May 22, 2009

အချစ်သီချင်း

အိမ်မှာနေရင်း သီချင်း တပုဒ်လောက် ဆိုချင်စိတ် ပေါက်လာတာနဲ့ keyboard ကို ဖွင့်ပြီး ဘယ်သီချင်းကို ဆိုတီးရပါ့မလည်း လျှောက်စဉ်းစားမိတယ်။ စဉ်းစားရင်းနဲ့ Melody ရော Lyrics တွေရော အရမ်းလှတဲ့ ဆဲလ်ရေးတဲ့ သီချင်းကို ဂျေမောင်မောင် သံစဉ်ရှာပြီး ခိုင်ထူးဆိုထားတဲ့ “အချစ်သီချင်း”ကို သတိရသွားမိတာနဲ့ တေးသွားတွေကို keyboard နဲ့ စမ်းတီး ပြန်ရှာမိတယ်။

စာသားကတော့ ခေါင်းထဲမှာ ရှိနေပြီးသားဆိုတော့ သီချင်း တပုဒ်လုံး အစအဆုံးကို ပြန် စမ်းတီးမိတဲ့အခါ အတော်တော့ အဆင်ပြေသား။ ဒါနဲ့ keyboard နဲ့ သီချင်း တပုဒ်လုံးကို ပြန်တီးလို့ ရသွားတော့ အတော်လေး ၀မ်းသာမိတယ်။ အဆင်ပြေရင် ဘလော့မှာ တင်မယ် ပေါ့လေ။ ဒါနဲ့ အသံမဖမ်းခင် အရင် rehersal အနေနဲ့ အသံကုန် အော်ဆို နေတုန်း ဘေးခန်းက ငတိ နှစ်ကောင်က တဒုန်းဒုန်းနဲ့ ထုတယ်။ မောင်မင်းကြီးသားတွေက ဗမာ စကားကို နားမလည်လို့ ဖြစ်မှာပါ။ သည်လောက် ကောင်းတဲ့ အချစ်သီချင်းကို ဒင်းတို့က မခံစားတတ်တာ အပြစ် ပြောလို့လည်း မရဘူး မဟုတ်လား။ ဒါနဲ့ ဂရုမစိုက်ပဲ ဆက်ဆိုနေတုန်း နောက်ထပ် ထပ်ပြီးတော့ နံရံကို ခပ်ပြင်းပြင်း ထပ်ထုပါတယ်။ အဓိပ္ပါယ်ကတော့ Shut-up ဖြစ်မှာပါ။ ကိုယ်လည်း အချင်း မများချင်ဘူး။ Apartment တွေမှာ နေရတဲ့ အခါ အဲလိုပဲလေ။ ဟိုဖက်သည်ဖက် အသံတွေက ကြားနေရတာကိုး။ ကိုယ်ကသာ ဆက်ဆို တီး လုပ်နေရင် သူက ၉၁၁ နှိပ်ပြီး ရဲခေါ်မယ်။ ရဲလာရင် သူတို့က night shift ဆင်းရတဲ့ အတွက်ကြောင့် အိပ်နေတုန်း ဆူညံတဲ့ ကိုယ်က အပြစ် ဖြစ်တော့မယ်။

ဒါနဲ့ အဆိုကို လက်လျှော့လိုက်တယ်။ ကိုယ့်ဘာသာ တိုးတိုးလေး ဆိုရင်း သီချင်းကို keyboard နဲ့ တီးထားတာလေးကို Record လုပ်လိုက်ပြီး ဝေမျှလိုက်ပါတယ်။ လွတ်လပ်တဲ့ နိုင်ငံကြီးမှာ ဖြစ်စေဦး Freedom ဆိုတာကလည်း အကန့်အသတ် ရှိသေးတယ် မဟုတ်လား။ သူတပါးကို ထိခိုက်အောင် ကုယ်က လွတ်လပ်နေလို့ မရဘူးလေ။

အချစ်သီချင်း
စာသား - ဆဲလ်
သံစဉ် - ဂျေမောင်မောင်
ဆို - ခိုင်ထူး

အချစ်ရနံ့တွေ မွှေးပျံ့ ထုံအီနေတုန်းက... အချစ်ငှက်ကလေး ဂစ်တာမှာ လာနားရင်း...
သံယောဇဉ် သီချင်းလေးတွေ ကျူးရင့်လို့ ဆိုနေခဲ့တယ်...

