Jul 17, 2009

အတိတ်ကိုဖွဲ့ဆိုခြင်း













အတိတ်ဆိုတာ
ပိုက်ဆံအိတ်အဟောင်းတခုမှာ
ဒေါင့်ကြားညှပ်ခံလိုက်ရရှာတဲ့
ဘတ်စကား လက်မှတ် တခုပါ...

ခဏခဏ ထုတ်မကြည့်ဖြစ်သလို
ဘယ်နေရာမှာ ရှိနေကြောင်း
ကောင်းကောင်း သိနေတာတခုသာ
အသေအချာပါပဲ...

တကယ်တော့လည်း
အတိတ်အကြောင်း ပြောပြဖို့ရာ
ငါ့ရဲ့ ကဗျာက
လျှာ ပြတ်နေတာပါ...
ငါ့ရဲ့ သီချင်းက
အသံ ကင်းမဲ့နေတာပါ...
ငါ့ရဲ့ ၀တ္ထုက
အ, အ အိပ်မက်ပါ...
ဖွဲ့ဆိုနိုင်ခွင့်ရှိသလောက်နဲ့ပဲ
ကျေနပ်ရောင့်ရဲခဲ့ရတယ်...

ATN

9 comments:

  1. တခါတလေတော့လည်း ဘတ်စ်စကားလက်မှတ်ဟောင်းလေးက
    သူ့ဘာသာ ထွက်ထွက်လာတတ်တယ်...။

    ReplyDelete
  2. အတိတ်ဆိုတာ
    ပိုက်ဆံအိတ်အဟောင်းတခုမှာ
    ဒေါင့်ကြားညှပ်ခံလိုက်ရရှာတဲ့
    ဘတ်စကား လက်မှတ် တခုပါ...

    ခဏခဏ ထုတ်မကြည့်ဖြစ်သလို
    ဘယ်နေရာမှာ ရှိနေကြောင်း
    ကောင်းကောင်း သိနေတာ .. ဆိုရင်တော့
    တကဲ့ လေးစားရမှာပါပဲ

    ဘတ်စ်ကားလက်မှတ်ဟောင်း တခုကိုတောင်
    သတိရနေတတ်သူတဲ့ သူတယောက်ဟာ
    အနုပညာသမားကောင်းတယောက်ဖြစ်မှာ
    အမှန်ပဲ ဖြစ်မှာမို့ပါ

    ဒီဘလော့လေး ပြန်ပြီး active ဖြစ်လာတာ
    တကယ်ဝမ်းသာပါတယ်

    ReplyDelete
  3. အကိုရေ..အပေါ်မှာပြောခဲ့သလိုဘဲ အခုရက်ပိုင်း စာတွေ
    အများကြီးရေးဖြစ်လို့ အကိုရဲ့ ဘလော့ဂ်လေး အရမ်းကို
    အသက်ဝင်နေတာ မြင်ရလို့ ၀မ်းသာတယ်...

    mie nge

    ReplyDelete
  4. ချိုသင်းကတော့ အတိတ်အကြောင်းချည်း ပြန်ပြန် သတိရနေလို့ မနည်း ဘရိတ်အုပ်နေရတာ..
    :)

    ReplyDelete
  5. အိန္ဒြာJuly 17, 2009 at 11:34 PM

    အကိုရေ..

    အတိတ်ဆိုတာ တိတ်ကို မတိတ်နိုင်တော့တဲ့ မိုးလဲ ဖြစ်သေး..ဗျ..

    ReplyDelete
  6. အတိတ်ဆိုတာ
    ပိုက်ဆံအိတ်အဟောင်းတခုမှာ
    ဒေါင့်ကြားညှပ်ခံလိုက်ရရှာတဲ့
    ဘတ်စကား လက်မှတ် တခုပါ...

    ပြန်မရနိုင်တော့တဲ့ အောက်မေ့တသ လွမ်းဆွတ်စရာ အတွက် ဆိုရင်တော့ ကိုအောင်သာငယ် ပြောတာ ဟုတ်ပါတယ်။ ဒါပေမယ့် အတိတ်ဆိုတာ အမှားနဲ့ အမှန်ကို ပြန်ပြီးဝေဖန်ဆန်းစစ်နိုင်ဖို့ သင်ခန်းစာ ယူစရာလည်း ဖြစ်ပါတယ်။

    ReplyDelete
  7. အတိတ်ဆိုတာ အောင်ဘာလေ ထီလက်မှတ်ပေါ်က အဖြစ်ချင်ဆုံး ဆန္ဒတခုပါ...

    "အတိတ်။ ။ အရေးတော်ပုံ အောင်ရမည်"

    ReplyDelete
  8. ခဏခဏ ထုတ်မကြည့်ဖြစ်သလို
    ဘယ်နေရာမှာ ရှိနေကြောင်း
    ကောင်းကောင်း သိနေတာတခုသာ
    အသေအချာပါပဲ...............................................................အခုတော့

    ဆုမွန်တော့ သိမ်းထားတာလေးတွေ ခဏ ခဏ ထုတ်ထုတ်ကြည့်ဖြစ်နေတယ် ဦးလေးဦးအောင်သာငယ်ရေ
    ရင်ထဲ မွန်းကျပ်လိုက်တာ...ပြန်မြင်ယောင်တိုင်း အသစ်တွေ ဖြစ်လို့လေ :l(

    ReplyDelete
  9. ကဗျာက လျှာ ပြတ်နေတယ်ဆိုတဲ့ အဖွဲ့လေးကို ကြိုက်တယ်ဗျာ။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...