Jun 3, 2009

အညာသားများ - ၂



















အညာသားတွေက
အစွဲအလမ်း ကြီးမားတယ်။

အညာသားတွေက
ရှားနှစ်လို မာကျောတယ်၊

အညာသားတွေက
ဝါးကြောလို တင်းခံတယ်၊

အညာသားတွေက
ဧရာဝတီကို သွေးနီဖြန်းခဲ့တယ်၊

အညာသားတွေက
ဓားတောင်ကိုလည်း ကျော်ခဲ့တယ်။

အညာသားတွေက
ပုဂံကို ယွန်းဆေးပန်းချီရေးခဲ့တယ်၊

အညာသားတွေက
မြေလတ်ကို သားအကြီးလို မွေးခဲ့တယ်။

အညာသားတွေက
လရောင်ကို ချစ်သလို
ဗိုလ်မင်းရောင်၊ ဗိုလ်လရောင်ကိုလည်း
စေတီလို ထီးတင်ခဲ့တယ်၊

အညာသားတွေက
အဖိုးကိုယ်တော်၊ ဇော်ဂျီ၊ မောင်ဝန်
ကျွန်စိတ်ပစင်၊ သခင်အစ
ဗဟိန်း တာရာ၊ တင်အောင် မြသန်းတင့်
ရင်နင့်အောင်မွှေး၊ မမလေး အမာ၊ သမိုင်းဆက်ထုံး
အရာအားလုံးကို ချစ်ခဲ့တယ်။

ဒါကြောင့်ပါခင်
အညာသားတွေက၊ သခင်အောင်ဆန်းကို
ပင်လုံလမ်းမှာ ယုံကြည်ပုံအပ်ခဲ့တာ
ရိုးသားတာပါပဲပေါ့လေ။ ။

မောင်လွမ်းဏီ

၃-၆-၀၉

27 comments:

  1. ဗိုလ်ချုပ်သန်းရွှေလည်း ကျောက်ဆည်က အညာသားပါပဲ။
    အခုလည်း စစ်တပ်ထဲမှာ အညာသားဖြစ်မှ တိုင်းမှူးဖြစ်မယ်ဆိုတာမျိုး ပြောနေကြပါတယ်။ ကျနော်က မော်လမြိုင်သားပါ ခင်ဗျ။
း)

    ReplyDelete
  2. အညာသားကွ!

    အဲ့ ကိုယောဟန်အောင်ပြောတာနဲ့ ပြန်ပြုတ်ကျသွားပြီ

    ReplyDelete
  3. ရန်ကုန်သား တယောက်ကတော့ ရေငုံ နှုတ်ပိတ် နေရုံသာ...း(

    ReplyDelete
  4. တချို့ အညာသားများ ညာတတ်ပါ၏ :D

    ReplyDelete
  5. ချယ်ရီတွေရယ် အရိုးခံစိတ်ရင်းရှိကြတယ်။

    အညာသားတွေ ညာစရာလိမ်စရာရှိရင် သူမတူပါဗျို့ ။

    ReplyDelete
  6. Most of အညာသားများ had been fleeing from their home places due to lack of opportunities.
    Remaining အညာသားများ were waiting a chance to flee.
    Bino

    ReplyDelete
  7. အနုပညာကို အသိအမှတ်ပြုတယ်။ ကဗျာကို လေးစားတယ်။ သမိုင်းကို တန်ဖိုးထားတယ်။ ဒီနေ့ခေတ်မှာ Multi-Value, Multi-Meaning နဲ့သွားနေတဲ့ခေတ်မှာ မြန်မာနိုင်ငံရဲ့ နယ်မြေနိုင်ငံရေး လူမျိုးစုနိုင်ငံရေး ဗဟိုနိုင်ငံရေး အခြေအနေတွေဟာ တော်တော်ရှုပ်တယ်။ Democratic Nation ကို ပုံဖော်နေတဲ့ ကာလ။ သတိထားကြပါ။ ကိုလွမ်းဏီကို စော်ကားတာမဟုတ်ဘူး။ သူတို့တွေ အတွေးလွဲပြီး စိတ်ကောက်မှာကို (ဖြတ်သန်းခဲ့ရတဲ့အတွေ.အကြုံအရ) ပူပန်မိလို့။