ကိုယ့်ချစ်သူ ဆည်းလည်းလေးလို ရီသံချိုတဲ့အခါ... မွန်းတဲ့ချိန်နေလည်း ပူတယ် မထင်ခဲ့မိပါ...
အင်အားမဟာ အချစ်အတွက် ရူးသွပ်ခြင်းလို့ ခေါ်ချင်ခေါ်တော့ကွယ်...

ပန်မဖြစ်တဲ့ အချစ်ရဲ့ အရိပ်ကလေးတွေ ရင်ထဲမှာ တစတစစီကြွေ...
ငိုတော့မယ့် မျက်ရည်လည် လာတတ်ပြီ...
အချစ်ဆိုတာ ပျော်ရွှင်စရာများနဲ့ အတူတူ ပူဆွေးမှုများလည်း သူ ခေါ်ခဲ့တယ်...

မုန်တိုင်းထဲမှာ ပွင့်တဲ့ပန်းလို ကြေမွသွားခဲ့စဉ်... အချစ်မျက်နှာလေး ယောင်ကာ အိပ်မက် မက်တယ်...
ပတ်ဝန်းကျင်လှည့်ကြည်မိတော့ တမ်းတတဲ့သူ ကိုယ် တယောက်ထဲကွယ်...

ပန်မဖြစ်တဲ့ အချစ်ရဲ့ အရိပ်ကလေးတွေ ရင်ထဲမှာ တစတစစီကြွေ...
ငိုတော့မယ့် မျက်ရည်လည် လာတတ်ပြီ...
အချစ်ဆိုတာ ပျော်ရွှင်စရာများနဲ့ အတူတူ ပူဆွေးမှုများလည်း သူ ခေါ်ခဲ့တယ်...


Get this widget | Track details | eSnips Social DNA

18 comments:

  1. အစ်ကိုကြီးရေ..
    လက်သံကတော့ မိုက်တယ်ဗျာ..
    အစအဆုံးနားထောင်တယ်..
    ပြီးတော့ ပြန်ဖွင့်တယ်..
    ကာရာအိုကေ လို စာသားကြည့်ပြီး အကျယ်ကြီး အော်ဆိုလိုက်မိတယ်..

    “((((((..ဒုန်း ဒုန်း ဒုန်း.. ))))))”

    ဟီးး... ကျနော်တို့ဆီမှာလည်း ဒီလိုပါပဲ.. ဘေးခန်းက သီချင်း အော်ဆိုရင် တံခါး လာထုရော..း)

    ချစ်ခင်လေးစားစွာဖြင့်

    ကိုရင်နော်

    ReplyDelete
  2. ခိုင်ထူးနဲ့ ထူးအိမ်သင်တို့ရဲ့  သီချင်းတွေက ကျမရဲ့  အကြိုက်ဆုံးသီချင်းတွေပါ ။ သီချင်းပို့စ်အတွက် ကျေးဇူးတင်ပါတယ် ကိုအောင်သာငယ်....။ ( မီးငယ် )

    ReplyDelete
  3. ဟုတ်တယ်အကိုရေ.. အဲလို mood ၀င်ပြီး တီးလို့ ဆိုလို့ ကောင်းပြီဆိုရင် ဖြစ်ပြီးဗျာ။

    ReplyDelete
  4. ဒီကောင်တွေ ဒီမိုကရေစီကို နားမလည်ဘူးထင်တယ်။

    ReplyDelete
  5. အဲဒီသီချင်းက ဂစ်တာကိုင်မိရင် ကျမ တီးဖြစ်နေကျ သီချင်းတွေထဲက တပုဒ်ပေါ့... ညည်းဆိုလေး ဆွဲပြီး ဆိုလို့ရတာကိုးးး

    ReplyDelete
  6.ှအကြိုက်ဆုံးဆိုပြီး ရှိတဲ့ထဲမှာ အဲဒီသီချင်းလဲ ပါတယ် အစ်ကိုရေ...

