Jun 11, 2009

အိမ်အလွမ်း

ကြိုက်နှစ်သက်ခဲ့ဖူးတဲ့ ခိုင်ထူးရဲ့ သီချင်း တပုဒ်ပါ။ ကိုမောင်မောင် ရေးခဲ့တာပါ။ ကိုလူထွေး နားထောင်ချင်တယ် ဆိုလို့ တီးလိုက်ပါတယ်။ အိမ်နဲ့ဝေးနေကြသူ အားလုံးလည်း ခံစား နိုင်ကြမယ် ထင်ပါတယ်။
တီးရင်းနဲ့ ပျင်းလာလို့ Bass တွေ Drums တွေ မထည့်လိုက်တော့ဘူး...း) နားထောင် လို့တော့ ကောင်းမယ် ထင်ပါတယ်။ မကောင်းခဲ့ရင်လည်း သည်းခံခွင့်လွှတ် နားဆင်ကြပါ ပေါ့လေ...။

အိမ်အလွမ်း
ရေး - ကိုမောင်မောင်
ဆို - ခိုင်ထူး

အိမ်ပြန်ချင်တဲ့ အလွမ်း...
ဆီးနှင်းတို့ ကျစတညမှာ... အိမ်ကို ပစ်ပြီးတော့...
မပြေလည်နိုင်တဲ့လမ်းမှန်း...
သိလျက်နဲ့... တလှမ်းချင်း လှမ်းကာ... ရင်ဆိုင်နေဆဲက...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...

စိမ်ခေါ်နေတဲ့လမ်း...
ဆူးခင်းနဲ့ စီးချင်းထိုးကာ... မြေလှန်ပစ်ပြီးတော့...
စိုပြည်နိုင်မယ့်နည်းလမ်း...
ရှိလျက်နဲ့ မနီးစပ်သေးခင်... ရှာဖွေနေဆဲက...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...

အလွမ်း... ပြန်ချင်စိတ်ကြောင့်...
အလွမ်း... ပြန်ချင်ဇောကြောင့်...
နေ့ခင်း... အိပ်မက်ထဲမှာ...
အတွေး... အိပ်မက်ထဲမှာ... အိမ်ပြန်ဖြစ်တယ်...

မိန်ရာသီရဲ့ စန်း...
နက္ခတ်နဲ့လိုက်လို့ညှိကာ... အဖြေပြန်တွက်ပြီးတော့...
အမေအို မျှော်မယ်မှန်းလည်း...
သိလျက်နဲ့ ခရီးကြမ်းဖျက်ကာ... ပြန်မလာနိုင်သေးခင်...
အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်...

အလွမ်း... ပြန်ချင်စိတ်ကြောင့်...
အလွမ်း... ပြန်ချင်ဇောကြောင့်...
နေ့ခင်း... အိပ်မက်ထဲမှာ...
အတွေး... အိပ်မက်ထဲမှာ... အိမ်ပြန်ဖြစ်တယ်...

အိမ်ပြန်ချင်တဲ့ အလွမ်း... ... ...

Get this widget | Track details | eSnips Social DNA

18 comments:

  1. နေ့ခင်းအိပ်မက်,အတွေးအိပ်မက်ထဲမှာ မြန်မာပြည်မှာဘဲရှိနေတယ်လေ...
    အမေအိုမျှော်နေတာတော့ ကြာလှပေါ့....
    အိမ်နဲ့ဝေးနေတဲ့သူတွေရဲ့  လွမ်းစိတ်တွေကတော့ အတူတူပါဘဲ အကိုအောင်သာငယ်....

    တီးထားတာလေးကောင်းတယ်အကိုရေ....ကျေးဇူးပါ..။
    mie nge

    ReplyDelete
  2. အစ်ကိုရေ စစ်ကိုင်းလမ်းပြီး ရင် အိမ်အလွမ်းကို အကြိုက်ဆုံးဗျ။

    အိမ်ပြန်ချင်သွားပြီ.....

    ReplyDelete
  3. ကောင်းတယ်ဗျာ ဂစ်တာပါထည့်လိုက်ရင် ရှယ်ပဲနော်ဗျာ အားပေးလျှက်ပါဗျာ။

    ReplyDelete
  4. ကောင်းတယ် အစ်ကိုကြီး ...
    အဆိုနဲ့ ပိုနားထောင်ချင်တာ....။

    ReplyDelete
  5. အိမ်နဲ့တော့မဝေးပါဘူး လှမ်းနေတာဘဲရှိပါတယ် ဘာဘဲ ဖြစ်ဖြစ် ဒီသီချင်းက ကျွန်တော်ကြိုက်ပါတယ် Sin dan lar ပြောသလို အစ်ကိုဆိုတာလည်း ခံစားကြည့် ခြင်တယ် အိမ်နဲ့ ပက်ပက်စက်စက်သေးနဲ့တဲ့ အစ်ကို ရဲ့ ခံစားချက်အသံပေါ့

    ReplyDelete
  6. အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်...
    တိတ်တဆိတ် ရောက်လာတယ်...