    ReplyDelete
  8. အင်း အကိုတော်
    တောင်မလွတ် မြောက်မလွတ်
    ရွာသားပြောသလိုလေးပေါ့ဗျာ

    ReplyDelete
  9. ကျနော့်ကဗျာများကို ဖတ်ရှူခံစားသူအားလုံးကို ကျေးဇူးတင်ပါတယ်၊ အတွေးလွဲချော်ပြီး
    စိတ်ခံစားမှု ဖြစ်ရင်လည်း ကျနော် ကဗျာရေးနေတာ ရိုးရိုးသားသား ယုံယုံကြည်ကြည်နဲ့  ရေးတာဆိုတာလေးကို နားလည်ပေးစေချင်တာပါပဲ၊
    မောင်လွမ်းဏီ

    ReplyDelete
  10. ဟုတ်ကဲ့။ နားလည်ပြီးသားပါ။

    ReplyDelete
  11. အညာသားကဗျာလေး ကောင်းတယ်
    ခံစားသွားပါတယ်...

    အညာသားပုံပြင်လေးတွေ အများကြီးရှိတယ်..
    အညာသားတွေ ဇွဲရှိတယ် ကြိုးစားတယ်
    အပင်ပန်းခံနိုင်တယ် ကျရာတာဝန်ထမ်းနိုင်တယ်
    ထူးချွန်ကြတာများပါတယ်..

    ရီစရာ အညာသားပုံပြင်လေးတစ်ပုဒ်ရှိသေးတယ်
    အညာသားတစ်ယောက်ရေနစ်တော့
    ကယ်တဲ့သူက
    မင်းရဲ့ လက်ကိုပေးလို့ပြောတယ်
    အညာသားကမပေးဘူး...

    နောက်မှ ကယ်တဲ့သူက သဘောပေါက်သွားတယ်
    သူကယ်နေတာ အညာသားဆိုတာကို
    ငါ့ရဲ့လက်ကို ယူကွာလို့ပြောမှ ကယ်လို့ရတယ်
    အညာသားတွေကပ်စေးနဲတာကို ဟာသလုပ်ထားတာပါ...
    အညာသားမှန်ရင်
    ကပ်စေးလဲအရမ်းနည်းတယ်တဲ့....

    ပျော်ရွှင်ပါစေ အကိုရေ...

    ReplyDelete
  12. သခင်အောင်ဆန်းကို ပင်လုံလမ်းမှာ
    ယုံကြည်ပုံအပ်ခဲ့တာ
    အညာသားတွေတင်မှ မဟုတ်တာ
    တိုင်ရင်းသားအားလုံးပါ
    ဒီကဗျာ ခံစားမှုက နည်းနည်းကျဉ်းမြောင်းတယ်လို့ထင်ပါတယ်ရှင့်
    ရိုးရိုးသားသား ပြောမိတာပါ....
    mama

