Sep 10, 2009
ကော့တေးလ်တွေပေါ် ချော်လဲတဲ့မြစ်
ကြိုးဝိုင်းထဲ စီးဝင်လာခဲ့တဲ့ မြစ်ပေါ့...
ညကို အလဲထိုးပစ်ဖို့
ကော့တေးလ်တချို့နဲ့ မိတ်ဆွေဖြစ်တယ်...
လာခဲ့စမ်း.... ဘလဒ်ဒီးမေရီ
မင့် နှင်းဆီပွင့်ချပ်တွေဟာ နီတာက နည်းနည်းပါးပါး
နတ်ဆိုးအမုန်းက ခပ်များများ...
တွေ့ရတာဝမ်းသာတယ်ဗျား... ထကီးလားဆန်းရိုက်စ်
သစ်ပင်တွေကို အသေသာ ရိုက်သတ်ပစ်လိုက်...
သည်မြို့ရိုးတ၀ိုက်မှာ နှစ်ခြိုက်စရာက နည်းနည်း
အဆင်မပြေခြင်း ကြွက်သိုက်တွေက များတယ်...
မကျေနပ်သမျှ ထည့်ဖောက်ခွဲချမယ့် ဆာကေဗုံး
ညနေခင်းတခုလုံး ပေါက်ကွဲသွား..
နေပါဦး
ကောင်းကင်ကြီးတခုလုံးကပဲ စုတ်ချက်မှားနေသလား...
ပင်လယ်ကြီးကပဲ နှုတ်ဆက်သွားလေသလား...
အော်ဟစ်မရတဲ့ လည်ချောင်းထဲ ယားလာတယ်...
တွေ့ရာ ခွက်တွေကို ဆွဲကောက်
မြို့ကြီးတမြို့လုံးကိုပါ တရစပ် သောက်ချပစ်လိုက်တယ်...
ခုတော့ သူ့အိတ်ကပ်ထဲထည့်လာတဲ့
လမင်းကြီးပါ မှောက်ကျသွားပေါ့...
ညကို သူ အလဲမထိုးလိုက်ရတော့ဘူး...
ညကလည်း သူ့ကို အလဲထိုးစရာ မလိုတော့ဘူး...
ATN
ဘလဒ်ဒီးမေရီ = ဗော်ဒဂါ + တိုမေးတိုးဂျုစ် + လိုင်းမဂျုစ်
ထကီးလားဆန်းရိုက်စ် = ထကီးလား + အောရိန်းဂျုစ် + ဆိုင်းရပ်
ဆာကေဗုံး = ဘီယာ + ဆာကေ
14 comments:
  1. အားပါတရ လာအားပေးသွားတယ်၊ ဖတ်နေရင်နဲ့တောင် ဂျော်နီလမ်းလျှောက်ချင်လာတယ်။
    လေးစားစွာဖြင့်
    ကျော်နိုင်
    ReplyDelete
  2. ကိုအောင်သာငယ် ဒီကဗျာ ကိုလဲလာဖတ်ပါတယ်.
    သူ့အိတ်ကပ်ထဲထည့်လာတဲ့
    လမင်းကြီးပါ မှောက်ကျ တော့...မသွားပါနဲ့နော်။
    လေးစားလျှက်
    မြတ်လေးငုံ
    ReplyDelete
  3. အိတ်ကပ်ထဲ ထဲ့လာတာ ..
    ခရက်ဒစ် ကဒ်လားဟင်..
    မူးမူးနဲ့ ကျပျောက်ခဲ့တာလား ..???
    ဆာကေး ဗုံး တလုံး တော့ ဆွဲသွားတယ် အကိုငယ်ရေ ..
    ရော ပြီး ရှင်းပေးလိုက်နော်..
    ( ဗော့ဒ်ဂါ လေးရော .. ထဲ့မရေးတော့ဘူးလား လို့..
    ရုရှား ကောင်တွေ စိတ်နာလို့ သောက်တော့ပါဘူး.. )
    အမလေးး .သောက်ပြီးရင် ခေါင်းကိုက်မယ်..
    ပြီးတော့ ဒီနေ့  ဥပုသ်နေ့ နော် .. အကိုငယ်ကြီး .. သောက်မနေနဲ့ တော့ .. ဟားဟား
    ရေးထားတာ မိုက်လို့
    ရောယောင် မူးသွားတယ် ။။
    ReplyDelete
  4. သည်မြို့ရိုးတ၀ိုက်မှာ နှစ်ခြိုက်စရာက နည်းနည်း
    အဆင်မပြေခြင်း ကြွက်သိုက်တွေက များတယ်...