    ကိုအောင်သာငယ်တို့ ကတော့ နောက်တစ်ခေါက်ဆိုရင်
    အိမ်ပြန်ချင်တယ် အလွမ်း.. ဆိုပြီး ဟစ်မလား မသိ...

    ReplyDelete
  7. ဘုရားတပြီး ဖွင့်လိုက်တာ။
    ကိုအောင်သာငယ့် အသံပါမလာမှ ဟူးးးး တော်သေးတယ်လို့ ။

    ကျေးဇူးပဲ။ မဆိုခဲ့တာကို ပြောတာပါ။း)

    ReplyDelete
  8. သိပ်ကောင်းတဲ့ သီချင်းလေးပါအကို။ အကို့လက်သံလည်း တော်တော်နားထောင်လို့ကောင်းတယ်။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  9. ကောင်းတယ်ဗျာ ရဲဘော်ကြီးရေ

    ReplyDelete
  10. ko atn, သီချင်းစာသားထဲက မွန်းတဲ့ချိန် ဆိုတာက မွန်းတည့်ချိန်ကို ပြောတာမဟုတ်လား ? ။ ဆရာလုပ်တယ်လို့ မထင်နဲ့နော်....။ ( M. N )

    ReplyDelete
  11. စာသားလေးပဲ အပေါ်က နိဒါန်းလေးပဲ ဖတ်သွားတယ်ဗျ။ စက်က ဘာမှကြည့်လို့မရအောင် ဖျက်ထားတော့ နားထောင်လို့လည်းမရ ဆိုးတယ်နော်း)

    ReplyDelete
  12. ကိုအောင်သာငယ် ကီးဘုတ်တီးတာ အရမ်းကောင်းတယ် ကျမတို့ Saskatoon မြို့ကို ပြောင်းလာပါလား။ ဒီမှာက ဆိုလို့လည်းရ တီးလို့လည်းရတယ်။ သင်းကြန်အတွက်တောင် ကျမအိမ်အောက်ထပ်မှာ တီးဝိုင်းတိုက်တာ လနဲ့ချီသွားတယ်။ ပြသနာမရှိဘူး။ ဒီမှာ ကီးဘုတ်သမားလည်း လိုနေတယ်ဆိုတော့ ဟန်ကျတာပေါ့။ နှုတ်ဆက်လိုက်ပါတယ် ကျမ သန်းထွေးကြူပါ၊

    ReplyDelete
  13. So nice...!!
    I love it..
    Thank you...

