Jun 27, 2009

လူမှား တယောက်ရဲ့ နှင်းဆီဖြူ


















ဟောသည် ရောင်စုံဥယာဉ်မှာ
ငါဟာ
ပန်းတပွင့်တောင် မဖြစ်ခဲ့ရပါဘူး အချစ်ရဲ့ ...
ရူးသွပ်ခဲ့ဖူးတဲ့နေ့တွေသာ ပေါလော ပုပ်သိုး
ကျီးထိုးလောက်ကိုက်
မိုက်မဲခဲ့တယ် ဆိုပါတော့...

“ကျောက်ဖျာများ အထက်မှာ ငါ ပျိုးကျဲ
ကန္တာရတို့အလယ်မှာ ထွန်ယက်ခဲ့”
ခါးသက်လှချည်လား
“လူမှား”ရေ့...

ဥယာဉ် မရှိတဲ့ အရပ်မှာ
ငါ ပွင့်ခဲ့ရတယ်...
လှလှပပကြီးကို အထီးကျန်လို့...
လှလှပပကြီးကို အကျည်းတန်လို့...

နောက်ဆုံး
ပထမဆုံး
အကောင်းဆုံး
အဆိုးရွားဆုံး
အရိုးသားဆုံး
အလျှို့ဝှက်ဆုံး ပန်းတပွင့်ကို
အိပ်မက်ထဲမှာ ပွင့်ပစ်ခဲ့တယ်...

နောက်တနေ့မနက်မှာ
နှင်းဆီဖြူ တပွင့်
မင့်ရင်ခွင်ထဲ ရောက်နေမယ် ထင်ရဲ့...

ATN

16 comments:

  1. ကိုအောင် ကဗျာက ခံစားမူအားကောင်းလွန်းလို့ ကြိုက်မိတယ်၊ အားပေးလျှက်ပါဗျာ.....။

    ReplyDelete
  2. ဓါတ်ပုံထဲက နှင်းဆီရော ကဗျာထဲက နှင်းဆီရော အရမ်းလှတယ် အကိုရေ။

    ReplyDelete
  3. ကိုကြီးအောင်သာငယ်

    ကဗျာလေးရော ပုံလေးရော ကြိုက်တယ်
    ကျွန်တော့ရင်ထဲတော့ နှင်းဆီဖြူတစ်ပွင့်ရောက်နေပြီ :)

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  4. လှလှကြီးအကျည်းတန်မှုကို
    လှလှပပ ဖောက်ခွဲလိုက်တာ
    ဒီတခါ အကြိုက်ဆုံးပဲဗျာ...။

    ReplyDelete
  5. ကြိုက်တယ်...ပုံရော၊ ကဗျာရော...။
    ခင်ဝမ်းသီချင်းဆိုတော့မယ် အောက်မေ့လို့...။ :))

    sin dan lar

    ReplyDelete
  6. နှင်းဆီဖြူဖွေး
    ခူးသူ့သွေးဖြင့်
    နီစွေးနီသည်
    နှင်း..ဆီ..နီ...

    ဆိုင်တော့မဆိုင်ဘူး... ငယ်ငယ်ကဖတ်ဖူးတဲ့ အကိုကြီးတယောက်ရဲ့ ကဗျာကို သတိရသွားလို့...

    ခင်မင်စွာဖြင့်
    ကိုလူထွေး

    ReplyDelete
  7. နှင်းဆီလဲ..လှ
    ကဗျာလဲ.လှ ပါတယ်
    အားပေးလျှက်ပါ

    ReplyDelete
  8. အဲဒီနှုးဆီဖြူကို.. မွေးနေ့လက်ဆောင်အဖြစ်ယူသွားတယ်။
    ကဗျာဆရာကြီး အတွက် မကျန်တော့ဘူး
    mm

    ReplyDelete
  9. ကဗျာလေးဖတ်သွားပါတယ် အစ်ကို..

    ကဗျာလာဖတ်ရင်း သူ့နှင်းဆီဖြူလေးပါ ထည့်ကြွားသွားတဲ့ ကိုသီဟသစ်နဲ့ မွေးနေ့လက်ဆောင်ဆိုပြီး အတင်းယူသွားတဲ့ mm ကို သဘောတကျ ပြုံးမိသွားသေးတယ်...။

    ReplyDelete
  10. အကိုရေ
    ဥယျာဉ်မရှိတဲ့အရပ်မှာ
    ပွင့်တဲ့ နှင်းဆီဖြူလေးကို
    ခံစားသွားပါတယ်....

    အမှတ်တရရှိနေမယ့်
    ကဗျာကောင်းလေးပါ အကိုရေ....

    ReplyDelete
  11. ကျောက်ဖျာများ အထက်မှာ ပျိုးကျဲ
    ကန္တာရတို့အလယ်မှာ ထွန်ယက်ခဲ့ တဲ့ အကိုကြီးရေ..
    နှင်းဆီဖြူလေးက ဘ၀အမောကို ပြေစေလိမ့်။

    ReplyDelete
  12. ရေစက်လေးတွေတင်နေတဲ့ နှင်းဆီပန်းဖြူလေးက ကဗျာနဲ့ အတူ လှနေတယ်....
    mie nge

    ReplyDelete
  13. ကိုအောင်သာငယ်ရေ........
    ကျနော်လည်း ပန်းတပွင့်မှားပျိုးမိလေရဲ့...
    သူရင်ခွင်ထဲ ရနံ့လေးတော့ ကျန်ခဲ့မယ်ထင်ပါရဲ့

    ReplyDelete
  14. 27 Jun 09, 08:40
    ကွိကွိ: အိမ်မက်ထဲက နှင်းဆီဖြူလေး လာကောက်သွားတယ် .. လှ မှ လှ.. ဘာလို့ ပစ်လိုက်တာလဲ .. နှစ်မြောစရာ..

    ReplyDelete
  15. ကျော်နိုင်June 28, 2009 at 5:26 AM

    ဒီလောက်ဖြူတဲ့နှင်းဆီး တဝကြီးကြည့်သွားတယ်..

    ReplyDelete
  16. အိပ်မက်ထဲက ပန်းပွင့်လေး အတွက် ကျေးဇူးတင်ပါတယ်..

    နှင်းဆီဖြူ

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...