Sep 17, 2009

တယောက်မျက်နှာ တယောက်ကြည့်ကာ

ခုရက်ထဲ ကျနော့်ဖာသာ တိုးတိုးလေး ဆိုငြည်းနေမိတဲ့ သီချင်းပါ...

နေရစ်ခဲ့လို့... ထားခဲ့သူ...
ပြန်တွေ့ကြဖို့... မလွယ်ကူ...
တယောက်မျက်နှာကို... ကိုယ်စီတယောက်... ကြည့်ကာ... မ၀တယ်...
တွေ့ဆုံချိန်တွေ... ဝေးပြီကွယ်...

နေရစ်ခဲ့... တယောက်ထဲ... ဘ၀မှာ...
အတိတ်ရဲ့...အရိပ်တွေ... နေရာတကာ...
တယောက်မျက်နှာကို... အရင်လို... တယောက်က... ကြည့်နေဖို့ရယ်...
တွေ့ခွင့်ဆုံခွင့်... ဝေးပြီကွယ်...

ပြန်ဆုံဆည်း... နီးဖို့ရယ်..
မျှော်လင့်ချက်တွေဟာ... ရင်မှာ...
အကြိမ်ကြိမ်သာ... ဆုတောင်းရင်းနဲ့လေ...
အစဉ်ကြေကွဲရင်း... မျှော်လင့်ဆဲမှာ...

နေရစ်ခဲ့လို့... ခွဲခဲ့တာ...
ရက်စက်လှတဲ့... ကံကြမ္မာ...
တယောက်မျက်နှာကို... ထာဝစဉ်... တယောက်... ကြည့်နေခွင့်တွေ...
ခုဘ၀မှာတော့... ဝေးပြီလေ...

ပြန်ဆုံဆည်း... နီးဖို့ရယ်..
မျှော်လင့်ချက်တွေဟာ ရင်မှာ...
အကြိမ်ကြိမ်သာ... ဆုတောင်းရင်းနဲ့လေ...
အမြဲကြေကွဲရင်း... မျှော်လင့်ဆဲမှာ...

နေရစ်ခဲ့လို့... ထားခဲ့သူ...
ပြန်တွေ့ကြဖို့... မလွယ်ကူ...
တယောက်မျက်နှာကို... ကိုယ်စီတယောက်... ကြည့်ကာ... မ၀တယ်...
တွေ့ဆုံချိန်တွေ... ဝေးပြီကွယ်...
တယောက်မျက်နှာကို... ကိုယ်စီတယောက်... ကြည့်ကာ... မ၀တယ်...
တွေ့ဆုံချိန်တွေ... ဝေးပြီကွယ်...

Get this widget | Track details | eSnips Social DNA

6 comments:

  1. မကြားရတာကြာပြီဖြစ်တဲ့ သီချင်းလေးတစ်ပုဒ်..
    ကျေးဇူးပါ..
    နောက်တစ်ပုဒ်..
    အလွမ်းကဖေးကိုလဲ လွမ်းမိသွားပါတယ်..
    မန်းလေးက Shell တီးဝိုင်းကိုလဲ သတိရသွားပါတယ်..
    အချစ်ရေ...
    အသည်းကွဲမြို့တော်...
    အဟဲ..မှတ်မိသလောက် အကုန်အော်ကြည့်နေတာ..

    ReplyDelete
  2. တစ်စုံတစ်ရာ ဟာ ကြယ်တွေကြွေအောင်ပြုလုပ်ပေးနေတယ်..
    ..........
    တစ်စုံတစ်ရာရေ..
    (နှစ်စုံ တစ်ရာ့ငါးဆယ်ပဲထားပေးပါ့မယ်..)
    ဒီသီချင်းကိုလဲ လွမ်းသွားတယ်..
    (ခေတ်မှီအောင် လွမ်းပါတယ်..)

    ReplyDelete
  3. ဦးလေးကြီးရေ ချစ်သူကို လွမ်းနေချိန်လေး ဒီသီချင်းလေး နားထောင်ရတာ ကြည်နူးလိုက်တာ..

    ReplyDelete
  4. အကို့ ဖာသာ အကို တိုးတိုး လေး ဆိုငြည်းတဲ့ သီချင်း ကို ကျယ်ကျယ် လေး ဖွင့် နား ထောင် သွားပါတယ်
    နေ့လည်စာ စားရင်းပေါ့... ဂျေမောင်မောင် နဲ့ ဂျေညီညီ
    တို့ သီချင်းတွေလည်း နားထောင် ကောင်းတာတွေ အများကြီးရယ်....ကျေးဇူးပါ...

    mie nge

    ReplyDelete
  5. သီချင်းလာနားထောင်ရင်း
    တတိယအရွယ်၏ ဒွါဒဿမ ဝေဒနာ ဖွေရှာဖို့စဉ်းစား
    နေတယ်

    ReplyDelete
  6. အကို... ဘယ်သူနဲ့ ကြည့်နေတာလဲ။
    ကြည့်လို့မ၀တာ ပိန်လွန်းလို့နေမယ်။ ဟိဟိ

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...