Aug 3, 2009

နှစ်ယောက်အတူတို့













တကယ်တော့လည်း
မင့်မျက်ရည်တွေက
ငါ့မျက်လုံးက ကျနေတာပါ...

တကယ်တော့လည်း
မင့်တေးတွေကို
ငါ့နှလုံးသွေးနဲ့ ဆိုနေတာပါ...

တကယ်တော့လည်း
မင့်ကဗျာကို
ငါ့လျှာနဲ့ပဲ ရွတ်နေတာပါ...

တကယ်တော့လည်း
မင့်နှလုံးသားက ငါပါ...
ငါ့နှလုံးသားကလည်း မင်းပါ...

ATN

6 comments:

  1. မင်းနှလုံးသားက ငါ....
    ငါ့နှလုံးသားက မင်း...

    နှစ်ယောက်အတူ...

    ပုံလေးကချစ်စရာကောင်းတယ်...

    mie nge

    ReplyDelete
  2. ပိုကိုး ပိုတယ်။

    မအယ်

    ReplyDelete
  3. ပုံရော၊ စာရော.. သိပ်ကြိုက်သွားပြီ... ဟိ..။



    SDL

    ReplyDelete
  4. အရမ်းလှတဲ့ကဗျာလေး
    လှလိုက်တာ

    နှင်းပြိုတဲ့ည ..
    နောက်ပိုင်းမှာ တွေရတဲ့ အနူးညံ့ဆုံးသော
    ကဗျာလေးပါ

    ခင်မင်စွာဖြင့်
    (mama)

    ReplyDelete
  5. အိန္ဒြာAugust 4, 2009 at 5:05 AM

    မိုက်တယ်ဗျာ

    ReplyDelete
  6. တကယ်တော့လဲ
    မင်းရှိလို့ ငါအသက်ရှင်နေတာပါ...

းဝ)

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...