Apr 16, 2009

တတိယနေ့






















မတော်တဆနဲ့
လမ်းချော်ကျခဲ့တဲ့ ပြက္ခဒိန်တွေ
ရေတိမ်နစ်...

သံသယနဲ့
နောက်ပြန်လှည့်ကြည့်တဲ့အခါ
နာရီတွေ ပိုမြန်...

တမင်သက်သက်
မိုးနဲ့မြေကို ပြောင်းပြန်လှန်ကြည့်ရင်
ကင်းမြီးကောက်ထောာင်တယ် အထင်ခံရ...

နန်းကြိုးပြတ်နေတဲ့ ဘတ်သီးနဲ့
လျှပ်စစ်မီးမလာတဲ့ အိမ်တလုံးက ရေခဲသေတ္တာ
စာမျက်နှာ အတူတူပါပဲလေ...
ထုထည်တွေသာ
ကွာခြား...

ရေတံခွန်လို
ဇောက်ထိုးဆင်းလာခဲ့တဲ့
နေ့တွေဆိုတာကလည်း
အဟောင်းနဲ့အသစ် နှစ်မျိုးသာ...
ရိုးနေပါပေါ့...

အို... ထာဝရဘုရား
ငါ့အား
အခြားနေ့တမျိုးမျိုးသာ
ရှာကြံပေးပါ့ ...

ATN

11 comments:

  1. ထာဝရဘုရားတော့ ဒီကဗျာကြောင့် အကြပ်ရိုက်ပီဗျ။ တခြားနေ့တမျိုးမျိုး ဖန်ဆင်းဖို့ သူတော်တော်ခေါင်းစားနေလောက်ပီ။

    လေးစားလျက်ပါ...

    ReplyDelete
  2. အိန္ဒြာApril 17, 2009 at 5:12 AM

    အို... ထာဝရဘုရား
    ငါ့အား
    အခြားနေ့တမျိုးမျိုးသာ
    ရှာကြံပေးပါ့ ..

    စိတ်တိုင်းကျပြည့်စုံတဲ့ နေ့ရက်တွေလည်း
    ပိုင်ဆိုင်နိုင်ဦးမှာပေါ့...အကိုရာ...။

    ReplyDelete
  3. အို... ထာဝရဘုရား
    ငါ့အား
    အခြားနေ့ တမျိုးမျိုးသာ
    ရှာကြံပေးပါ...
    အစ်ကိုရေ..
    တွေးစရာလေးတွေနဲ့ ကဗျာလေး ကောင်းတယ်..

    ခင်မင်လေးစားချစ်ခြင်းအားဖြင့်

    ReplyDelete
  4. မနေ့ ကနဲ့ ဒီနေ့ 
    ဒီနေ့ နဲ့ မနက်ဖြန်
    နေ့ တွေသာထပ်ထပ်
    အိုဟောင်းနေတဲ့ဇယားတွေနဲ့ 
    လည်ပတ်နေရတဲ့ဘ၀မှာ
    ကျွန်မလဲ တတိယနေ့ ဆိုတာတော့ မြည်းစမ်းချင်သား ကိုအောင်သာငယ်ရေ…
    ပျော်ရွှင်ငြိမ်းချမ်းဖွယ်နှစ်သစ်ဖြစ်ပါစေလို့ ….

    ReplyDelete
  5. လှပတဲ့ တတိယနေ့ကို မျှော်တဲ့အထဲမှာ ချိုသင်းလဲ ပါတယ်။

    ReplyDelete
  6. အကိုရေ...ဒီကဗျာလေးကိုတော်တော်
    ကြိုက်မိပါတယ်.....တခေါက်ဖတ်ရုံလေးနဲ့
    တော်တော်စွဲသွားတယ်..............တတိယ
    နေ့ကိုစိတ်ဝင်စားတယ်......................

    ReplyDelete
  7. ထာဝရ ဘုရားကပေးသနားမယ့်
    အခြာသောနေ့ ..
    တစ်နေ့ နေ့ ပြည့်ပါစေ...

    ReplyDelete
  8. nice poem as usual
    အို... ထာဝရဘုရား
    ငါ့အား
    အခြားနေ့တမျိုးမျိုးသာ
    ရှာကြံပေးပါ့ ...

    Are you sure that you will be happy to have another days or third day?

    ReplyDelete
  9. တတိယနေ့လို့ ဘာလို့ ခေါင်းစဉ်ပေးထားတာလဲ အန်ကယ် ။ ကဗျာလေးကတော့ ဆိုလိုရင်းလေး ကောင်းတယ် ။

    ReplyDelete
  10. အို အဖ ဘုရားသခင် ဖန်ဆင်းပေးပါလော့။

    အို ဘွိုင်းပါး ကလုံးအွယ် သု။

    အယ်ဇီ

    ReplyDelete
  11. ကိုအောင်...
    မွန်းကြပ်နေလား..
    ကဗျာကတော့ အဓိပ္ပါယ် အပြည့်ပါဗျာ...
    တန်ဘိုးထားပြီးတော့ကို ကြိုက်ပါတယ်..။
    မျှော်လင့်တဲ့ တတိယနေ့ လေးပိုင်ဆိုင်နိုင်ပါစေ..။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...