    ReplyDelete
  13. ပင်လုံလမ်းဆိုတာ။ အမျိုးသားလွတ်မြောက်ရေး။
    ချစ်ကြည်ရေး။ သွေးစည်းညီညွတ်ရေး။ လွတ်လပ်ရေးဆိုတဲ့အရာတွေအတွက် ဗိုလ်အောင်ဆန်းနဲ့ တကွ တိုင်းရင်းသား အာဇာနည်ခေါင်းဆောင်တွေက သွေးလမ်းခင်းညွန်ပြခဲ့တယ်ဆိုတာကို ရေးဖွဲ့ တာပါ၊ အနက်တိမ်ရင် ကျနော့် ညံ့ဖျင်းမှုပါ၊ တဆက်တည်း ကျနော်ပြောချင်တာက အညာသားဆိုတဲ့ စကားလုံးက ဒေါက်တာသန်းထွန်းရဲ့  သန်းထွန်းရှစ်ဆယ်ပြည့် သမိုင်းစာအုပ်က သုတေသနပြုချက်လေးကို နှစ်သက်လို့ ပါ၊
    ပထမမိုးလွန်ကာလကပဲ ချင်းတွင်းဧရာဝတီကြား မြေနေရာတွေမှာနေခဲ့ကြတယ်၊
    (အမေရိက ရှေးဟောင်းသုတေသီတွေ ၁၉၃၆ -၃၇ အတွင်း ကွင်းဆင်းသွားစဉ်က အညာသား ( Anyatha ) နံမည်မှည့်သွားတဲသူတွေဖြစ်မယ်၊ အဲဒီသုတေသီတွေက မတ်မတ်သွားတဲ့သူ (Homo Erectus ) ဖြစ်နိုင်စရာရှိတဲ့ အညာသား ( ) ဟာ ဒုတိယမိုးလွန်ကာလမှာစတင်နေထိုင်သူတွေဖြစ်တယ်၊
    စာ -၇
    အဲဒီသမိုင်းဟာ ကျနော်တို့ အားလုံး (ပင်လုံလမ်းကို အမည်ရွေးခဲ့တဲ့ ဘိုးဘေးဘီဘင်တွေလို့  ကျနော်ယုံကြည်မှုတခုပါ)
    ကျနော့်လွဲချော်မှုတွေ။ ကျဉ်းမြောင်းမှုတွေ။ ချို့ ယွင်းချက်တွေဆိုရင်လည်းဝိုင်းဝန်း တည့်မတ်ပေးဖို့  ချမ်းမြေ့  နွေးထွေးစွာ ကြိုဆိုပါတယ်၊
    မေတာဖြင့်
    မောင်လွမ်းဏီ

    ReplyDelete
  14. စာကျန်နေလို့ ပါ၊
    ကျေးဇူးတင်ပါတယ်၊
    အညာသားဆိုတာထက် အညာသား အကြေသား၊ မင်းဘူးသား မော်လမြိုင်သား၊ ရန်ကုန်သား၊ တောင်ကြီးသား။ တောင်ပေါ်သား မြေပြန့် သား။ နယ်စပ်သား တတိယနိုင်ငံသား။ ဘဲကလော်သား ၀ါရှင်တန်သား ဆိုတာ ဘယ်တုန်းကမှလည်း မရေးခဲ့ မပြောခဲ့ မဆိုခဲ့ဘူးပါ၊ အထူးသဖြင့်
    သူရဲကောင်းနဲ့  သစာဖောက်ဆိုရင် သူရဲကောင်းကို စံပြုမယ်၊ (ကျနော်ခံယူတဲံသူရဲကောင်းပေါ့လေ) ဖိနှိပ်သူနဲ့ ယှဉ်ရင် အဖိနှိပ်ခံဘက်ကရပ်မယ်၊
    ကိုယ်ကျိုးရှာသူနဲ့  ကိုယ်ကျိုး မငဲ့ကွက်သူဆိုရင် ကိုယ်ကျိုးစွန့် သူကို လေးစားမယ်၊ အတုနဲ့  အစစ် အစစ်ကိုပဲ လူသားတိုင်း ချစ်မက်မှာပါ၊ ကိုအောင်ဆန်းနဲ့ 
    ဗိုလ်သန်းရွှေဆိုရင် ဘယ်သူ့ ကို ယုတ်မာပက်စက်တဲ့ တိရိစာန်စာရင်းထဲသွင်းမလဲ။ ကျနော်မှားရင် အရပ်ဖက် စစ်ဖက်သုတေသီများ။ အညာအရေးကျွမ်းကျင်သူများ ၀ိုင်းဝန်းဆင်ခြင်စဉ်းစားပေးပါလေ၊
    မှားရင်ဝန်ခံပြုပြင်ဖို့ အသင့်ဖြစ်ပါတယ်ခင်ဗျား