    အဲဒါနဲ့ပဲ ကော့တေးလ်တွေ အစုံ ပင်လိမ်ကုန်ပါဦးမယ် အကိုရေ..
    ReplyDelete
  5. အစ်ကို ရေ... ကော့တေးလ် တွေနဲ့တောင် လှပတဲ့ ကဗျာတစ်ပုဒ်ဖြစ်သွားစေခဲ့တယ်နော်....။
    အစ်ကို အောင်သာငယ် မန့်သွားတာတွေ့လိုက်ရတော့
    ဒီမနက် အရမ်းတောင် ပျော်ရွှင်မိပါရဲ့ အစ်ကို........။
    ကျေးဇူး.... x တစ်သိန်း ပါနော်.....းp
    ချစ်ခင်လေးစားမှုများဖြင့်
    ညလေး နှင်း
    ReplyDelete
  6. လောကကြီးကို မကျေနပ်တဲ့ အမူးသမားလား..
    ကဗျာအားနည်းတဲ့ နန်းညီလေး ဖတ်ရင်း မူးသွားတယ်.. ဘာကော့တေးမှတောင် မလိုလိုက်ဘူး ဟီး
    ReplyDelete
  7. ဆရာသမားရေ....အရမ်းမိုက်တယ်ဗျာ....
    ReplyDelete
  8. သောက်ရင်း ရေးထားတာထင်တယ် ။ ၃ ပင်လိမ်အောင်သောက်မှတော့ လဲပြီပေါ့ ။ အိမ်တော့ပြန်ရောက်ပါတယ်နော် ကိုအောင်သာငယ် ။ :P
    ReplyDelete
  9. ကောင်းကင်ကြီးတခုလုံးကပဲ စုတ်ချက်မှားနေသလား...
    ပင်လယ်ကြီးကပဲ နှုတ်ဆက်သွားလေသလား...
    အော်ဟစ်မရတဲ့ လည်ချောင်းထဲ ယားလာတယ်...
    တွေ့ရာ ခွက်တွေကို ဆွဲကောက်
    မြို့ကြီးတမြို့လုံးကိုပါ တရစပ် သောက်ချပစ်လိုက်တယ်...
    ခုတော့ သူ့အိတ်ကပ်ထဲထည့်လာတဲ့
    လမင်းကြီးပါ မှောက်ကျသွားပေါ့...
    ဒီအပိုဒ်ကို တအားခိုက်သွားတယ် အစ်ကိုရေ အတော်ကောင်းသွားပုံရတယ် :)
    ခင်မင်လေးစားလျှက်
    ရန်ကုန်သား
    အေးမြသာယာရှိပါစေ :)
    ReplyDelete
  10. “ညကို သူ အလဲမထိုးလိုက်ရတော့ဘူး...
    ညကလည်း သူ့ကို အလဲထိုးစရာ မလိုတော့ဘူး...“
    ဧကန်န မနက်မှ နိုးလာတယ် ထင်တယ်။
    ReplyDelete
  11. ကောက်တေတွေပေါ် ချော်ကျတာတော့ ခဏခဏ အကိုရေ ..... လဲကျရင်တော့ပြန်ထရခက်တယ်ဗျ...ကိုယ်တွေ့ :P
    ReplyDelete
  12. ခေါင်းစဉ်မြင်တာနဲ့ကို ရီတီတီနဲ့
    ခွက်တွေလည်းမြင်နေရတာကိုးး))
    ReplyDelete
  13. အကိုရေ..
    အခုတလော..အကို့ကိုတခုခုဝင်ပူးများနေသလား..
    ကဗျာတွေကြောက်စရာကောင်းလောက်အောင်ကောင်းနေလိုက်တာ....
    အတွေးတွေလည်း..ရဲမြလို့...
    စတိုင်တွေလည်း သစ်လွင်လတ်ဆတ်လို့...
    နှစ်ထောင်းအားရ..
    ဖတ်ပြီးရင်းဖတ်မ၀ပါ အကို
    ReplyDelete
  14. cocktail တွေ တရစပ်သောက်ချ ပစ်လိုက်ရင်တောင် မမီလောက်အောင် အကို့ ကဗျာ ခပ်ပြင်းပြင်း က ရင်တွင်းထိရှပါပေရဲ့ ဗျား
    ReplyDelete
အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...