    ReplyDelete
  7. လွမ်းလိုက်တာ..
    (mama)

    ReplyDelete
  8. ကျေးဇူးပဲဗျာ။ အသေအချာနားထောင်ရင် ငြီးမိလေရဲ.။ ဒီဖိုင်လေသိမ်းထားပြီး ဂစ်တာလေနဲ. ရောသမမွှေလုပ်လိုက်အုံးမယ်။ ဒါနဲ့စကားမစပ် ခိုင်ထူးရှိုး ဒီအပါတ်ဆစ်ဒနီမှာရှိတယ်။ အလွမ်းသွားထပ်ဖြေလိုက်အုံးမယ်။ မြန်မာစာစရိုတ်ခါစပါ သည်းခံ၍ဖတ်လော ရဲဘော်ရေ…..

    ReplyDelete
  9. ဟင်းးးးးးးးးးးးးးးး

    အဆိုလဲ မပါဘူး..........

    ReplyDelete
  10. အိန္ဒြာJune 12, 2009 at 6:25 AM

    ဟင်းးးးးးးးးးးးးးးး

    အဆိုလဲ မပါဘူး..........ဆိုတာ အိန္ဒြာပါ

    ReplyDelete
  11. ခိုင်ထူးသီချင်းတွေထဲက အကြိုက်ဆုံးသီချင်းတွေထဲမှာ အိမ်အလွမ်းလဲပါတယ်… အိမ်နဲ့ ဝေးနေရတော့ ပိုခံစားရတယ်… ခုတောင်အတော်လွမ်းမိနေတာ အဆိုလေးနဲ့ ဆို ငိုမိမလားပဲ…

    ReplyDelete
  12. ညီငယ်တယောက်ရဲ့ ဆန္ဒကို အခုလို အရေးတယူ ဖြည့်ဆည်းပေးတာ ကျေးဇူးပါ အကိုကြီးရေ...

    "စိုပြည်နိုင်မယ့်နည်းလမ်း...
    ရှိလျက်နဲ့ မနီးစပ်သေးခင်... ရှာဖွေနေဆဲက...
    အိမ်ပြန်ချင်တဲ့ အလွမ်းစိတ်... တိတ်တဆိတ်ရောက်လာတယ်"


    ချစ်ခင် လေးစားလျှက်
းဝ) ညီလူထွေး

    ReplyDelete
  13. အကို
    နောက်ဆုံးအိပ်မက် တီးပေးပါ။
    တချို့တွေ နေနိုင်လွန်းတယ်ကို မျက်ရည်ကျမိလို့ပါ။
    တချို့တွေ မနေနိုင်ပါမှ အိမ်မြန်မြန်ပြန်ရမှာမို့ပါ။ :(

    ReplyDelete
  14. ဒီလိုဆို သူငယ်ချင်းမောင်ဘဦး တီးပေးပါအကို။
    အိမ်မှာပဲ နေရသောလည်း ဘီအေဘွဲ့ ကြီးပိုက်ပြီး ငိုင်နေရလို့ ပါ။

    မအယ်

    ReplyDelete
  15. 12 Jun 09, 15:38
    kom: ကျေူးဇူးတင်ပါတယ်

    12 Jun 09, 15:38
    kom: ချမ်းမြေံပါစေ.... အဆုံးသတ်ကလေး စိတ်ထိခိုက်တယ်။

    12 Jun 09, 15:38
    kom: တီးရင်းနဲ့ မျက်ရည်ဝဲမိလိမ့်မယ်လို့ယုံကြည်နေတယ်။

    12 Jun 09, 15:38
    kom: နျစ်ခါ နားထောင်ရင်း အချိန်ကိုတန်ဘို့းရှိတေအာင် အသုံးချသွားတယ။်

    12 Jun 09, 15:37
    kom: လိုက်ရသေးတယ်။ ငယ်ငယ်တုံးက သီချင်းတွေ ခိုင်ထူး. စိုးပိုင်း. တူးတူး. မျိုးကြော့မျိုင် (မကြိုက်ဘူးလား) ထူးအိမ်င်. စိုင်းထီးဆိုင် ခင်ဝမ်း. ခင်မောင်တို့။ (ဟမ်. ယောက်ကျားလေးတွေချည်းပါဘဲလား။) ကော်နီ. မေခလာ.

