Jun 5, 2009

အညာသမိုင်းထဲက မြို့တမြို့












အဲဒီမြို့မှာ
ကျောက်စာတခု

ကဗျာဆရာတဦ်း ထွင်းထုခဲ့တယ်။ +


အဲဒြီ့မို့မှာ

သူရဲကောင်းတွေ
ပျောက်ဆုံးခဲ့ကြ

သစ္စာဖောက်တွေ
အတောင်ပေါက်ကြ

လူငယ်လေးတယောက်

သူ့ ဆိုင်ကယ် ကျပျောက်ခဲ့ရ

အမျိုးသမီးတယောက်

သေကံမရောက်၊ သက်မပျောက်ဖြစ်ခဲ့ရ

အံကြိတ်ရ တောက်ခေါက်ရ

အဖြစ်အပျက်တွေထဲ

ကဗျာဆရာတယောက်လည်း

ကြေကွဲထိရှ ပေါက်ကွဲခဲ့ရ။ ++


လေးဆယ့်ငါးဖွား

မိန်းမသားကို

တရားစောင့်ရှောက်ခဲ့တာကို။


နှစ်ထောင့်သုံး

မေသုံးဆယ်

လွတ်တော်မူခန်း။

ဇာတ်လမ်းအဆက်
ကျီရွာထက်မှာ၊
တရက်ရုံတင်နိုင်ပေလိမ့်။


မောင်လွမ်းဏီ

၆-၆-၀၉


+ ထိုက်သူနိုင်ရဲ့ ဒီပဲရင်းကျောက်စာ

++ ကြည်မောင်သန်းရဲ့ ဒီပရင်္ဂ

5 comments:

  1. လေးဆယ့်ငါးဖွား မိန်းမသားကို တရားက ဆက်ပြီးစောင့်ရှောက်နိုင်ပါစေ....
    မီးငယ်

    ReplyDelete
  2. စာမူခ ပေးသွားလေသတည်း

    ReplyDelete
  3. စာမူခ ပေးသွားလေသတည်း

    ReplyDelete
  4. ဇာတ်လမ်းအဆက် တရားခွင်ထက်မှာ
    တရက် ရုံးတင်နိုင်ပေလိမ့်...

    ReplyDelete
  5. ကို အောင်သာငယ်..
    ၈ဗျာလေးကို လာရောက်ဖတ်ရှုပြီး
    လေးဆယ့်ငါးဖွား မိန်းမသားကို
    ဂါရ၀ပြု ဆုတောင်းသွားပါတယ်။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...