Jun 14, 2009

နောက်ဆုံးအိပ်မက်

ညီမ ချိုသင်းက တီးပေးပါ ဆိုတာကြောင့်ရော ကိုယ်တိုင်လည်း တီးချင်နေမိတာကြောင့်ရော သည်သီချင်းကို တီးလိုက်ပါတယ်။ ခိုင်ထူးရဲ့ သီချင်းများ အားလုံးထဲမှာ ကိုယ်တိုင် အကြိုက် အနှစ်သက်ခဲ့ဆုံး သီချင်း တပုဒ်လည်း ဖြစ်ပါတယ်။ Instrument အားလုံးကို ပါအောင် တီးထားပါတယ်။ Key က A, D, C ၃ ခုဖြစ်တဲ့အပြင် မတူတဲ့ parts တွေက များတော့ အစအဆုံး တပုဒ်လုံးအတွက် စိတ်ရှည်ရှည် ထားပြီး တီးရပါတယ်။ သီချင်းကတော့ ၆ မိနစ်ခွဲပဲ ကြာပါတယ်။ တီးရတာကတော့ Instrument တခုကို တီးလိုက် ပြန်နားထောင်လိုက် edit လုပ်လိုက်နဲ့ အားလုံး ပြီးတော့ ၆ နာရီလောက် ကြာသွားပါတယ်။ တတ်နိုင်သမျှ ပြည့်စုံအောင် ကြိုးစား တီးထားပေးပါတယ်။ အားလုံးပဲ နှစ်ခြိုက်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

နောက်ဆုံးအိပ်မက်
ရေး - ကိုနေ၀င်း
ဆို - ခိုင်ထူး

(စိမ်းမြ... သစ်ရွက်တို့ ကြွေနေဆဲ...
ငါ့မျက်ရည်... စိုနေတုန်းပေါ့...
တချို့တွေ နေနိုင်လွန်းတယ်...

ရဲရင့်... ကျောက်ခက်တို့ ပြိုနေဆဲ...
ငါ့အတွက် အဖြေ... ရှာနေတုန်းပေါ့...
တချို့တွေ နေနိုင်လွန်းတယ်...

တရေးမှ... မပျော်တဲ့ည... မှောင်လွန်းနေဆဲ...
တယောက်ထဲ ငါ... ငိုနေတုန်း...
ရင်ထဲမှာ ... မကျေနပ်ဆုံး...

တိတ်ဆိတ်... အိပ်မက်တို့... ကျန်နေဆဲ...
ငါ့စိတ်တွေ... နှင်နေတုန်းပေါ့...
တချို့တွေ နေနိုင်လွန်းတယ်...

တရေးမှ... မပျော်တဲ့ည... မှောင်လွန်းနေဆဲ...
တယောက်ထဲ ငါ... ငိုနေတုန်း...
ရင်ထဲမှာ ... မကျေနပ်ဆုံး... )၂
အသည်းမှာ... ဒါနောက်ဆုံး...

Get this widget | Track details | eSnips Social DNA


သည်သီချင်းကို နားမထောင်ဖူးတဲ့ ညီတွေ၊ ညီမတွေ (ညီ-သီဟသစ်တို့ ညီမ-မှူးဒါရီတို့) သည်မှာ သွားနားထောင်နိုင်ပါတယ်။ သည် YouTube ပေါ်က သီချင်းကတော့ ခုနောက်ပိုင်းမှ အသစ် ပြန်တီးဆိုထားတာပါ။ သူ့နဂိုရ် မူရင်းလောက် ကျနော်ကတော့ မကြိုက်ပါဘူး။ ကျနော် တီးထားတာကတော့ သူ့နဂိုရ် မူရင်းနဲ့ တတ်နိုင်သမျှ အနီးစပ်ဆုံးဖြစ်အောင် ကြိုးစား ထားတာပါ။

23 comments:

