Jun 27, 2009

ရှစ်ကြိမ်မြောက် တမ်းတခြင်း



















“နှင်း”ရေ့... ...
“ဓါးရှစ်စင်း”တဲ့လား...
မြှားအစင်းပေါင်း
ထောင်သောင်းခဖူးတဲ့ နှလုံးသားဟာ
နောက်ထပ်တခါ
နာကျင်ရဦးမှာပါလားလေ...

နေ့တာတိုပြီး ညတာရှည်တဲ့ ပြက္ခဒိန်မှာ
ငါ့ မီးအိမ်လေး
ခဏခဏ မှိန်မှိန်ပေးခဲ့ရ...

မနိုင်မှန်းသိတဲ့ တိုက်ပွဲတွေကို
ချစ်ခြင်းမေတ္တာလည်မှာ ဆွဲပြီး
တယောက်ထဲပဲ ရဲရင့်ခဲ့ရ...

အခုတော့
ပြည်ဖုံးကားကျတော့မကွယ့်...

မျက်လှည့်ပြတတ်တဲ့
ပဉ္စလက်ဆရာကိုပဲ
ငါ အားကိုးရတော့ မလိုလို...

တံပိုးခရာတွေနဲ့
ဝံ့ကြွားလာတတ်တဲ့
စစ်ရထားကိုပဲ မျှော်ရကောင်းနိုးနိုး...

ဒါမှမဟုတ်
နတ်သမီး နှင်တံတချောင်းအတွက်
ငါ့ဦးခေါင်းကို မော့ပေးထားရင် ကောင်းလေမလား...


တနေကုန်တော့
အလွမ်းတွေ မြုံနေတဲ့

ဟောသည် ရင်အုံဟာ
တစုံတခုကိုသာ
ယုံကြည်ချင်
နေပါပေါ့
“နှင်း”
ရေ... ...


ATN

တင်ပြီးမှ သည်ကဗျာက အပုဒ် (၁၀၀) မြောက်ဖြစ်နေမှန်းသိတယ်

13 comments:

  1. တစ်ခါတစ်ခါကျတော့ မျှော်ရတာမောပါတယ်လေ

    ReplyDelete
  2. အပုဒ် ၁၀၀ မှသည် အပုဒ် တထောင် တသောင်းဆီသို့ရေးသားနိုင်ပါစေ.....
    mie nge

    ReplyDelete
  3. အလွမ်းများ ငြိမ်းအေးစေချင်ပါသည်။ ၁၀၀ မှသည် နောက်ထပ် ၅၀ ထပ်ဖတ်ချင်ပါသေးသည်။

    ReplyDelete
  4. တနေကုန်တော့
    အလွမ်းတွေ မြုံနေတဲ့
    ဟောသည် ရင်အုံဟာ
    တစုံတခုကိုသာ
    ယုံကြည်ချင်နေပါပေါ့
    “နှင်း”ရေ... ...

    ဘရာဗိုပါ အကို...
    နှင်းကဗျာတွေက အခုထိ ရင်အုံ ကို
    ဒိုးယိုပေါက် ဖွင့် ဝင်လာနိုင်တုန်းပါ...။

    ReplyDelete
  5. အိန္ဒြာJune 28, 2009 at 12:07 AM

    တစုံတခုကိုသာ
    ယုံကြည်ချင်နေပါပေါ့

    ဟုတ်တယ်..တိတိကျကျ သေသေချာချာယုံကြည်ချင်တာပါ..။

    ReplyDelete
  6. လွမ်းတာကို ရင်ဘတ်တခြမ်းမှာထား
    ယုံတာကို ရင်ဘတ်တခြမ်းမှာထား
    မျှော်လင့်ချင်တာကို လွတ်လွတ်လပ်လပ်သာ မျှော်လင့်ပါ အကိုရာ။
    မျှော်လင့်နေချင်သေးတယ်ဆိုတာ ကိုက မျှော်လင့်ချက်ရှိနေသေးတာပါ။

    မအယ်

    ReplyDelete
  7. အပုဒ် ၁၀၀ မြောက်
    ကဗျာအတွက်
    ဂုဏ်ပြု ပါတယ်...
    (mama)

    ReplyDelete
  8. တစ်ရာမှသည် ထောင်ပေါင်းများစွာသို့ ပျော်ရွှင်စွာ စပ်ဆိုနိုင်ပါစေ မြန်မာပြည်မှာအစ်ကို ကဗျာပေါင်းချုပ် ထုတ်တဲ့နေ့ အမြန်ရောက်ပါစေ

    ReplyDelete
  9. အပုဒ် တစ်ရာ မြောက် ကဗျာလေး ကိုခံစားသွားပါတယ်..ဆက်လက်ပြီး အပုဒ်ပေါင်းများစွာ ရေးသားနိုင်ပါစေ..။

    ReplyDelete
  10. ဒီကနေ့အိမ်မှာ ခိုင်ထူးသီချင်းဖွင့်နားထောင်တော့

    သူ့ထက်စာရင် ကိုအောင်သာငယ်က ပိုအဆိုကောင်းတာပေါ့... တဲ့

    ကျနော့်အိမ်သူက ပြောတာပါ...

    ReplyDelete
  11. အခက်ခဲဆုံးတစ်စုံတစ်ရာကိုသာ
    ယုံကြည်နေချင်ခဲ့တာတဲ့လားးးးး
    ကဗျာတွေရာထောင်ချီနေပါစေ
    (အကိုလည်းတားရော့တွေဘာတွေဆွဲလို့လားး) )

    ReplyDelete
  12. အပုဒ် ၁၀၀ မြောက်မှာ တစုံတခုကို သေသေချာချာ ယုံကြည်မျှော်လင့်နေသူ ဖြစ်ပါစေအကို။
    မျှော်လင့်ယုံကြည်တိုင်းလဲ ပြည့်စုံ အောင်မြင်ပါစေ။

    ReplyDelete
  13. နှင်းကဗျာ လေး ကြိုက်တယ် အကိုအောင်သာ..
    လာဖတ်သွားတယ်။
း)

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...