Jun 26, 2009

နေညိုချိန်အတွေး

ကြိုက်နှစ်သက်ခဲ့ဖူးတဲ့ ခိုင်ထူးရဲ့ သီချင်းတွေအနက် “မကျေနပ်ဘူး၊ သိလား” အယ်လ်ဘမ်ထဲက သီချင်း တပုဒ်ပါ။ ကိုမောင်မောင် ရေးခဲ့တာပါ။ ညီမငယ် Mie Nge တောင်းဆိုလို့ တီးပေးလိုက်ပါတယ်။ တီးထားတာတော့ ကြာပါပြီ။ တင်ဖို့ အဆင်မပြေသေးတာနဲ့ မတင်ဖြစ်တာပါ။ နဂိုရ်မူရင်း သီချင်းနဲ့ အတတ်နိုင်ဆုံး တူအောင်တော့ တီးထားပါတယ်။ Intro မှာပါတဲ့ Slide Guitar အတွက်တော့ Keyboard နဲ့ပဲ တီးလိုက်ပါတယ်။ vocal ကတော့ recording လုပ်ထားတာ မကောင်းလို့ အစပိုင်းမှာ တိုးလိုက်ကျယ်လိုက် ဖြစ်နေပါတယ်။ အသံမကောင်းတဲ့အတွက်လည်း သည်းခံနားဆင်ကြပါ။

နေညိုချိန်အတွေး

နေညိုချိန်ကို ဦးညွတ် ဂုဏ်ပြုမယ်…
ရောင်စဉ်ဆိုတာ အလင်းရှိမှသာ ခွဲခြားနိုင်လိမ့်မယ်
ပန်းနုကောင်းကင်ရေ…
တိမ်လွှာပြင်ကို ဆေးဆိုးလိုက်စမ်းပါ…
နေရောင်ခြည်ရယ် အနောက်ဖက် မကူးခင်
အရှေ့က တိမ်ထုကို ဆေးသွင်းခဲ့ဦး…
နေညိုညိုရေ မင်းရေးဆွဲတဲ့ တိမ်ပန်းချီ ကားချပ်ကို
မြင်နိုင်သူတွေ အားလုံးအတွက်တော့ ပိုင်ဆိုင်နိုင်ခွင့် ရှိတယ်
ရှိရမယ်လေ…
လေပြေလာရာ လမ်းဖက် လျှောက်ဦးမယ်…
လာပါမေရယ် ပန်းရနံ့သင်းတဲ့ စိမ်းလမ်းမြက်ခင်းပြင်
ဖြတ်လျှောက်ကြမယ်လေ…
တူစုံမောင်မယ် ခရီးကြမ်း ဘ၀လမ်းမှာ…
သာယာကြည်လင်ချမ်းမြေ့ခြင်းနဲ့
စိတ်ဓါတ်ခွန်အားကို ဖြည့်စွက်ခဲ့ဦး…
တိမ်ညိုညိုရေ သားမွေးမယ့်မြက် ရေလိုနေဆဲမှာ
ရွာပါစေလေ ပန်းဖူးပွင့်မှ စိုပြည်လန်းဆန်းမယ်
ဖူးပွင့်ပါမှ…

Get this widget | Track details | eSnips Social DNA

10 comments:

  1. ကျေးဇူးကမ္ဘာပါ .....ကိုအောင်သာငယ်....

    တီးထားတာရယ် , ဆိုထားတာရယ် အရမ်းကောင်းပါတယ်လို့ ပြောပါရစေ....

    ဒီသီချင်းထဲကစကားလုံးတွေကလှလို့ ကျမအကြိုက်ဆုံးထဲမှာပါတဲ့ သီချင်းတပုဒ်ပါ....

    mie nge

    ReplyDelete
  2. သီချင်းလေးက မြိုင်လိုက်တာ..
    အဲဒါ အကိုဆိုတာပေါ့။ အသံရော တီးတာရော မိုက်တယ်။
    သီချင်းလေးနားထောင်းရင်း လေပြေလာရာ လမ်းဖက် လျှောက်လိုက်အုံးမယ်။

    ReplyDelete
  3. 26 Jun 09, 19:16
    ThihaThit: အကိုကြီးရေ သီချင်းတီးတာလာနားထောင်တယ်
    26 Jun 09, 19:17
    ThihaThit: ဆိုတဲ့အသံလေးနဲ့ ဆိုတော့ နားထောင်လို့ပိုကောင်းသွားပြီ

    ReplyDelete
  4. 26 Jun 09, 19:33
    ကွိကွိ: သီချင်းလေးလာ နားထောင်သွားပါတယ် ကိုကြီးရေ။ ကျောင်းသားဘဝလေး လွမ်း မိတယ်..

    ReplyDelete
  5. နေညိုချိန်ကို ဦးညွန့် ဂုဏ်မပြုနိုင်ရှာတော့ဘူး...

    အကျယ်ချုပ်ကျနေလို့...

းဝ)

    (p.s. ခိုင်ထူးထက်ပိုကြိုက်တယ်... ဖီးလ်ပိုပါလို့)

    ReplyDelete
  6. ကိုအောင်သာငယ်- ခုမှ စာတွေစုဖတ်..သီချင်းတွေ စု နားထောင်..ကဗျာတွေ..စုပြီး ခံစားသွားတယ်။

    ဒီတခါ သီချင်းက..ပိုနားထောင်ကောင်းတယ်။ အပေါ်က ပြောသလို..ခံစားချက်တွေ ပါနေတယ် လား မသိ..။ ( မိုက်ကယ်ဂျပ်ဆင် နေရာ အစားဝင်လို့ ရပြီ )း)

    ReplyDelete
  7. သည်းခံ နားဆင်သွားဒပါတယ်...
    ဟဲဟဲ.. အလကားစတာ... ကောင်းတယ်...
    ကိုခိုင်သာထူး...:P

    ReplyDelete
  8. အိန္ဒြာJune 27, 2009 at 3:02 AM

ွှအကိုရေ..

    တီးတာကလဲ ကောင်း...
    ဆိုတာကလဲ ခိုင်ထူးအသံအတိုင်း...

    စာမရေးဖြစ်လဲ..
    သီချင်းတွေဆိုပြီးတင်ဗျာ..
    အားပေးနေတယ်..။

    ReplyDelete
  9. Feeling like a 20 years old man after listening your performance....
    I am over 40 yr doctor from Burma working in Malaysia.

    THANKS!

    ReplyDelete
  10. ကောင်းလိုက်တာ ရဲဘော်ရေ....

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...