Sep 22, 2009

သွားဖတ်ကြဖို့ဘလော့အသစ်တခု

ကျနော့်ရဲ့ ကျောက်ခဲကြီး... အဲ... အကိုကြီး တယောက်ပါ... (ဘူမိကဆိုတော့ အချင်းချင်း ကျောက်ခဲလို့ ခေါ်နေကြမို့...း) ဘလော့တကာလည်ပြီး ဖတ်နေတာ ၂ နှစ် ကျော်ပြီ။ ခုတော့ သူ့ ညီမငယ် (တကယ်တော့ နံမည်ကျော် ဘလော်ဂါ မမကြီးပါ...း) တယောက်က မြှောက်ပေးတာနဲ့ သူလည်း သူ့ရဲ့ ဘ၀အတွေ့အကြုံ အစုံစုံ အဖုံဖုံကို ရင်တွေခုန်အောင် ပြန်လည် ဖောက်သည်ချချင်နေတာနဲ့ တိုက်ဆိုင်သွားတော့ ဘလော့ တခုနဲ့ စာတွေ စပြီး ရေးနေပါသဗျား... သူ့စာတွေကလည်း နောက် ကျောက်ခဲ အသေးလေး တလုံးဖြစ်တဲ့ မိုးချိုသင်းရဲ့ စာတွေလို ဖတ်လိုက်မိတိုင်း နှလုံး စိတ်ဝမ်း ငြိမ်းချမ်းစေပါတယ်။ ဒါကြောင့် မို့လို့ စာဖတ်သူတွေ၊ မိတ်ဆွေ သူငယ်ချင်းတွေ၊ ညီအကို မောင်နှမတွေ အားလုံးကို သွားရောက် ဖတ်ရှုကြဖို့ ကျနော်က မေတ္တာနဲ့ အခမဲ့ ကြော်ငြာ ထည့်ပေး လိုက်ရပါတယ်။ သွားရောက်လည်ပတ် ဖတ်ရှုပြီး နှုတ်ဆက် အားပေးလိုက်ကြပါဦး။ ကျနော့် အကိုကြီးက အရမ်း သဘော ကောင်းပါတယ်။

သူ့ဘလော့ နံမည်ကတော့ “ရွှေရတုမှတ်တမ်း” ပါတဲ့.. ရွှေရတုဆိုတော့ စဉ်းစားသာ ကြည့်ကြပေတော့ဗျာ...း)

11 comments:

  1. ကြော်ငြာမထိုးခင်ကတည်းက ရောက်ပြီးသွားပြီခင်ဗျ :P

    ReplyDelete
  2. ရောက်ပြီးစ် ကြောင်း

    ReplyDelete
  3. ငါ့အကို ညွန်းပြီးဆိုတော့ တော်တော်လေး ကောင်းရမယ်း) အဟေးဟေးးးးး အသစ်ကို သွားကြိုဆိုလိုက်ဦးမယ်း)

    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  4. သွားလည်ပြီးပြီ :)

    ReplyDelete
  5. အကိုကြီးရဲ့ အကိုကြီးပါဆိုမှတော့ ရွှေရတုမှတ်တမ်းပဲ
    ဖြစ်ရတော့မှာပေါ့လေ.. :)

    ReplyDelete
  6. ဟုတ်ကဲ့ သွားလည်လိုက်ပါအုန်းမယ်၊ ဒါနဲ့စကားမစပ် ကြော်ငြာခကဘယ်လိုယူလဲဆိုတာသိပါရစေရှင်

    ReplyDelete
  7. ရောက်ပြီးပြီဗျ...

းဝ)

    ReplyDelete
  8. ကျောက်ခဲ အသေးလေးတလုံးဆိုလို့ တို့ ကိုကြီးကို ပိုခင်သွားပြီ။ အသေးလေးဆိုတော့ ပိန်တဲ့ သဘောပေါ့နော်..နော်..;D

    ရွှေရတု ကျောက်ခဲ အကြီးကြီးဆီကို အကိုမပြောခင်ကတည်းက သွားလည်ပစ်လိုက်ပြီ။ သူ ဆိုင်ထိုင်တာတွေ ရေးထားတာ ရီလိုက်ရတာ။ သူ့ဆီက ပညာတွေ သွားလေ့လာသင်ယူနေပါကြောင်း။

    ReplyDelete
  9. ခု သွားနေပါပြီ...

    ReplyDelete
  10. mirror ပြောသလို.. အကိုကြီး ရဲ့ အကိုကြီးမို့..ရွှေရတု ဆိုတာ..သဘောကျသွားတယ်။း)
    အကိုကြီးကြီး လို့ ခေါ်ရင်ကောင်းမလားဘဲ..
    ကျောက်ခဲ အကြီးကြီးပေါ့..boulder ကြီး..

    ReplyDelete
  11. သွားဖတ်ပြီးပါပြီ။

    ReplyDelete

အမှတ်တရပဲ ဖြစ်ဖြစ်... ထင်မြင်တာလေးတခုခုပဲ ဖြစ်ဖြစ်... စာမူခလေးလို ပေးခဲ့ရင် အထူးကျေးဇူးတင်ပါ့မယ်ဗျား...