    12 Jun 09, 15:35
    kom: ကိုမဆလာက စောင်ပြောနေတယ။် ကိုအောင်သာငယ်နဲ့ လဲ အကျူံဝင်တယ်။ google ceo ကပြောတယ်တဲ့ အခု သက်မဲ့ကွန်ပြူတာ ကို ပိတ်ပြီး သက်ရှီလူသားတွေ နဲ့စကားပြောပါတဲ့။ တို့ကွန်ပြူတာရှေ့ထိုင်နေတုံးနောက်ကနေ ပြောနေတာနဲ့ပိတ်

    12 Jun 09, 15:33
    kom: ဟော.............ရပ်သွာြး့ပီး. (တို့ကို ကိုအောင်သာငယ်ကြောက်ရတယ်။ သေချာပါပြီ။)

    12 Jun 09, 15:32
    kom: အခုတီးနေတာ ကို ချက်ချင်းရပ်ပလိုက်ပါ။

    12 Jun 09, 15:32
    kom: ရတဲံ့သီချင်းတပုဒ် အိမ်ကို ဂဒီးဂဒီးပြန်နေမှသာ နားထောင်နိုင်တဲ့ သီချင်းတပုဒါ အဝေးရောက်သူတွေ အတွက်က တော့နလုံးသားမှာ သွေးယိဲုစီးသွားနိုင်တဲ့ အရမ်းအောင်မြင်ခဲ့တဲ့သီချင်းပါ။ (နားထောင်ရင်းရေးသွားတယ်။ )

    12 Jun 09, 15:30
    kom: နားထောင်သွားတယ။် ဟုတ်တယ် နဲနဲတော့ပျော့တယ်။ အသံမစုံလို့။ ဒါပေမဲံ. ဒီသီချင်းက တီးပြစရာကို မလိုဘူး. သီချင်းခေါင်းစဉ်ကြားရုံနဲ့ ရင်ထဲကိုသိချင်းစာသားက ရောက်လာပြီး. နားက ကြားယောင်မိစေပြီး နလုံးသာ မှာ နာကျ

    12 Jun 09, 15:28
    kom: ဘာလို့ အလွမ်းတွေဝေအောင် ဖန်တည်းချင်ရတာလဲ. ကိုယ့်ကိုကိုယ်စိတ်ချမ်းသာအောင် နေစမ်းပါ။

    12 Jun 09, 15:27
    kom:ိမကပေမဲ့ လူလုံးပြတယ်လေ.

    12 Jun 09, 15:27
    kom: အောင်သာငယ်: ကလူထွေး - ကျနော့် ဘလော့မှာ ကတာ မပါဘူးလေ... ဒါဆို ဆို၊ တီး၊ ရေးတော့ ရတယ် မဟုတ်လား ...း)

    ReplyDelete
  16. 12 Jun 09, 15:45
    kom: ချော့တိုင်းမပျော့ပါနဲ့။

    12 Jun 09, 15:45
    kom: သိတ်မမြောက်သွားနဲ့နော.် သတိထားပါ။ ဒါ..ပင့်တာ ဖြစ်နိုင်တယ်။

    12 Jun 09, 15:45
    kom: strike သာရှိရင် ကျီးကိုဘုတ်မြောက် ဘုတ်ကို ကျီးမြောက်လို့ပြောဦးမယ်။

    12 Jun 09, 15:44
    kom: ကိုလူတွေးဘလော့ ဆိုက်ဘားမှာ တင်ထားပြန်ပြီးသီချင်းကို

    ReplyDelete
  17. http://thu-hninsee.blogspot.com/2009/06/game.html

    ................................................
    (ပိုက်ဆံစုပြီး အိမ်ပြန်လည်မှပါလေ။ ဟိုအစ်ကိုကြီးရဲ့ အိမ်အလွမ်းသီချင်းကလဲ
    နှိပ်စက်တာပါတယ်)

    ReplyDelete
  18. ထပ်ပြီးနားထောင်သွားပါတယ်-
    အိမ်ပြန်ချင်တဲ့သူတွေတနေ့ တော့ပြန်ရစေ့မှာပါ-
    အဝေးတော့သောကာလအချိန်ကလေးမှာပေါ့-
    ပြန်ချင်တဲ့စိတ်ကလေးတကယ်ရှိဖို့သာလိုတာပါ-

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...