    ReplyDelete
  15. ဆရာရေ..ဆရာရှင်းပြချင်တာဘာများပါလိမ့်.
    ဆရာ့ဒုတိယရှင်လင်းချက်ကို တကယ်နားမလည်လို့ပါ
    ပထမ တခုဖတ်ရတုန်းက ဘာမှ ပြန်မပြောတော့ပဲ
    နေမလို့ပါ.
    ဒုတိယ ကျန်နေလို့ရှင်းပါရစေ ဆိုတဲ့ရှင်လင်းချက်ကျတော့ တကယ်နားမလည်ဖြစ်ရပါတယ်။

    ဆရာ့ကဗျာ အပေါ်ကျမခံစားရတဲ့ခံစားချက်လေး
    ထပ်ရှင်းပြပါရစေရှင်
    ဆရာက ထူးချွန်ထင်ရှားအညာသားတွေအတွက်ဂုဏ်ယူချင်လို့
    ရေးတယ်လို့ခံစားမိပါတယ်..
    အဲဒါ ပထမ ခံစားချက်ပါ
    ဒုတိယခံစားချက်ကတော့
    တနိုင်ငံလုံးသား (အများစု) တွေက
    ပင်လုံစာချုပ်ကို ကြိုဆိုခဲ့ကြတာပါ
    ဆရာကြီးဦးသန်းထွန်းရဲ့ အညာသား
    ကလဲပဲ တနိုင်ငံလုံးတိုင်းရင်းသားကို
    ကိုယ်စား မပြုပါဘူး

    ဆရာ့ကဗျာအပေါ်ပိုဒ်တွေအတွက်
    အငြင်းပွားစရာ မရှိပေမဲ့
    ကျမတဦးတည်းအတွက်
    ဆရာ့ကဗျာနောက်ဆုံးအပိုဒ်ဖြစ်တဲ့
    ..
    ဒါကြောင့်ပါခင်
    အညာသားတွေက၊ သခင်အောင်ဆန်းကို
    ပင်လုံလမ်းမှာ ယုံကြည်ပုံအပ်ခဲ့တာ
    ရိုးသားတာပါပဲပေါ့လေ။ ။

    ဒီအပိုဒ်ကို ဘယ်လိုမှ သဘောမကျနိုင်
    လို့ပါ။ ကျမရဲ့ ကဗျာနဲ့ပတ်သက်တဲ့ ခံစားချက်
    အားနည်းညံ့ဖျင်းတာမျိုးလဲဖြစ်မှာ

    နောက်တဆက်တည်းပြောချင်တာက
    ကျမက သာမန်စာဖတ် ပရိတ်သတ်တယောက်ပါ
    ပညာရှင်မဟုတ်သလို
    ကဗျာကျွမ်းကျင်သူလဲ မဟုတ်ပါဘူး
    ကျမခံစားရတာ ရိုးရိုးပဲ မှတ်ချက်ပေးမိတာပါ

    ဆရာခုလို တကူးတက ပြန်ရှင်းပြတာကိုပဲ
    ကျေးဇူးတင်ကြောင်းပြောပါရစေ

    ReplyDelete
  16. ကျောက်ဆည်သား သန်းရွှေကတော့ အညာသားတွေထဲက အညစ်သားပါ။

    ReplyDelete
  17. ကျေးဇူးစကားဆိုပါတယ်၊
    ဗိုလ်အောင်ဆန်း၊ သခင်နု။ ကိုဘဆွေ။ ကိုကျော်ငြိမ်း။ ကိုဗဟိန်း။ မန်းဘခိုင်။ စစ်စံထွန်း
    စသည်ဖြင့်ပဲ ဆိုပါစို့ ၊ သူတို့ တွေအားလုံးဟာ မြန်မာပြည်လွတ်မြောက်ရေးရဲ့  သင်္ကေတတွေပါ၊
    ကိုအောင်ဆန်းကို လူမျိုးစုံပြည်သူအပေါင်းက ပင်လုံလမ်းပေါ်မှာ ချထားခဲ့တယ်လို့  ဆိုတာ အမျိုးသားလွတ်လပ်ရေးသင်္ကေတမဟုတ်ခဲ့ရင် ကျနော်လွဲတာပါ၊ ကျနော့်ကဗျာကို ကျနော့်ရင်ဘတ်ထဲကိုပဲ ပြန်ထည့်ပေးဖို ကိုအောင်သာငယ်ကိုပဲ တောင်းဆိုပါရစေ။
    ကဗျာဆိုတာက ရင်မှာသိမ်းတာက မွန်မြတ်တဲ့ တော်လှန်ရေးတခုပါ၊
    မောင်လွမ်းဏီ

