲ့ ပြောရင်
လူတကာက လက်ခံမယ်လို့ ထင်ပါသလား။

ကြံကြီးစည်ရာဗျာ။
အဲသည်လိုသာဆို နအဖကို ဒီ/ချုပ်ကို အာဏာ လွှဲပေးဖို့ ကျနော်ပြောမှာပေါ့...း)

ဒါဆို ဘလော့ရေးရင်းနဲ့ နံမည်ကြီးလာမယ် မျှော်လင့်ပါသလား။
ဘလော့ရေးတာ ရုပ်ရှင်ရိုက်နေတာမှ မဟုတ်တာ။
ပိုက်ဆံလည်း တပြားတချပ်မှ ရတာမှ မဟုတ်တာ။
Out of question ပါဗျာ။

ဘလော့ရေးတဲ့အခါ ဘာပြသနာတွေ တွေ့ကြုံရပါသလဲ။
အလကားရတဲ့ blogspot.com မှာ ဘလော့ရေးတဲ့အခါ ဘာပြသနာမှ မရှိပါ။
အလကားရလို့ရေးတာပဲ။ ဘာပြသနာမှ ရှိမယ် မထင်ပါ။
ပိုက်ဆံပေးရရင်တော့ ပြသနာရှိမယ် ထင်တယ်။

ကိုယ့်ဘလော့ပို့စ်တွေနဲ့ ပတ်သက်ပြီး
ဆန့်ကျင်ဖက် ပေးတဲ့ ကွန်မန့်တွေကရော
ပြသနာတွေ မဟုတ်ဘူးလား။

အင်း... ဒါကတော့...
ကွန်မန့်တွေကို လွတ်လပ်စွာ မန့်ခွင့်ပေးထားတဲ့ ဘလော်ဂါ တယောက်အတွက် ပြသနာ မဟုတ်ပါဘူး။ comment moderation ပေးထားတဲ့ ဘလော်ဂါ တယောက်အတွက်တော့ ဟုတ်ရင် ဟုတ်မှာပေါ့။

ဒါဆို လွတ်လပ်စွာ ကွဲလွဲခွင့်ကို လက်ခံတယ်ပေါ့။
အချွန်နဲ့ မနေတာလား။ ကျနော့် ဘလော့မှာ anonymous နဲ့ comment ပေးလို့ရပါတယ်။ ဆဲရေးတိုင်းထွာသည့်တိုင် ကိစ္စ မရှိပါဘူး။ သည်လောက်ဆို လွပ်လပ်စွာဆိုတဲ့ စကားနဲ့ ကွဲလွဲခွင့်ဆိုတာကို ထပ်ပြောစရာ မလိုဘူး ထင်တယ်။

နောက်ဆုံးမေးခွန်းပါ။
ဖားတကောင်သို့မေတ္တာစာဆိုတာ
ဘလော်ဂါ တယောက်ကို ရည်ညွှန်းတယ်လို့ အားလုံးက ပြောနေပါတယ်။
အဲတာ ဟုတ်ပါသလား။

ခက်တော့တာပဲဗျာ။
ကဗျာဆိုတာကို ကဗျာရေးသူက အနက် အဓိပ္ပါယ်ဖွင့်ပေးရမလား။
ဒါဆို ကျနော် ကဗျာ မရေးတော့ဘူး။
စကားပြေပဲရေးတော့မယ်။
ဒါပေသည့် အဲသည်ကဗျာက
မည်သည့် ဘလော်ဂါ တယောက်ကိုမျှ မရည်ညွှန်းပါ။

ဖားတကောင်ကိုသာ တိုက်ရိုက် ရည်ညွှန်းတာပါ။

နေပါဦး ပြန်မေးပါရစေဦး။

ခင်ဗျားက ဖားလား... ငါးလား...

16 comments:

  1. အင်တာဗျုး ရှည်ရှည် ထပ်လုပ်ပါဦး... ဖတ်ရတာ ဆန့်တငင်ငင်နဲ့

    ReplyDelete
  2. အာဏာလွှဲပေးဖို့ ပြောတဲ့ ဥပမာကို ကြိုက်သွားပြီ။ :)

    ReplyDelete
  3. ကိုယ်တိုင်ဗျူးတဲ့အင်တာဗျူး
    ကောင်းမှကောင်းပဲ..........
    အမေးရောအဖြေပါ.........

