Jun 7, 2009

အညာသားများ - ၁












ငါတို့ ရဲ့ ကဗျာ
ငါတို့ ရဲ့ တော်လှန်ရေး
ဘာကို ရွေးမလဲ
မောင်လွမ်းဏီကို
မောင်လွမ်းဏီက ပြန်မေးတယ်။

ဟားဗတ် တံထွေးနဲ့ 
ပက်ပက်စက်စက်
နင်ပဲငဆ ထွေးရင်တော့။

သင်ယူခဲ့ရတဲ့
ကဗျာတပုဒ်၊ ကျုပ်လွမ်းမိတယ်။

ငါတို့ ရဲ့ကဗျာ
အတတ်ပညာမဲ့သတဲ့
ပညာတတ်ကြိမ်လုံးနဲ့ 
တအုန်းအုန်း ထုရိုက်တယ်။x

အဘိဓမ္မာ
မမဲ့တာတောင်
အညာသားတွေက
လူကြောင်စာရင်းဝင်သတဲ့လား။

အညာသေးက
တဖြေးဖြေး နံတယ်
ဟားဗတ် တံထွေး
ဘာကွမ်းသွေးလဲ၊ တွေးဆမရ
တသသနဲ့  အိပ်မ၀လို့ ပါ။

မောင်လွမ်းဏီ

၆-၇-၀၉

ကဗျာဆရာမောင်လေးအောင်x


(ချစ်ဆွေတယောက်က စာရေးဆရာမလေးက ခုလိုရေးရတယ်လို့ ဆိုတော့
သဘောတူလို့ ရယ်။ ပြီးပါစေတွေ မပြီးသေးဘူး ဆိုတာ ယုံလို့ ။)

3 comments:

  1. ဆရာမောင်လွမ်းဏီရဲ့ စာတွေကို ဆက်တင်ဦးမယ်ဆိုရင် welcome ပါအကို...

    ခင်တဲ့
    ကိုလူထွေး

    (အောက်မှာရေးထားတဲ့ ချစ်ဆွေတယောက်... စာပိုဒ်ကို နားမလည်ပါ)

    ReplyDelete
  2. ဒီကဗျာမှာ
    နေ့စွဲ မှားနေတာ ဟုတ်ဖူးလား
    ..
    တမင်ရေးထားတာများ လား ..း)
    ၆-၇-၀၉ (or) ၇-၆-၀၉ (or) ????

    ကဗျာရေးသူမှားတာလား
    တင်ပေးတဲ့သူ မှားတာလား.. ???

    With Warm Regards;
    (mama)

    ReplyDelete
  3. ကိုအောင်သာငယ် မမှားပါဘူး mama ရေ့ ... , အမေရိကားမှာက နေ့စွဲတပ်မယ်ဆိုရင် တခြားနိုင်ငံတွေနဲ့ မတူပါဘူး ....လ , ပြီးမှ နေ့ရက် , နေ့ရက်ပြီးမှ ခုနှစ် ထားပြီး ရေးကြပါတယ်...ဒါကြောင့်မို့
    ပါ... မြန်မာပြည်မှာရေးသလိုဆိုရင် ၆.၇.၀၉ ဖြစ်မှာပါ...အမေရိကားမှာကတော့ ၇.၆.၀၉ လို့ ရေးကြပါတယ်...အမေရိကားရောက် မြန်မာတွေအနေနဲ့ အဲဒီနေ့စွဲတပ်တာနဲ့ ပတ်သက်ရင် နဲနဲ သတိထားရပါတယ် ...

    ကိုအောင်သာငယ်ကိုယ်စားဝင်ဖြေသွားပါတယ်....ပို့စ်အသစ်လေးများရေးမလားလို့ မျက်နှာလုပ် ( ဖားတာပါ ) သွားပါတယ် ကိုအောင်သာငယ်ကြီး....

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...