Jun 18, 2009

စနေဒေါင့်မှာ ပန်းလှူခြင်း















အလွန်တရာ စူးရှနေတဲ့ ကဗျာတပုဒ်က
ငါ့အသည်းနှလုံးကို ထုတ်ချင်းခတ်
ဖြတ်ရှပစ်ခဲ့ပေါ့ ...

ထက်ပိုင်းပြတ်ကျသွားတဲ့ ငါဟာ
ငါ့ကိုယ်ငါ အတန်တန် ပြန်ဆက်ယူရတယ်...

ငါကလည်း ငါပါပဲလေ
တနေ့နေ့နဲ့ တရက်ရက်ကို
ငါ့လျှာတွေနဲ့ပဲ ငါ လျက်နေခဲ့မိတာကိုး ...
ကြောင်တွေက
သူတို့ အနာကို သူတို့ဖာသာ ကုသနေသလိုမျိုးပ...

သေချာတာတခုကတော့
ငါ့ငယ်ဘ၀ကို
ဘယ်တော့မှ ငါ ပြန်မရနိုင်လေဘူး...

ပန်းတွေ ပွင့်တယ် ...
နှင်းတွေ ကျတယ် ...
မြစ်တွေက စီးဆင်းမြဲ ...
တောင်တန်းတွေကလည်း နေမြဲအတိုင်းနေလို့ ...

ငါမှာတော့ စကားတချို့ ရှိနေခဲ့ ...
နားစွင့်မယ့်သူကိုသာ
ငါလိုအပ်တော့တယ်...

ကြားစရာ နားရှိသည်ကား
ကြားပါစေ...

သည်နေ့မှာ
မွေးဖွားလာခဲ့သော တစုံတယောက်
သူ့ကို လွတ်မြောက်ပါစေ... ဘုရားသခင်...
ဒါသည်ပင်
သင် အသက်ရှိနေသေးကြောင်း သက်သေ...

ATN

9 comments:

  1. သည်နေ့မှာ
    မွေးဖွားလာခဲ့သော တစုံတယောက်
    သူ့ကို လွတ်မြောက်ပါစေ... ဘုရားသခင်...

    ကြားစရာ နားရှိခဲ့လို့
    ကြားခဲ့ပါပြီ..
    သူ့ကို လွတ်မြောက်ပါစေ... ဘုရားသခင်...
    (mama)

    ReplyDelete
  2. လွတ်မြောက်စေဖို့ လည်း ဆုတောင်းပေးပါတယ်
    နားများလည်း ကြားနိုင်ခွင့်ရှိပါစေလို့  ပိုပိုသာသာ ဆုတောင်းပေးပါတယ်

    ReplyDelete
  3. သက်သေပြပါ ဘုရားသခင်

    ReplyDelete
  4. အမှောင်ထုကြီးစိုးတဲ့ ဒီညတွေအတွက် အလင်းရောင်လေး တစ်ချက်လောက်တော့... တရားသဖြင့်...။

    ReplyDelete
  5. ထပ်တူဆုတောင်းပါတယ် အစ်ကို..။

    ReplyDelete
  6. ဘုရားသခင်ထံ ဆုတောင်းကို ထပ်တူပြု ပဲ့တင်ထပ်လိုက်ပါတယ်။

    ReplyDelete
  7. ပန်းတွေ ပွင့်တယ် ...
    နှင်းတွေ ကျတယ် ...
    မြစ်တွေက စီးဆင်းမြဲ ...
    တောင်တန်းတွေကလည်း နေမြဲအတိုင်းနေလို့ ...

    ငါမှာတော့ စကားတချို့ ရှိနေခဲ့ ...
    နားစွင့်မယ့်သူကိုသာ
    ငါလိုအပ်တော့တယ်...

    သိပ်ကောင်းတယ် အစ်ကို ....

    ReplyDelete
  8. ဘုရားသခင်က ဒီကိစ္စကျတော့ ခရစ်တော်မှာ အိပ်ပျော်နေသလား မှတ်ရတယ်...

    တကယ့်ကို တရေးတမော...

    ကိုလူထွေး

    ReplyDelete
  9. သူ လွတ်မြောက်ပါစေ...

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...