    ReplyDelete
  4. Me to Me Question & Answer များကို သဘောကျတယ် အကိုရေ..။ :)

    ReplyDelete
  5. သီချင်းဆိုရင် ပရိတ်သတ်ကို တည့်တည့်မကြည့်တာ မူပိုင်ဟန်လား မသိဘူးခင်ဗျ။ ဒါမှမဟုတ် ဇမ်ဝင်စားတယ်လို့ သတ်မှတ်ရမလားမသိဘူး။ :D
    (ဟိုရက်က mtv လေးကြည့်ပြီး မေးချင်စိတ်လေး ပေါ်လာတာ :D)

    ReplyDelete
  6. ပြန်ကြည့်မိသည်။ ဖားလဲ မဟုတ် ငါးလဲ မဟုတ်.. ကြွက်ဗျ ဟီးးးးးးးး အကိုရေ အင်တာဗျူးလေး ဖတ်သွားတယ် စကားမစပ် ဒီအရင် သတင်းဌာန တခုမှာ အကို အင်တာဗျူးလဲ ဖတ်သွားတယ်ဗျ.. ကောင်းမှကောင်း....


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  7. နောက်ဆုံးမေးခွန်းနဲ့ အဖြေကို အကြိုက်ဆုံးပဲအကိုရေ
    ဟုတ်ပါ့ ကဗျာကို ပြန်ပြီးအနက်ဖွင့်ရဦးမယ်ဆိုရင်တော့ စကားပြေပဲရေးတော့မှာပေါ့ဗျာ

    အကိုတို့မိသားစု နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ

    ReplyDelete
  8. ကလူသစ်တော့ ဖားချေးဆိုတာ မြင်ဘူးပေါင် :P

    ReplyDelete
  9. မေးခွန်းအားလုံးနဲ့ အဖြေအားလုံးကို ကြိုက်ပါသည်။
    အကိုတို့ မိသားစု နှစ်သစ်မှာ ရွှင်လန်း ချမ်းမြေ့နိုင်ကြပါစေ...

    ReplyDelete
  10. အင်တာဗျူးလေးက လာဖတ်သွားပါတယ် ကိုအောင်သာငယ်။ မေးသူ ဖြေသူ နှစ်ယောက်စလုံးကို ချီးကျူးမိပါရဲ့... :)

    ReplyDelete
  11. ကိုကြီးအောင်၊
    လူလည်ကျတယ်....အမေးရော၊ ဖြေရော ကောင်းတဲ့သူနှစ်ယောက်လုံးကို ချီးကျူးလိုက်တော့ နှစ်ယောက်စာ ချီးကျူးခံရတာပေါ့။ ချီးကျူး square (ချီးကျူး)2 ပေါ့။ ဟား....ဟား....

    ReplyDelete
  12. အလုပ်ပေးနေတော့လည်းမယူဘူး။ ခေတ်ကာလ သားသမီးတွေများ တယ်ခက်တာပဲ .. ဟီဟိ .. စတာနော် အစ်ကိုဂျီး .. ။ ဗွေမယူကြေး။

    ReplyDelete
  13. အမေးလဲ လန်း၊ အဖြေလဲလန်း။ :D

    ReplyDelete
  14. မြ၀တီရုပ်မြင်သံကြားက လျှပ်တပြတ်ရိုက်ချင်က မမ တွေကို ပျင်းသေးတယ် ပျင်းသေးတယ်လို့ ပြောလိုက်တော့ဗျို့ ။ လန်းတယ် ဆန်းတယ် ခိုက်တယ်း)

    ReplyDelete
  15. Is it intention to a frog?
    Let me ask you.
    What types of amphibians. Is it a frog or a toad.
    Frogs and toads are meat eaters. They do not drink water.
    Most frogs and toads go through two stages of life.
    Arrr...
    May be a tadpole.
    Normal person do not know it is a fish or a frog or a toad.
    Tadpoles breathe through gills and swim like fish. Then, the young tadpoles slowly change into grown-ups that look totally different. The tadpoles grow legs and lungs for breathing.
    I am a frog.
    Bino

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...