  1. အိမ်နားနီးရင်ကောင်းမယ်ဗျာ။ အစ်ကိုရွှေ့မလား ကျနော်ရွှေ့ရမလား :P

    ReplyDelete
  2. အကိုတီးတာကောင်းလို့ လိုက်မဆိုဘဲမနေနိုင်ပါဘူး...အကြိုက်ဆုံးတွေထဲက တပုဒ်ပေါ့ ....တောင်းဆိုတဲ့မချိုသင်းရော , အကို့ကိုရော ကျေးဂျုးကမ္ဘာပါ....နောက်မှာတန်းစီထားတယ်နော်အကိုကြီး... (နေညိုချိန်)....စင်ကာပူတော့ ရွှေ့ မသွားနဲ့နော်....

    mie nge

    ReplyDelete
  3. နားမထောင်ရသေးခင် ခေါင်းစဉ်မြင်ပြီး အရင်မန့်ခဲ့တယ်
    သီချင်းလေးကြိုက်လွန်းလို့

    ReplyDelete
  4. တရေးမှ... မပျော်တဲ့ည... မှောင်လွန်းနေဆဲ...
    တယောက်ထဲ ငါ... ငိုနေတုန်း...
    ရင်ထဲမှာ ... မကျေနပ်ဆုံး...
    မကျေနပ်ဆုံးကိုအခေါက်ခေါက် ပြန်ဆိုသွားတယ်

    နားထောင်သွားတယ် အစ်ကိုရေ

    ReplyDelete
  5. နားထောင်ပြီးတော့လည်း ကြိုက်တယ်...။
    ဆိုသံပါရင် ပိုကြိုက်မယ်... :))

    ReplyDelete
  6. မကြားဖူးတဲ့သူတွေခမျာတော့... သံစဉ်နဲ့ စာသားကို တခြားစီ နားထောင်ရင်း...ရင်ခံလိုက်တာနော်...
း(

    ReplyDelete
  7. တကယ်ကို နှစ်နှစ်သက်သက်ရှိခဲ့တဲ့ သီချင်းလေးပါ။
    တောင်းဆိုတဲ့သူကိုရော၊ တီးပေးတဲ့သူကိုပါ ကျေးဇူး အများကြီးတင်ပါတယ်။ (ဒီလိုတောင်းလို့ရတယ်ဆို တို့လဲ တောင်း အုံး မှာ...)

    တရေးမှ... မပျော်တဲ့ည... မှောင်လွန်းနေဆဲ...
    တယောက်ထဲ ငါ... ငိုနေတုန်း...
    ရင်ထဲမှာ ... မကျေနပ်ဆုံး... ဆိုတဲ့နေရာကို အကြိုက်ဆုံးပဲ...

    ငယ်ငယ်တုံးက ဂစ်တာစသင်တော့ ဒီသီချင်းနဲ့ စသင်ခဲ့တာ... လက်ကွက် လေးကွက်လေ...
    C ရယ် A Minor ရယ် D ရယ်.. ပါတယ် ထင်တာပဲ တော်တော်တော့ မေ့နေပါပြီ...

    ReplyDelete
  8. အိန္ဒြာJune 15, 2009 at 8:26 AM

    ကျေးဇူးတင်တယ် အကို

    ဂစ်တာစတီးသင်တော့..
    မြတ်မြတ်နိုးနိုးနဲ့ကို သင်ခဲ့ရတဲ့...
    အကြိုက်ဆုံး..သီချင်းလေးလေးပေါ့
    မတောက်တခေါက် ခေါက်ခေါက်ပြီးညည်းလိုက်ရတာ....

    ပြန်လွမ်းသွားတယ်

    ReplyDelete
  9. ကျေးဇူးတင်လိုက်တာ အကိုရေ..
    Geology Field ထဲကိုတောင် ပြန်ရောက်သွားသလိုပဲ။

    တချို့တွေ တကယ်ပဲ နေနိုင်လွန်းပါတယ် :(

    ReplyDelete
  10. သဘောကျတဲ့ အဆိုတော်တွေထဲမှာ
    ခိုင်ထူးလဲပါတယ်..
    အဆိုပါ ပါရင်ကောင်းမယ်နော်..
    ခိုင်ထူးလောက်မအော်နိုင်ရင်လဲ အားပေးမှာပါ..


