Jun 6, 2009

သရော်စစ်လား အညာသားမို့  ရဲသကို











အညာသားတယောက်က
စစ်ဝါဒကို အစွဲကြီးတယ်။

အညာသားတယောက်က
ချွန်မြတဲ့ဘက်နက်ကို အာဏာလိုကျင့်သုံးတယ်။

အညာသားတယောက်က
ဓားသံလျက်လို မောက်မာတယ်။

အညာသားတယောက်က
ဧရာဝတီကို ခြေဆေးတယ်။

အညာသားတယောက်က
ကျောက်ဆည်ကို ဆင်က က ခိုင်းတယ်။

အညာသားတယောက်က
ပုဂံကို ဖြိုဖျက်တယ်။

အညာသားတယောက်က
တိုင်းရင်းသူကို ချုပ်ကိုင်ပြီး
လွတ်လပ်ခွင့်ကို မုဒိန်းကျင့်တယ်။

အညာသားတယောက်က
ဟစ်တလာ။ မူဆိုလိုနီ
ချောင်ဆက်စကူး ကျန်ဇီးမင်းနဲ့ 
ပူတင်ကို အတုယူတယ်။

ဒါကြောင့်ပါသီ
သုတေသီအကယ်ဒမစ်တယောက်က
အညာသားတယောက်
စာရင်းပျောက်နေတော့
စိတ်ကောက်တော်မူတာ ကြားဖူးလိုက်တယ်။

ခု ကဗျာ ရေးသူက
အညာသားစစ်စစ်တယောက်ပဲ
ရဲရဲပြောလိုက်မယ်။

မောင်လွမ်းဏီ

2 comments:

  1. သိဒတ္ထကိုလဲ
    သူ့အမေက မွေးတယ်

    ဒေဝဒတ်ကိုလဲ
    သူ့အမေက မွေးတယ်

    အမေမွေးတာချင်းတူပေမယ့်
    အမွေပေးတာချင်းမတူကြဘူး...



    ကဗျာဆရာကြီးတစ်ယောက်ရေးခဲ့တာပါ... ဖျာပုံနီလုံဦးလား ဘယ်သူလဲတော့ မမှတ်မိတော့ပါဘူး... ကျွန်တော့အိမ်သူက ပြန်ပြောပြလို့ သိရတာပါ...

    သေချာတာကတော့ မဆလ ခေတ်တုန်းက ထောင်တန်ခဲ့တဲ့ ကဗျာလေးပေါ့ဗျာ...



    အခုတော့
    ဟိုတယောက်လဲ
    အညာသား...
    ဒီတယောက်လဲ
    အညာသား...
    အညာသားတာချင်း တူပေမယ့်...
    ခမျာ လားရာချင်းတော့ တူမယ်မထင်...


    ခင်တဲ့...
းဝ) ကိုလူထွေး

    ReplyDelete
  2. အညာသားတွေ တော်လှန်ရေးမှာ မညာစတမ်းပေါ့ဗျာနော့

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...