Jun 18, 2009

ဘယ်သူ့အပေါ် အချစ် မင်းပုံမှာတုန်း ပြောလေ


နှစ် ၂၀ ကြာခဲ့ပြီ
တကယ်တမ်းမှာတော့
ပြောစရာ များများစားစားမရှိဘူး...

အပေါင်းနဲ့ အနှုတ်
ယုတ်မာမှုနဲ့ စင်ကြယ်မှု

အဖြူနဲ့အမည်း
လွဲမှားမှုနဲ့ မှန်ကန်မှု

အနည်းနဲ့ အများ
တရားမှုနဲ့ မတရားမှု

နေ့နဲ့ညလို
ဘယ်အရာက ဘာဆိုတာ
လူတကာ သိနေပြီးသား

မေးခွန်း တခုသာရှိနေ...
မင့်ခြေအစုံ
ဘယ်ဖက်မှာ ပုံလေမလဲ ...

ATN

(ခင်မောင်တိုး၏ သီချင်း စာသားကို ခဏငှားသုံးလိုက်ပါသည်)

5 comments:

  1. လာဖတ်တယ် အစ်ကိုရေ..
    တွေးစရာလေးတွေကိုလည်း တွေးသွားပါတယ်..

    ReplyDelete
  2. ကျွန်တော်တို့ အိမ်မှာ အရင်က ဆိတ်တွေမွေးတယ် အကို...

    ReplyDelete
  3. မအယ်တို့ လမ်းထိပ်မှာ စမူဆာရောင်းတယ် အကို။

    ReplyDelete
  4. အင်း. ......
    ဘယ်ဘက်ကိုပုံရပါ့

    (အာ ကြာပါတယ် .. ဘယ်ဘက်မှပုံမနေတော့ဘူး.. ဆင်ပြေသလိုပဲ မှီရပ်နေတော့မယ်)

    ReplyDelete
  5. ကိုရင်-ခင်လေး - တွေးစရာရှိသည်ကား တွေးပါစေ။
    ကလူထွေး - သိုးတွေ မမွေးတဲ့ အတွက် ကျေးဇူးပါ။
    မအယ် - စမူဆာက မအယ် ရောင်းတာ မဟုတ်ဘူးဆိုတာ သိနေတယ်။
    နန်းညီ - ရပ်နေသေးတာ ကောင်းပါတယ် ငါ့ တူမရေ့

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...