    ပေါက်

    ReplyDelete
  11. အကိုကြီး သီချင်းပါ ဆိုပြရင် ပိုကောင်းမယ်ဗျာ
    ကျွန်တော်တို့က မကြားဖူးတော့ သံစဉ်လေးပဲ နားထောင်သွားရတယ်

    အကိုကြီးတီးတာ သဘောကျတယ်

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  12. မနေနိုင်လို့ အပြေးလာခဲ့ပါတယ်...
    လမ်းမှာ ခလုပ်တောင်တိုက်သေးတယ်...
    မျက်ရည်တွေကတော့ မခြောက်ကြသေးပါဘူး...

းဝ)

    ReplyDelete
  13. အကိုရေ..အဲဒီသီချင်းလေးကို သိပ်ကြိုက်တာပဲ..နားထောင်လို့တော့ မရဘူး..(ကွန်နက်ရှင်မကောင်း)။ အဆောင်ညတွေတောင် လွမ်းသွားမိပါရဲ့..။ ကျေးဇူးအကို..ကွန်နက်ရှင်ကောင်းမှ ထပ်လာခဲ့ဦးမယ်..။

    ReplyDelete
  14. ကျွန်တော် တို့အရွယ်တွေရဲ့ ရင်ထဲမှာ စွဲနေတဲ့ သီချင်းတွေထဲက တစ်ပုဒ်ပေါ့ အကိုကြီးရေ ..
    ဒါနဲ့စကားမစပ် အကိုကြီးကတော့ ဟုတ်တိပတ်တိ တီးတတ်နေပြီ ကျွန်တော်တော့ အဲ့ဒီ ပရိုဂရမ် ကို ခုထိ မစမ်းမိသေးဘူး ဟီး ဟီး..
    ဘာဖြစ်ဖြစ်လေ လူငယ် လူပျိုပေါက် ဘဝကို ဒီသီချင်းနားထောင်ရင်း ဒါရိုက် တန်းပြီးပြန်ရောက်သွားတယ် အကိုကြီးရာ လွမ်းတယ်ဗျာ....

    ReplyDelete
  15. ကောင်းတယ်ဗျာ တခုခုကိုတအားလွမ်းသွားရပါတယ်ဗျာ။

    ReplyDelete
  16. နားထောင်ကောင်းလိုက်တာ..
    ”တချို့တွေနေနိုင်လွန်းခဲ့တာလည်း ကြာလှပြီပေါ့”အကိုရာ....

    ReplyDelete
  17. 15 Jun 09, 06:09
    ဒူကဘာ: အဆောင်ရှေ့ လမ်းဘေးအုတ်ခုံမှာ အတွင်ကျယ်ဆုံး သီချင်းတပုဒ်ကို လာခံစာပါတယ်၊ ဂွတ်ထ ...ကိုအောင် !

    ReplyDelete
  18. 15 Jun 09, 11:47
    mm: မမိုးချိုသင်းနဲ့ကိုအောင်သာငယ် နှိပ်စက်ကြပါတယ်ဗျို့

    ReplyDelete
  19. ကိုခိုင်
    ကျနော် လူမှုရေးအရ နှတ်ဆက်ရမှာ ပျက်ကွက်ခဲ့တယ်
    အခု ကျနော် နားထောင်ကြည့်ပြီးပြီ။
    အားကျမိတယ်။

    ReplyDelete
  20. 15 Jun 09, 19:25
    နဒင်း: သီချင်းတွေနားထောင်သွားတယ်၊ ဂွတ်ရှယ်ပဲနော်

    ReplyDelete
  21. http://www.youtube.com/watch?v=z9SH3QSMZUI&feature=related

    ReplyDelete
  22. အေးဗျာ... အခုမှ နားထောင်ဖြစ်တယ်။ တော်တော်ကောင်းတယ်ဗျာ။ မြူးဇစ်ဗဟုသုတ တွေ ဝေငှပေးစမ်းပါ...
    (ကျော်နိုင်)

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...