Sep 24, 2009

၄၀ ဆိုပဲ

ဘာမှတော့ မဟုတ်ပါဘူး။ ဟိုသည် လျှောက်ကြည့်ရင်းနဲ့ သွားတွေ့လာတာပါ။ ကျနော့် ဘလော့က ထိပ်ဆုံး မြန်မာ ဘလော့ ၅၀ (Top 50 Myanmar Blogs) ထဲမှာ အမှတ်စဉ် ၄၀ ဆိုပါလား။ မယုံနိုင်စရာနော်။ ဘယ်လိုလုပ် အဲသည်ထဲ သွားပါနေတယ် မသိ။ ကိုယ်က ရေးချင်ရာ လျှောက်ရေးနေတာ။ စိတ်ဝင်စားရင် သည်မှာ သွားကြည့်ပါ။ ဘာတွေလဲတော့ မသိဘူး။ ဘာလို့လဲတော့ မသိဘူး။ ၄၀ ဆိုတော့လည်း ကိုယ့်အတွက် နိမိတ်ကောင်းပေါ့လေ။ လေးနေတာတွေကို ဆယ်လိုက်ပြီပေါ့။

ပြီးတော့လည်း ကိုယ့် မောင်နှမတွေ ဖြစ်တဲ့ ကျနော်တို့ အမကြီး မမကွန်က ၁၄၊ ကျောက်ခဲ သေးသေးလေး ချိုသင်းက ၂၀၊ မငြိမ်းက ၂၁၊ ညီငယ် ကိုပေါက ၂၂၊ ညီမငယ် မ၀ါက ၂၉၊ ညီမငယ် နေနေနိုင်က ၃၃၊ မခင်မင်းဇော်က ၃၄ တဲ့။ ၀မ်းသာပါတယ်။ ပြီးတော့ ကျနော်တို့နောက် မောင်နှမ ၃ ယောက်က ဆက်တိုက် ကပ်လျက်ဗျ။ ညီမငယ် မကေက ၃၉ တဲ့။ ကျနော်က ၄၀။ ညီမ မမွန် (သုနှင်းဆီ) က ၄၁။ ၃ ယောက်လုံး အထက်အောက် ကပ်လျက်...း) ညီငယ် ကလိုစေးထူးက ၄၄၊ ညီငယ် ZT (ဖူးနုသစ်)က ၄၇၊ ညီမငယ် မပန်ကတော့ ၄၉။ ဘာပဲဖြစ်ဖြစ် ချစ်ခင်ရတဲ့ မောင်နှမတွေ စာရင်းထဲမှာ အတူတကွ ပါနေတော့ ပျော်ရွှင်မိတာ အမှန်ပါပဲ။

4 comments:

  1. ကိုလူထွေးSeptember 24, 2009 at 9:48 AM

    ကွန်ဂရက်ကျူလေးရှင်း ကိုအောင်သာငယ်...းD

    ၄၀ ဆိုတာကို ပြုံးပြုံးကြီးနဲ့ ဖတ်နေမယ့် အကိုကြီးကို မြင်ယောင်မိပါတယ်...

    လေးနေတာကို ဆယ်လိုက်ပါ
    ဆွေးဝေဒနာကို ဖယ်လိုက်ပါ... ပြီးရင်
    သေးနေတာကို ကျယ်လိုက်ပါ...

    (ကာရံမိအောင် ရေးမိရေးရာရေးပါသည်)

းဝ)

    ReplyDelete
  2. ပျော်စရာကြီးနော်။
    အကို၊ အမကြီးများနဲ့ ထပ်တူ ၀မ်းသာဂုဏ်ယူမိပါတယ်။

    ReplyDelete
  3. ဂုဏ်ယူပါတယ်ရှင်
    ကိုယ်နှစ်သက်တဲ့ ဘလော့ က ထိပ်ဆုံး ၅၀ ထဲမှာ ပါနေတယ် ဆိုလို့

    keep it up!!!

    Best Regards
    (mama)

    ReplyDelete
  4. အသက်လည်း ၄၀ ကျော်ပြီပေါ့။ မငယ်တော့ဘူးနော်...

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...