    ReplyDelete
  18. နေပါအုန်း၊
    ကဗျာကိစလား ကိုလွမ်းဏီ ကဗျာအကြောင်းလား
    ယောဟန်အောင် က မွန်လား( စံခရဘူရီသားလား။ မော်လမြိုင်သားလား
    အင်းစိန်သားလား။ တခါတုန်းက ကျောင်းသားတပ်မတော်မှာ တာဝန်ကြီးကြီး ယူခဲ့သူလား၊)။
    ဖောင်တဲမှာ စောင့်နေမယ်၊ ကျုပ်တို့ က ကိုယ်ယုံတာ ကိုယ်လုပ်နေတာ၊
    (ခင်ဗျားလည်း ကိုယ်ယုံတာကိုယ်လုပ်တာပဲ
    အချိန်တခုက စကားပြောမှာပါ)
    (ထပ်စကဲသား)

    ReplyDelete
  19. ဆောရိးပါ။ ကျွန်တော် ပြောလိုက်တဲိ့စကားတခုပါ။ အားလုံးဟာ မြန်မာပြည်မှာ မွေးဖွားတဲ့ မြန်မာပြည်သားတွေပါ။ ကျွန်တော်မြင်တာ တခုတော့ ပြောချင်တယ် တိုင်းပြည်အတွက်လုပ်မှာလား။ တစ်ယောက်နဲ့တစ်ယောက် အွန်လိုင်းပေါ်က ကိစတွေ ဆွေးနွေး ညင်းခုံကြမလား။ တကယ်ဘဲ တိုင်းပြည်ကို အလုပ်အကျွေး ပြုမှာလား၊ ဒါကလည်း ဖြစ်သင့်တဲ့ ငြင်းခုံသင့်တဲ့ ကိတ်စတွေပါ။ ဒါပေမယ့် နိုင်ငံရေးသမားလို့ ခံယူတဲ့လူတွေကိုတော့ နည်းနည်းပြောချင်တယ်။ မသိတာလား သိသိချီးနဲ့ အဆင်ပြေလို့ လုပ်စားတာလား။ (ကျွန်တော်အမြင်ပြောတာပါx ကျွန်တော်အမြင် လွဲချော်ခဲ့ရင် ကျွန်တော်ယုံကြည်တဲ့နားလည်ချက်ကို နားလည်ပေးပါ

    ReplyDelete
  20. ဆရာမောင်လွဏ်းဏီလို လူမျိုးက အခုလို ဆတ်ဆတ်ထိမခံ မလိုအပ်တဲ့အရာတွေအထိ တုန့်ပြန်တာကို အံ့သြမိတယ်။ ကဗျာကို ကဗျာလိုပဲ သဘောထားပါတယ်။ ရှင်းနေစရာ မလိုဘူးလို့ ယူဆတယ်။ မှတ်ချက်ကို လွတ်လွတ်လပ်လပ် ရေးလို့ရတဲ့ ဘလော့ဂ် ဆိုတဲ့အပေါ်မှာ တင်လိုက်ရင် အလေးအနက်ရော အပျော်အရွှင်ရော ပုံစံမျိုးစုံနဲ့ တုန့်ပြန်မှုတွေ ရတတ်တယ် ဆိုတာ ဆရာ ဒီလောကနဲ့ အကျွမ်းတ၀င်မရှိသေးရင် ပြောပြချင်ပါတယ်။ ဆရာတို့ချင်း မပြေလည်တာ ရှိရင်လည်း လူအများဖတ်နိုင်တဲ့ ဒီနေရာအထိ အသေးစိတ် မတုန့်ပြန်သင့်ပါ။ ထပ်မံအငြင်းပွားဖွယ် ဖြစ်ပါစိုးလို့ အမည်မဲ့နဲ့ မှတ်ချက်ရေးလိုက်တာပါ။ လူကြီးတွေပီပီ အရေခွံထူမယ် လို့ မျှော်လင့်ခဲ့ပါတယ်။