    ReplyDelete
  14. ကိုအောင်သာငယ်
    အသံဖွင့်နားထောင်တာ မရလို့ ဘယ်လောက်ကောင်းတယ်ဆိုတာ မသိရဘူး။ ကျွန်မအမျိုးသားလည်း ခေတ်ပေါ်သီချင်းတွေကို ဂီတာနဲ့ ကိုယ်တိုင်တီးပြီး ဆိုလို့တတ်သလို ခေတ်ဟောင်းသီချင်းတွေကိုတော့ စန္ဒယားတို့ မယ်ဒလင်တို့ကို တီးတာ သိပ်မကျွမ်းကျင်ပေမယ့် တီးပေးသမားရှိရင် ဆိုတာ သိပ်ကောင်းတယ်။ ဒီမှာ သူငယ်ချင်းတွေ မင်္ဂလာဆောင်ရင်၊ သင်္ကြန်တို့ ရှစ်လေးလုံးတို့လို အခမ်းအနားတွေလုပ်ရင် ဆိုနေကျပဲ။ ကိုအောင်သာငယ် ဘလော့ဂ်ကို အမြဲဝင်လို့မရဘူး။ Fire Fox နဲ့ သွားရင်တော့ ဘာမှ မဖြစ်ပေမယ့် မြန်မာစာ ဇော်ဂျီလက်ကွက် သရစာလုံးတချို့ ပြောင်းသွားပြီး မြန်မာဖတ်လို့ မရဖြစ်သွားလို့ Fire Fox ကို ကျွန်မမသုံးဘူး။ IE နဲ့သုံးရင် Font ဘာမှ မဖြစ်ပေမယ့် အင်တာနက်က ပြုတ်ကျတာရှိတယ်။ မပြုတ်ကျရင်လည်း ၀င်လို့မရဘူးလို့ ပြောတယ်။ ဘာဖြစ်လို့လဲမသိဘူး။

    ReplyDelete
  15. ဒီသီချင်းလေးကို သိပ်သဘောကျတာပဲ.. ကွန်နက်ရှင်မကောင်းတော့ ထစ်အ ထစ်အ ဖြစ်နေတာနဲ့ ဒေါင်းလုပ် ဆွဲချသွားပြီး နားထောင်လိုက်ပါတယ်။ အသံမပါတော့ ကျမ ပြန်ဆိုတဲ့အခါ နှစ်သံထွက်မှာ မစိုးရတော့ဘူးပေါ့.. :)..

    ReplyDelete
  16. ကိုရင်နော် - ဘ၀တူတွေ ပေါ့ဗျာ...း)
    မီးငယ် - လာနားထောင်တာ ကျေးဇူးပါ။ မွန်းတည့်ချိန်က အမှန်ပါ...
    နေညိုရင့် - ငါ့ညီကြလည်း ခံစားနေရတာတွေ များပြီး ထင်တယ်...း)
    ကလူသစ် - They know civil rights... :)
    မမေငြိမ်း - အကြိုက်ချင်း လားတူနေပြီလား...း)
    ကိုလူထွေး - အားလုံးကိုယ်စား တတ်နိုင်ရင် ဆိုတီး လုပ်ပေးပါ့မယ်... ဆိုတီးစေချင်တဲ့ သီချင်းတွေ ပြောထားလေ...
    မအယ် - ကျေးဇူးတင်သွားတဲ့အတွက် ကျေးဇူးတင်လိုက်ပါသည်... မောင်နှမ အချင်းချင်း စိတ် မဆိုးရ...း)
    မနော် - Thanks!!!
    မိုးမြင့်တိမ် - ကျေးဇူး...
    ဦးဂင်ကြီး - အဲလိုမှ ပြောပါ့မလားလို့ ...
    တူမောင်မျိုး - ဘာတွေ ဖြစ်နေသလဲ ငါ့တူကြီး...
    Nolan - (မသန်းထွေးကြူ) တကယ်တော့ ကျနော်က ခုမှ သင်နေတုန်းပါ... ဒီသီချင်းကို ၃ ကြိမ်တီးပြီး Record လုပ်ထားတာပါ... အထင် မကြီးနဲ့...
    သက်ဝေ - Thankls, Little Sis.
    မငယ်နိုင် - ကျနော့် ဘလော့က template ကြောင့် ဖြစ်မှာပါ... သီချင်းကို eSnips မှာ သွားပြီး ဒေါင်းလုပ်ဆွဲလို့ရပါတယ်...
    မသိင်္ဂီ - ကာရာအိုကေ ဆိုလိုက်ပေါ့... အဲလို ဆိုလို့ ရရင် ကျနော် တီးထားတာလေး တီးရကြိုး နပ်ပါပြီ...

    ReplyDelete
  17. ဒါလည်းဖြစ်သလားအစ်ကိုရေ .............

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...