Sep 6, 2009

အနောက်မြို့ရိုးမှာကျိုးပဲ့သွားတဲ့ မှန်တချပ်











“နှင်း”ရေ့...
ငါ့ လမ်းမတွေက ကွဲကွာခြင်းနဲ့ ခြောက်သွေ့...
ငါ့ မြို့ကလေးက ဝေးလွင့်ခြင်းတွေနဲ့ တိတ်ဆိတ်...
ငါ့ သီချင်းတွေကတော့ တမ်းတခြင်းနဲ့ စွတ်စို...
ငါ့ နာရီလေးကလည်း လွမ်းဆွတ်ခြင်းတွေနဲ့ ရွေ့လျား...
ငါ့ နေ့ရက်တွေကတော့ မျှော်လင့်ခြင်းနဲ့ ရှင်သန်...
ငါ့ ဖိနပ်ကလေးကလည်း နာကျည်းခြင်းတွေနဲ့ လမ်းလျှောက်...
ငါ့ ခြေထောက်တွေကတော့ ဆုံးရှုံးခြင်းနဲ့ ရွက်လွှင့်...
ငါ့ ဂစ်တာလေးက ငိုကြွေးခြင်းတွေနဲ့ အိုမင်း...
ငါ့ ဆံပင်တွေကတော့ နာကျင်ခြင်းနဲ့ ရှည်လျား...
ငါ့ ငှက်ကလေးကလည်း ကြေကွဲခြင်းတွေနဲ့ တေးဆို...
ငါ့ ကဗျာတွေကတော့ သေဆုံးခြင်းနဲ့ နီးကပ်...
ငါ့ ချစ်သူကလည်း မုန်းတီးခြင်းတွေနဲ့ ပေါင်းဖော်...
ငါ့ မနက်ခင်းတွေက မှောင်မိုက်ခြင်းနဲ့ အသားကျ...
ငါ့ နှလုံးသားကတော့ ရပ်တန့်ခြင်းတွေနဲ့ လည်ပတ်...
ငါ့ အရောင်တွေက ချို့တဲ့ခြင်းနဲ့ ဖောင်းပွ...
ငါ့ ကောင်းကင်ကတော့ လိုအပ်ခြင်းတွေနဲ့ ပြည့်ဝ...
ငါ့ ညတွေကလည်း မိုက်မဲခြင်းနဲ့ ပျော်ဝင်...
ငါ့ မြို့ရိုးကတော့ ချစ်မက်ခြင်းတွေနဲ့ ထူထပ်...
ငါ့ မှန်တချပ်ကတော့ (ကွဲအက်ခြင်းတွေနဲ့... ) ... ... ...
... ... ...
“နှင်း”ရေ့... ... ...

ATN

သည်ကဗျာကို အသံထွက်ပြီး ရွတ်ချင်တယ်။ အက်ကိုး (echo) ပါတဲ့ မိုက်တလုံးနဲ့ ရွတ်ချင်တာ။ ကဗျာဆုံးတာနဲ့ အဲ မိုက်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်ချင်တယ်။ ဘယ်လို အသံတွေ ထွက်လာမလဲ။ တွေးကြည့်...။ ပြီးမှ “နှင်း”ရေလို့ အော်လိုက်မယ်။ အဲဒါ ကဗျာရဲ့ အဆုံးသပ်ပဲ။ ခုတော့ ကဗျာမှာ အသံတွေ ထည့်လို့ မရတော့ ... ... ... ...

15 comments:

  1. အစ်ကို အသံတွေကြားနေရပါတယ်
    နှလုံးသားကလာလို့  လှိုဏ်သံလေးတွေလည်း
    ဝေနေပါတယ်ဗျာ
    ခင်မင်လေးစားလျှက်
    ရန်ကုန်သား :D

    ReplyDelete
  2. ကိုအောင်သာငယ် ဆန့်ကျင်ဘက်တွေကိုပေါင်းရေးတဲ့နေရာမှာ ( ဂေါ်ဘာချော့) သာရှိသေးရင် အကိုကို ဆရာတင်မှာသေချာတယ်ဗျ သူမပြုတ်ခင် အကို့ကိုတွေ့မသွားတာ နာတယ်ဗျာ.....

    ReplyDelete
  3. အကိုရေ
    ကဗျာတွေက အသံထွက်ဖတ်စရာမလိုအောင်ကို အသက်ဝင်ပါတယ်...
    နောက်ဆို အကိုပြောသလို မိုက်ကရိုဖုန်းနဲ့ ကဗျာရွတ်ပီးတင်လေနော်...
    Creation Art တစိမျိုးပဲပေါ့....