    ReplyDelete
  21.ှကျွန်တော့်နာမည် ညွန့်ဝင်းပါ။(မကဒတ က ၁၀၂ က ရဲဘော်တစ်ယောက်ပါ)။ ကျွန်တော်တခုတော့ ကောင်းကောင်းပြောချင်ပါတယ်။ ကျွန်တော်တခုတော့ တောင်းဆိုချင်ပါတယ်။ မကဒတ ဆိုတာ ဘယ်လိုနားလည်ခဲ့လဲ။ (ကျွန်တော်တို့ မကဒတမှာ အခုထိ ရှိနေပါတယ်။ မကဒတကို စတင်ပြီး ဦးဆောင်ခဲ့တဲ့ လူတွေ
    က ဘယ်လိုဖြစ်လို့ နားမလည်ကြတာလဲ။ ကျွန်တော် ဒီအဖွဲ့အစည်းကြို ရောက်ရှိလာတဲ့ အခြေအနေမှာ ဒါတွေနားမလည်ပါဘူး။ လုပ်ချင်တာတခုထဲနဲ့ ဖြစ်တည်လာတာပါ။ တခုတော့ တောင်းပန်ချင်ပါတယ်။ ကျွန်တော်လည်း ဘာနိုင်ငံရေးမှ မသိပါဘူး။ (အားလုံးကို သတိရပါတယ်။ အားလုံးက လေလိုင်းက ပြောကြတာပါ ကျွန်တော်အပါအ၀င်ပေါ့။ မြန်မာပြည်အတွက် ကျွန်တော်တို့ ဘယ်လို လုပ်ကိုင်ကြမလဲဆိုတာကွိုစဉ်းစားစေချင်တယ်(လက်တွေ့ကျတဲ့ လုပ်ဆောင်မူကို ဆိုလိုတာပါ)။ စာတွေဖတ်ပြီး စိတ်မကောင်းမူတော့ ရှိပါတယ်။ တိုင်းရင်းသားတွေကိုလည်း တခုတော့ ပြောချင်ပါတယ် သေချာလေ့လာဖို့ နားလည်ဖို့တော့ လိုပါတယ်(မြန်မာပြည် ဒီမိုကရေစီ နိုင်ငံထူထောင်ချင်ရင်ပေါ့)

    ReplyDelete
  22. မောင်လွမ်းဏီ ပြောဆိုတာတွေ ဟု ရေးတာတွေတွေ့ ရပါသည်။ ကျနော် မသိပါ။
    ကျနော်ကိုမေးပါ။ ကျနော် ယခုမှ ဆေးရုံက ပြန်ရောက်ပါသည်၊ ကျနော့် ကွန်ပြူတာကို လူတိုင်းသုံးပါသည်၊ ကျနော်မသွားခင် ကိုအောင်သာငယ်ကို အစစ ရေားထားခဲ့ပါသည်။
    အလွဲများနဲ့ မောင်လွမ်းဏီ

    ReplyDelete
  23. ဟ..ဟ..ဘာတုန်းဟ..သားထူးတို့တော့ ဘာဘာ ဘာမှမသိဘူးနော် ကဗျာဟာ ကဗျာပါပဲ..
    အညာသားတွေထဲမှာ ကောင်းတဲ့လူရှိသလို ဆိုးတဲ့လူလဲ
    ရှိမှာပေါ့ဗျာနော့..လူပဲဥစ္စာ..။

    ReplyDelete
  24. ကပ်စေးနည်းတယ်။ ကောင်းတဲ့အခါကောင်းမယ်။ ဆိုးရင်လည်း ကဗျာဖြစ်ပါတယ်၊ ကျနော်က အညာမြေလတ်သား ကဗျာဆော့သူပါ၊ ဒီနေ့  စကားပြောရတာတွေ နှစ်ထောင်းဝမ်းနည်းသလိုပဲ။

