Jun 1, 2009

အညာသားများ










လမင်းတရာသာ
ပန်းပေါင်းတရာပွင့်
ကန္တာရနှစ်များ လွန်မြောက်စေ။

အမေ့ခေါ်သံ
ပဲ့တင်သံကို၊ နိုင်ငံတကာ
ကဗျာမိသားစု၊ ဥပမာပြု
လူထုအမေ
သားတွေ သားဖြစ်နေဆဲပါ။

လွမ်းလိုက်တာ
ဦးပညာချောင်၊ တောင်သမန်အင်း
မင်းဘူးလမ်းဆုံး၊ မုန်းချောင်းဟိုကမ်း
မန်းချောင်းတ၀ိုက်၊ ကျင်လည်ခိုက်တန့်
အနုပညာ မိုက်မဲရူးသွပ်ခဲ့တာတွေ။

ဤအချိန်၌
မိုက်မဲခဲ့သူ၊ ကျိန်စာမိသူ
သူရဲကောင်းလို့ ပြောမလား။

ဆရာဂျမ်း၊ ဆရာကို
ဆရာကြည်၊ ဆရာစွမ်း
တပ်မှူးတို့လမ်း၊ လူထုလွမ်းပြီ
အောင်ဆန်းမျိုးဆက် လက်တို့တော့။

မောင်လွမ်းဏီ

1 comment:

  1. လက်တို့ လိုက်တယ် ။
    ထိတာကို သိရင် ဆက်တို့ လိုက်ပါလေ။
    အရေပြားထုံနေရင်တော့ ဒုက္ခပါပဲ။ ကိုယ်တို့ တိုင်းပြည်မှာ ထုံတဲ့ ရောဂါလည်း အဖြစ်များသားလား

    မအယ်

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...