    ခင်တဲ့
    နှင်း

    ReplyDelete
  4. အနောက်မြို့ ရိုးမှာကျိုးပဲ့သွားတဲ့ မှန်တချပ်
    ခံစားချက်တွေနဲ့ကိုခံစားသွားတယ်
    ကဗျာကိုသိပ်နှစ်သက်တတ်တဲ့ကျမအတွက် ...
    ဒီဘလော့လေးကိုအမြဲလာဖြစ်ပါတယ်။

    လေးစားစွာဖြင့်
    မြတ်လေးငုံ

    ReplyDelete
  5. စာသားတာ မြင်ရပေမဲ့ ကဗျာရေးသူရဲ့ ရင်တွင်းကိုပါ ခံစားလို့ရပါတယ်အကိုရေ တကယ့်ကို အသံလေးထွက်ပြီး ဖတ်ကြည့်နေမိတယ်


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  6. ကဗျာရဲ့ ရိုက်ချက်ကြောင့် အက်ကိုးပါတဲ့ မိုက်လေးတောင် တကဲ့ အက်ကွဲသွားနိုင်လောက်တယ် အကိုငယ်ရေ ...

    အသံ ထဲ့မရ ဖြစ်သွားတာကိုဘဲ ကြံဖန်ကျေးဇူးတင်လိုက်ပါ ..
    (အကုန်အကျ သက်သာ သွားတာပေါ့ )..

    နှင်းအတွက် ခံစားချက်တွေ က ပြင်းထန်လိုက်တာနော် ။
    ( သိခွင့်ရမလား လို့ စကား စကြည့် တာ .... )

    ReplyDelete
  7. ငါ့ မြို့ရိုးကတော့ ချစ်မက်ခြင်းတွေနဲ့ ထူထပ်...
    ငါ့ မှန်တချပ်ကတော့ (ကွဲအက်ခြင်းတွေနဲ့... ) ... ...
    { ဂလုံး ဒုန်း ဂွမ်း }
    ... ... ...
    “နှင်း”ရေ့... ... ... { အေ အေ အေ အေ အေ.. }

    ReplyDelete
  8. အကိုရေ...နှင်းအတွက်....
    တော်တော်လေးခံစားနေရပုံပဲ....
    နှင်းသိရင်ဖြင့်.......
    ကဗျာတွေရယ်..ပြောပြပေးပါ.....

    ReplyDelete
  9. လွမ်းလိုက်...လှလိုက်...တဲ့ကဗျာ အကိုရယ်..

    ReplyDelete
  10. ဆံပင်တွေက နာကျင်ခြင်းနဲ့ ရှည်လျား၊ နာရီလေးကလည်း လွမ်းဆွတ်ခြင်းနဲ့ ရွေ့လျား..အဲဒီ အသံနှစ်ခုနဲ့ ဆွဲယူသွားတဲ့ စကားလုံးတွေမှာ မျောပါသွားတယ်။ ကြိုက်တယ်ဆိုတာထက် ပိုတယ်ဗျာ။

    ReplyDelete
  11. အမြဲတမ်းလာလည် ပါတယ်။ ဘယ်တုန်းကမှ ခြေရာချန်မထားခဲ့ပေမယ့်။ ဒီတစ်ခါတော့ ခံစားရ လွန်းလို့ ခြေရာ ချန်ခဲ့ပါတယ်။

    ReplyDelete
  12. အသံဘာလို့ ထည့်မရတာလဲ ကို ATN
    ကိုယ့်ဘာသာ ရွတ်ကြည့်လိုက်တယ်လေ... စာ တကြောင်းတိုင်း အင်အား အပြည့်နဲ့...

    ReplyDelete
  13. အစ်ကိုရေ........
    ကဗျာလေး လာရောက်ခံစားသွားတယ်
    ရိုးရိုးလေးနဲ့ တစ်မျိုးဆန်းသစ်တဲ့ ကဗျာလေး ပါပဲ...။
    နှင်းရေ.....ဆိုလို့ လန့်တောင် လန့်သွားတယ်..... အဟိ
းp ....... ။

    ပျော်ရွှင်ချမ်းမြေ့ပါစေနော် ......
    နှင်း ( အောင်မငီး နှင်းလို့ ရေးသာရေးရတာ ခပ်လန့်လန့်ရယ် တော်ကြာ မိုက်နဲ့ လှမ်းပစ်လို့ ခေါင်းပေါက်သွားမှာ ဒွတ်ခ )
    ပြန်ပီ ပြန်ပီ အစ်ကို ရေ...... တာ့တာနော်

    နှင်း (းp)

    ReplyDelete
  14. ကဗျာမှာ အသံ ထည့်လို့ မရပေမဲ့
    ဖတ်ရသူတွေ က ခံစားလို့ ရပါတယ်လေ
    အလွန်လှပ ပြီး ဖတ်သူတိုင်း ကို ဆွေးမြေ့မှုတွေ ကူးစက်စေ နေတယ်

    အသံနဲ့ ဖတ်ပြီး ပြန်တင်ပေးလေ

    ReplyDelete
  15. ကဗျာမှာ အသံထည့်လို့မရရင် နင်းရေ ..........လို့ အားရပါးရ ကျုံးအော်ပလိုက်. အဲ ညသန်းကောင်တော့မအော်နဲ့ပေါ့. ရဲရောက်လာလိမ့်မယ်။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...