May 23, 2009

မျှော်လင့်ခြင်း














တနေ့နေ့ဆိုတာ
ရှိကို ရှိပါတယ်...
ရှိကို ရှိနေသေးတယ်...

မင်းရော ငါရော
ဖျားနာနေဖို့မလိုဘူး...

ဒါပေသည့်
မင်းဖျားနာနေတဲ့အခါ
ငါလည်း ဖျားနာပါရစေကွယ်...
ဒါမှ ငါဟာ မင်း ဖြစ်တဲ့အကြောင်း
ကမ္ဘာမြေကောင်းကောင်း သိသွားမယ်...

နေ့တွေက
သမားရိုးကျ လင်းပလို့...
ညတွေကလည်း
သမားရိုးကျ မဲမှောင်ပြလို့...

သမရိုးကျတွေကို မုန်းတီးနေတာ
ငါတယောက်တည်းမဟုတ်...
သမားရိုးကျနေခဲ့သော လူတွေ
သိန်းပေါင်း သန်းပေါင်းများစွာ...

ဒါသည်ပင်
သမားရိုးကျနေခဲ့ပါပြီလေ...


ATN

Photo Source: http://www.digitalangeldonnadj.com/pics/paintinglovingheart.JPG

5 comments:

  1. တနေ့နေ့ ....
    သမရိုးကျ....
    မျှော်လင့်ခြင်း....
    ( mie nge )

    ReplyDelete
  2. ဖျားရဲ ဖျားကြည့် ရွှေမြင်တင်ဆေးနီမှုန့်ရှိတယ် ဌဲ ဌဲ ဌဲ

    မျှော်လင့်ခြင်းကိုက သမရိုးကျနေပါပြီ ချစ်ကိုကြီးရေ..

    ReplyDelete
  3. အစ်ကိုရေ့....ကိုယ့်ဘာသာကို ကဗျာလာဖတ်တာပါပဲ..။ဒါမယ့် တွေးငေးပြီးပြန်ရတော့မလိုပဲ...ဘယ်လောက်ဝေးဝေး နီးနီး...ဖျားနာမှုခြင်းကတော့တူတူပါပဲ..။

    ReplyDelete
  4. သမားရိုးကျဆိုတာ သဘာဝကျပါတယ်။
    သမားရိုးကျမဟုတ်ရင် နှစ်ဖက်ချွန် ဥပမာဆိုရရင်ပေါ့။
    ဒါမှ မဟုတ် စမူဆာ။
    ခုနေများ လေးထောင့် ဖရဲသီးတဲ့။
    ခွေးက ပုလင်ပေါ်တက် ဒါတွေကတော့ သမားရိုးကျမဟုတ်ဘူးလေ။ ဒါပေမဲ့ ကြိုက်လား။

    ReplyDelete
  5. မရှိမဖြစ် သမားရိုးကျပဲ အစ်ကိုရေ ....

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...