    ReplyDelete
  25. ဘာပဲဖြစ်ဖြစ်.. သေချာတာတော့ အညာသား ကိုအောင်ဆန်လည်း ဧရာဝတီသူ မခင်ကြည်နဲ့ ရလို့သာ အောင်ဆန်းစုကြည်လေးကို မွေးတာပါ့တော်..။ :D ဒီလိုသာပြောတမ်းဆို.. အောင်ဆန်းဦးကို မွေးခဲ့တဲ့အတွက် ဘသူ ဂုဏ်ယူပါ့.. ဘယ်လို ဂုဏ်လုပ်ရပါ့.. :(

    ReplyDelete
  26. ကဗျာကိုတော့ ကဗျာလို ဖတ်ကြပါလို့ပဲ ပြောပါရစေ...

    သည်ကဗျာက ဗမာပြည်သားတယောက်က ဗမာပြည်သားဖြစ်ကြောင်း ပြောသလို အညာသားတယောက်ကလည်း အညာသားဖြစ်ကြောင်းပြောတာပါ...လို့ မယူဆစေချင်ပါဘူး...

    သည်ကဗျာက သမိုင်းတခုကို ပြောနေတာပါ...

    ဗမာပြည်သားတိုင်း မကောင်းသလို အညာသားတိုင်းလည်း မကောင်းပါဘူး...

    ကောင်းတာ ဆိုးတာတွေ ရှိမှာ ဖြစ်သလို ဆိုးတာတွေကို ထားပြီး ကောင်းတာတွေကိုပဲ ကျနော်တို့က ဖော်ပြချင်ကြတာ ဓမ္မတာပါပဲ...

    သည့်အတွက် မုဒိတာ ပွားပေးကြပါလို့
    စာဖတ်သူများ အားလုံးကို တောင်းပန် အပ်ပါတယ်...

    ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ်-ဆိုတဲ့ စကား ရှိသော်ငြားလည်း ငါးချင်းတူခဲ့ရင်တောင် သမိုင်းချင်းကတော့ မတူပါဘူး...

    ဆရာ လွမ်းဏီ ပြောနေတာက သမိုင်းကိုပါ... အထူးသဖြင့် သမိုင်းမှာ အမှန်တရားဖက်က ရပ်တည်ခဲ့သူတွေရဲ့ သမိုင်းကို ပြောနေတာပါ...

    အဲသည်အတွက် စာလာဖတ်သူအားလုံး
    မုဒိတာ ပွားစေချင်ပါတယ်...

    သည်ကဗျာက အစွဲအလမ်းအကြောင်း ရေးနေတဲ့ ကဗျာ တပုဒ်မဟုတ်ဘူး သမိုင်းအကြောင်း ရေးနေတဲ့ ကဗျာတပုဒ်လို့ ကျနော့်အနေနဲ့ ရိုးသားစွာ ထင်မြင်ယူဆပါတယ်...

    ဒါကြောင့်လည်း ဆရာ့ ခွင့်ပြုချက်နဲ့
    သည်ကဗျာကို ကျနော့် ဘလော့မှာ တင်ပါတယ်...

    သည်ကြားထဲမှာ Lwan ni အမည် အောက်မှာ ကွန်မန့်ဝင်ရေးသွားကြသူတွေဟာ
    ဆရာ မဟုတ်ကြောင်းလည်း
    သူကိုယ်တိုင် ရှင်းလင်းပြောပြပြီးသားပါ...

    သည့်အတွက် နောက်ထပ် negative comment တွေ မလာလောက်တော့ဘူးလို့ ကျနော် မျှော်လင့်ပါတယ်...

    အားလုံးကို ချစ်ခင်လေးစားစွာဖြင့်

    အောင်သာငယ်

    ReplyDelete
  27. ဘာပဲဖြစ်ဖြစ် ကြိုက်တယ်ဗျာ

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...